လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းက ကိုယ်ခံအားကိုကျစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 19, 2020 . 2 mins read
Share now

Hello ဆရာဝန်ပရိသတ်ကြီးထဲမှာ ခန္ဓာကိုယ်အချိုးအစားလှပချင်လို့ဆိုပြီး တစ်ရက်မပျက် Gym သွားပြီးလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေသူတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်ဖို့လိုမယ်ထင်ပါတယ်နော်။

ဒီအချက်တွေကြောင့်ဖျားနာနိုင်ပါတယ်

လူတစ်ယောက်က ဒီအချက်တွေကြောင့်ဖျားနာနိုင်ပါတယ်။

လေ့ကျင့်ခန်း နဲ့ ကိုယ်ခံအား

အရင်ဆုံး သုတေသနတွေ့ရှိချက်လေးတွေအကြောင်းပြောပြပေးမယ်နော်။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ ကိုယ်ခံအားတို့ကြားက ဆက်စပ်မှုကိုလေ့လာခဲ့တဲ့အခါမှာတော့နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်တာက ကိုယ်ခံအားကို ကျစေနိုင်ပြီး ဖျားနာတာမျိုးဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေကို သန်မာစေနိုင်တယ်။ နှလုံးကျန်းမာပြီး ခန္ဓာကိုယ်ကို သန်စွမ်းစေနိုင်တယ်ဆိုပေမယ့် အမြဲတမ်းနဲ့ အလွန်အကျွံ လုပ်မယ်ဆိုရင်တော့ ကိုယ်ခံအားပေါ်မှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ တစ်နေ့တာလုံးမှာ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့နေရသူတွေက အအေးမိတုပ်ကွေးဖြစ်နိုင်ခြေပိုများတယ်ဆိုတာကိုပြောနေစရာတောင်မလိုအောင်ပါ။

လူတစ်ယောက်ဟာ နာရီဝက်လောက် ဆက်တိုက်လေ့ကျင့်ခန်းတွေကိုပြင်ပြင်းထန်ထန်လုပ်မယ်ဆိုရင် ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်နိုင်စွမ်းက ယာယီကျဆင်းသွားနိုင်ပါတယ်။လေ့လာမှုတွေအရကတော့ လေ့ကျင့်ခန်းတွေကိုပြင်းပြင်းထန်ထန်လုပ်တဲ့အခါ ခန္ဓာကိုယ်ကဟော်မုန်းတွေကိုထုတ်လုပ်ပေးတဲ့အတွက် ကိုယ်ခံအားယာယီကျဆင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။

မကြာသေးခင်ကလေ့လာမှုတွေအရ လူတစ်ယောက်နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုပမာဏက အသက်ရှူလမ်းကြောင်းကနေတဆင့်ရောဂါပိုးတွေ ကူးစက်ခံရနိုင်မှု၊ အအေးမိတာ၊ ဖျားနာတာနဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်မှုတို့အပေါ်မှာ တိုက်ရိုက် အချိုးကျနေပါတယ်။ လူတော်တော်များများယူဆထားတာက နေ့တိုင်း လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အအေးမိဖျားနာမှုကနေ ခပ်ကင်းကင်းနေနိုင်မယ်လို့ပေါ့။ တကယ်တော့ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ လိုအပ်တဲ့ပမာဏထက်ကျော်ရင်တော့ပြဿနာရှိစမြဲပါ။

စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေလို့သိကြတဲ့ ကော်တီစော နဲ့ အက်ဒရီနယ်လင်ဟော်မုန်းတွေက သွေးတိုးစေနိုင်သလို သွေးတွင်းကိုလက်စထရာပမာဏကိုမြင့်တက်စေနိုင်ပြီး ကိုယ်ခံအားနည်းစေနိုင်ပါတယ်။ လေ့ကျင့်ခန်းကို မလုပ်ရဘူးလို့မဆိုလိုပါဘူး။ အရာရာကတန်ဆေးလွန်ဘေးဆိုသလိုပေါ့။  နေ့စဉ်ကို တစ်နာရီခွဲလောက်နှုန်းနဲ့ တစ်ပတ်လုံးကိုပြင်းပြင်းထန်ထန်လေ့ကျင့်မှုတွေလုပ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က ခံနိုင်ရည်နည်းသွားတာမျိုးဖြစ်ပြီး မလိုအပ်ဘဲ ဖျားနာမှုကို ခံစားရမှာဖြစ်ပါတယ်။ တကယ်ကို ကျန်းမာလှပချင်တယ်ဆိုရင် တစ်ပတ်တာမှာ တစ်နေ့ကို ၄၅ မိနစ်လောက်နှုန်းနဲ့ တစ်ပတ်မှာ ၅ ရက်လောက်ပဲလုပ်ပေးရင်ကို အဆင်ပြေနေပါပြီ။ ပုံမှန်အားဖြင့်တော့ ဖျားချင်သလိုဖြစ်လာတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ပေးပြီး ချွေးလေးထွက်အောင်လုပ်ပေးမယ်ဆိုရင် နေလို့ကောင်းသွားတာ အသေအချာပါ။

တကယ်လို့ သင့်အနေနဲ့ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်နေတာမဟုတ်ဘဲ ဖျားချင်သလိုလိုဖြစ်တယ်၊ နှာစေးတာမျိုးဖြစ်မယ်ဆိုရင်တော့လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ သင်နဲ့ ဓာတ်မတည့်တာတစ်ခုခုရှိနေတာမျိုး ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသကြည့်သင့်ပါတယ်။

ကျန်းမာစေဖို့ လေ့ကျင့်ခန်းလုပ်ဆောင်သင့်တဲ့ အတိုင်းအတာ

လေ့ကျင့်ခန်းလုပ်တာက နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေနိုင်သလို အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဒါတွေအပြင်လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်မှာ အခုလိုပြောင်းလဲမှုတွေဖြစ်လာနိုင်ပါသေးတယ်။

  • အဆုတ်နဲ့လေပြွန်တစ်လျှောက်က ဘက်တီးရီးယားတွေကို ခန္ဓာကိုယ်ပြင်ပကိုရောက်ရှိအောင်လုပ်ဆောင်ပေးနိုင်တယ်။
  • သွေးဖြူဥဆဲလ်တွေဖြစ်ပေါ်စေနိုင်တယ်။
  • ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။
  • စိတ်ဖိစီးမှုကိုကျဆင်းစေတယ်။
  • ကိုယ်ခံအားကောင်းစေနိုင်တယ်။
လေ့ကျင့်ခန်းလုပ်တာက ကောင်းမွန်တဲ့အလေ့အထဆိုပေမယ့် အလွန်အကျွံတော့မဖြစ်သင့်ပါဘူး။ ကိုယ်ခံအားကိုကောင်းစေနိုင်တဲ့အဆင့်လောက်ပဲလုပ်သင့်ပါတယ်။ အပေါ်မှာပြောပြခဲ့တဲ့ အကျိုးကျေးဇူးတွေရရှိစေဖို့ လုပ်ဆောင်ပေးသင့်တဲ့လေ့ကျင့်ခန်းအတိုင်းအတာကတော့
  • တစ်ရက်ကို နာရီဝက်၊ ၄၅ မိနစ်နှုန်းလောက်နဲ့ တစ်ပတ်ကို ၃ ကြိမ် ကနေ ၅ကြိမ်လောက် စက်ဘီးနင်းမယ်
  • နေ့တိုင်း မိနစ် ၂၀ ကနေ နာရီဝက်လောက် လမ်းလျှောက်မယ်
  • နှစ်ရက်ခြားတစ်ခါ Gym သွားမယ်
  • နေ့တိုင်းဂေါ့ဖ် ရိုက်မယ်
  • နေ့တိုင်း နာရီဝက်လောက်အေရိုးဗစ်ဆော့မယ်
  • တစ်နေ့ကို ၄၅ မိနစ်လောက်ယောဂဆော့မယ်။

ဒါတွေအပြင်လေ့ကျင့်ခန်းလုပ်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်သန့်ရှင်းရှင်းထားဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ဖို့၊အာဟာရပြည့်ဝအောင်စားသုံးဖို့၊ စိတ်ဖိစီးမှုခပ်ကင်းကင်းနေဖို့လည်း မမေ့ဖို့ပြောပါရစေနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ မျှော်လင့်ချက်မထားရင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည် သဘောပေါက် လက်ခံပေးတာဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read