သကြားမုန်လာ သကြားမုန်လာမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာပါဝင်နေသလို နိုက်ထရိတ်ဒြပ်ပေါင်း ပါဝင်တာကြောင့် ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုကို တိုးစေနိုင်ပါတယ်။ အဆိုပါ နိုက်ထရိတ်ဒြပ်ပေါင်းက သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေပြီး သွေးတွင်းအောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကို တိုးစေနိုင်တာကြောင့် သွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် တာဝန်ယူလုပ်ဆောင်ပေးတဲ့ ဘီတာကယ်လ်ရိုတင်းကြွယ်ဝစွာ ပါဝင်နေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အပင်ထွက်ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ glutathione လည်း ကြွယ်ဝပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်အနှံ့သွေးစီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ မနက်ခင်းဘာမှမစားခင်မှာ မုန်လာဥနီဖျော်ရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီးသောက်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်သောက်ပေးမယ်ဆိုရင် သွေးပေါင်ကျတာ သက်သာစေမှာပါ။
သံပရိုသီးက သွေးတိုးတာအတွက်ရော၊ သွေးပေါင်ကျတာအတွက်ပါ အသုံးတည့်တဲ့ သဘာဝအသီးအနှံတစ်ခုပါ။ ကိုယ်တွင်းမှာ ရေဓာတ်နည်းသွားတဲ့အခါသွေးပေါင်ကျတာဖြစ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ သံပရိုသီး၊ သကြားအနည်းငယ်နဲ့ ဆားအနည်းငယ်ကို ရောစပ်ပြီး ထည့်သွင်းစားသုံးမယ်ဆိုရင် အသည်းလုပ်ဆောင်မှုကို ကောင်းစေပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို ခန္ဓာကိုယ်မှာ သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေနိုင်ပါတယ်။
ရွှေညိုရောင်သန်းနေတဲ့ အခွံမာသီးတစ်မျိုးဖြစ်တဲ့ အယ်လ်မွန်စေ့က သွေးပေါင်ကျတာကို သက်သာစေနိုင်သလို နှလုံးကျန်းမာစေနိုင်ပါတယ်။ အယ်လ်မွန်စေ့မှာ biotin၊ ဗီတာမင် E၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ဖလေဗာနွိုက်တို့ ပါဝင်နေပြီး သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်သလို နှလုံးကျန်းမာစေပြီး ကိုယ်တွင်းသွေးစီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အားပြည့်စေပြီး သွေးပေါင်မကျအောင် ထိန်းညှိပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။