backup og meta

သွေးတိုးကျစေတဲ့ဆား


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးကျစေတဲ့ဆား

    သွေးတိုးကျစေတဲ့ဆား

    ဆရာဝန်တွေအနေနဲ့ဆားကိုသင့်တင့်မျှတစွာထိန်းစားခြင်းကသွေးတိုးကို လျော့ကျစေတယ်လို့သိထားကြပါတယ်။ ကျွန်တော်တို့စားနေကျးစရာတွေမှာပါတဲ့တခြားဆိုဒီယမ်မဟုတ်တဲ့ဓါတ်တွေက သွေးတိုးကျစေတယ်ဆိုတာကိုတော့သိသူနည်းပါတယ်။ ပိုတက်ဆီယမ်ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ဓါတ်ကြွယ်ဝတဲ့စားစရာတွေကသွေးတိုးလျှော့ချပေးပါတယ်။

    လူတိုင်းကဆားလျှော့စားခြင်းက သွေးတိုးကျစေတယ်လို့သိထားကြပါတယ်။ သိပ်မကြာခင်ကဘဲဒီအချက်မှာအငြင်းပွားစရာလေးတွေနည်းနည်းရှိလာပါတယ်။ တချို့လူတွေကဆား/ဆိုဒီယမ်ဒဏ်ကို သူများထက်ပိုပြီးမခံနိုင်ဖြစ်တတ်ကြပါတယ်။ နောက်ပြီးသွေးတိုးကိုသက်ရောက်မှုရှိတဲ့တခြားဓါတ်တွေလည်းရှိပါသေးတယ်။ဥပမာ – ပိုတက်ဆီယမ်၊ကယ်လ်ဆီယမ်၊မက်ဂနီဆီယမ်တို့ပဲဖြစ်ပါတယ်။

    လေ့လာမှုတွေအရဆိုဒီယမ်စားသုံးမှုများတဲ့လူတွေမှာ သွေးတိုးရှိကြောင်းပြပါတယ်။ ဒါကအသက်ကြီးလေပိုဖြစ်လေဖြစ်ပါတယ်။ တချို့ဆား/ဆိုဒီယမ်လုံးဝမစားသုံးတဲ့လူမျိုးတွေက သွေးတိုးရှိသူတော်တော်နည်းတာတွေ့ရပါတယ်။ အဲဒီလူတွေကအဝလွန်ခြင်းမရှိအရက်လည်းမသောက်သလိုကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ကြပါတယ်။ ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှဆားရဲ့ဆိုးကျိုးသက်ရောက်မှုကလည်းတိုးလာပါတယ်။ ထို့ကြောင့် ဆားလျော့စားရမည်ဟူသောထုံးကိုသမ္မာကျမ်းစာအမှန်တရားကဲ့သို့လက်ခံကျင့်သုံးလာခဲ့သည်။ ထူးဆန်းစွာပင် မကြာသေးမီကအမေရိကားနိုင်ငံမှလေ့လာစမ်းသပ်မှုများအရဆားကိုလျော့စားခြင်းသည် အသက်တိုစေသည်ဟုဆိုသည်။ ထို့ပြင်ဆားကိုအလွန်အကျွံလျော့စားသူများသည် သွေးတိုးပင် ဖြစ်လာနိုင်သည်ဟုဆိုသည်။

    ကယ်လ်ဆီယမ် ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်

    ဆိုဒီယမ်တစ်ခုဘဲ သွေးတိုးရောဂါအပေါ်သက်ရောက်မှုရှိတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်မက်ဂနီဆီယမ်နဲ့ပိုတက်ဆီယမ် တွေက သွေးတိုးနှုန်းကိုပုံမှန်လည်ပတ်နိုင်ဖို့ကူညီပါတယ်။ သူတို့ရဲ့သက်ရောက်မှုကတော့အကောင်းဘက်ကပါ။ ဒီဓါတ်တွေကသင့်အစားအသောက်ထဲမှာပါမယ်ဆိုရင်သူတို့က သွေးတိုးကိုလျှော့ချပေးနိုင်ပါတယ်။ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့စားစရာတွေကလည်း သွေးတိုးကို လျှော့ချပေးနိုင်တယ်လို့လေ့လယမှုတွေကဆိုထားပါတယ်။ ဒါပေမယ့်လေ့လာမှုတွေအရအပေါ်ကပြောသွားတဲ့ဓါတ်တွေအာဟာရတွေကို ဆေးအနေနဲ့ထုတ်လုပ်တဲ့အခါအစားအသောက်မှာပါတဲ့ဓါတ်တွေလောက်သွေးတိုးကိုမထိန်းချုပ်နိုင်ဘူးလို့ဆိုပါတယ်။

    ကယ်လ်ဆီယံ

    ကယ်လ်ဆီယမ်မှာအရိုးသန်မာစေတဲ့အချက်အပြင်တခြားကျန်းမာရေးကိုအထောက်အကူပြုတာတွေအများကြီးရှိပါသေးတယ်။ ကယ်လ်ဆီယမ်ပါဝင်တဲ့အစားအစာတွေကိုစားတဲ့သူတွေမှာ သွေးတိုးကျကြောင်းအဝလွန်မှုမရှိ၊အဆီပိုမရှိ၊ဆီးချိုမရှိကြောင်း တွေ့ရပါတယ်။DASH စားသောက်မှုပုံစံ (ဆီးချိုသမားများအတွက်ဆီးချိုထိန်းစားသောက်မှုပုံစံတစ်မျိုး)ကတစ်ရက်ကိုအဆီပါဝင်မှုနည်းတဲ့စားစရာတွေကိုပဲစားသောက်စေပါတယ်။ လူတစ်ယောက်ကတစ်ရက်ကိုကယ်လ်ဆီယမ်1200 mg ရအောင်အဆီမပါတဲ့နို့ထွက်ထုတ်ကုန်တွေကိုနှစ်ခါမှသုံးခါစားသင့်ပါတယ်။

    နို့ထွက်ထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေကအရမ်းအံ့သြဖို့ကောင်းပါတယ်။ သင့်ရဲ့စားသောက်မှုပုံစံထဲကိုနို့ထွက်ထုတ်ကုန်တွေထည့်စားတာသင့်အတွက်အရမ်းကိုအကျိုးရှိစေမှာပါ။ လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်ကအမေရိကန်မှာနို့သောက်သုံးမှုသိသိသာသာလျော့နည်းလာပါတယ်။ လေ့လာသူတွေကဒီအချက်ဟာအဝလွန်ခြင်းနဲ့သွေးတိုးရောဂါများလာခြင်းတို့နဲ့ဆက်စပ်နေတယ်လို့ဆိုပါတယ်။ တစ်ခုအရေးကြီးတာကအဆီပါဝင်မှုနည်းတဲ့နို့ထွက်ထုတ်ကုန်တွေကို ရွေးပါ။ နို့ထွက်ထုတ်ကုန်တွေထဲမှာပါတဲ့အဆီက high saturated fat ဖြစ်ပါတယ်။ အဆီမပါတဲ့နို့၊အဆီပါဝင်မှုနည်းတဲ့ဒိန်ခဲ၊အဆီမပါတဲ့ဒိန်ချဉ်တွေကသင့်စားသောက်မှုပုံစံအတွက်အသင့်တော်ဆုံးပါ။ တကယ်လို့အဆီမပါတဲ့နို့ကသင့်အတွက်အရသာမရှိဘူးဆိုရင်အဆီလျှော့ထားတဲ့နို့ကိုပဲ သောက်ပါ။ သူကအဆီမပါတဲ့နို့ထက်ပိုဖြူပြီးအရသာပိုပါတယ်။

    တကယ်လို့သင်ကlactose (နွားနို့တွင်တွေ့ရသောသကြားတစ်မျိုး) နဲ့မတည့်ဘူးဆိုရင်lactose မပါတဲ့နို့ကိုသောက်ပါ၊ဒါမှမဟုတ်lactose ကို ချေဖျက်တဲ့ enzyme ဆေးပြားသောက်ပါ။ ဒိန်ချဉ်မှာကတော့lactose ကနို့ကနေဒိန်ချဉ်အဖြစ်ကိုပြောင်းပေးတဲ့ ဘက်တီးရီးယားတွေကဲ့ ချေဖျက်ပြီးသားဖြစ်တဲ့အတွက်ရွေးချယ်သောက်သုံးသင့်ပါတယ်။ ဒိန်ခဲတွေမှာလည်းlactose ပါဝင်မှုနည်းပါတယ်။ တကယ်လို့သင်ကနို့ကိုရှောင်ရမယ်ဆိုရင် vitamin D ထပ်ဖြည့်ထားတဲ့ဒိန်ချဉ်ဒါမှမဟုတ်multivitamin ဆေးကို သောက်သုံးနိုင်ပါတယ်။ Vitamin D ကကယ်လ်ဆီယမ်ကိုစုပ်ယူဖို့အရေးပါတဲ့အရာဖြစ်ပြီးသူ့ကိုဒိန်ချဉ်နဲ့ဒိန်ခဲတွေမှာမတွေ့ရပါဘူး။

    ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့အသီးအရွက်တွေလည်းရှိပါတယ်။ ပဲနို့ကလည်းကယ်လ်ဆီယမ်ပါဝင်တဲ့အတွက် သောက်သုံးသင့်ပါတယ်။

    ပိုတက်ဆီယမ်

    လေ့လာမှုအဖွဲ့အစည်းကြီးတစ်ခုကပိုတက်ဆီယမ်ကလည်း သွေးတိုးကျစေတယ်လို့ဆိုထားပါတယ်။ တချို့လူတွေကပိုတက်ဆီယမ်လုံလုံလောက်လောက်မရပါဘူး။DASH စားသောက်မှုပုံစံရဲ့အားသာချက်တစ်ခုကပိုတက်ဆီယမ်စားသုံးမှုကိုတိုးစေပြီးဆိုဒီယမ်စားသုံးမှုကိုလျော့စေပါတယ်။DASH စားသောက်မှုပုံစံထဲမှာအသီးနဲ့ဟင်းသီးဟင်းရွက်များများပါဝင်တာကြောင့်ပိုတက်ဆီယမ်ကိုလုံလုံလောက်လောက်ရစေပါတယ်။

    ပိုတက်ဆီယမ်ကကိုယ်ထဲကိုမလိုအပ်တဲ့အရည်တွေကိုပယ်ထုတ်ပြီးနှလုံးအရမ်းအားစိုက်ခုန်စရာမလိုအောင်ကူညီပေးတဲ့အတွက် သွေးဖိအားကိုကျစေပါတယ်။ သူကနှလုံးခုန်ပုံမှန်ဖြစ်စေဖို့အတွက်လည်းအရေးကြီးပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာပါတဲ့စားစရာတွေကအထူးသဖြင့်အသီးအရွက်တွေပဲဖြစ်ပါတယ်။ဥပမာ – လိမ္မော်သီး၊ငှက်ပျောသီး၊ခရမ်းချဉ်သီး၊အာလူးတို့ပဲဖြစ်ပါတယ်။

    တချို့လူတွေက သွေးတိုးကုသနေချိန်မှာ သောက်ရတဲ့ဆေးတွေကိုပိုတက်ဆီယမ်ကအဟန့်အတားဖြစ်နေနိုင်တဲ့အခါဆရာဝန်ကပိုတက်ဆီယမ်စားသုံးမှုကိုကန့်သတ်ပေးပါလိမ့်မယ်။ ပိုက်ဆီယမ်ကကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်ဆရာဝန်စကားအတိုင်းသာလိုက်နာပါ။ မိမိစားသုံးနေတဲ့ DASH စားသောက်မှုပုံစံကိုလည်းဆရာဝန်နဲ့ဆွေးနွေးပါ။

    မက်ဂနီဆီယမ်

    မက်ဂနီဆီယမ်ကလည်း သွေးတိုးကိုထိန်းညှိပေးပါတယ်။ အစေ့အဆံ တွေကမက်ဂနီဆီယမ်ကြွယ်ဝတဲ့စားစရာတွေပါ။ ဒါ့အပြင်တချို့အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေကလည်းမက်ဂနီဆီယံကြွယ်ဝပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement