၃.Coffee ကိုလည်းချင့်ချိန်သောက်ပါ။
Coffee မှာပါတဲ့ကဖိန်းဓါတ်သင့်သွေးထဲကသကြားဓါတ်ကိုမြင့်တက်စေရုံသာမက သွေးတိုးလည်းတက်စေပါတယ်။ အာဟာရနဲ့ဆီးချိုအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Torey Jones Armul ကကဖိန်းဓါတ်ကိုတစ်ရက်၂၀၀ မီလီဂရမ် အထိပဲကန့်သတ်ထားဖို့ပြောပါတယ်။ ဒီပမာဏက ကော်ဖီ နှစ်ခွက်စာပမာဏပါ။
၄.အစေ့အဆံနဲ့ဆန်ညိုကဲ့သို့ Whole grain တွေများများစားပါ။
Whole grain တွေက ဗီတာမင် နဲ့ သတ္တုဓါတ် ကြွယ်ဝပြီး အမျှင်ဓါတ် လည်းပါဝင်တဲ့အတွက်သင့်ကိုဗိုက်ပြည့်စေတဲ့အပြင် သွေးထဲကသကြားပါဝင်မှုနှုန်းကိုလည်းထိန်းညှိပေးပါတယ်။Whole grain တွေကိုတစ်ရက်၃ကြိမ်မှ၅ကြိမ်အထိစားပါ။
၅.ငှက်ပျောသီးစားပါ။
ငှက်ပျောသီးတွေက ပိုတက်ဆီယမ် ပါဝင်မှုမြင့်မားပါတယ်။ ငှက်ပျော်သီးသားမကဘဲသခွားမွှေးသီး၊ broccoli ၊မုန်လာဥနီ၊ပဲနီလေး၊ဂျူံပေါင်မုန့်များနဲ့အစေ့အဆံတွေကလည်း ပိုတက်ဆီယမ် ပါဝင်မှုများပါတယ်။
Marina Del Rey ဆေးရုံက အစားအသောက်ဒါရိုက်တာ Lauren Elkins ကလည်း “ပိုတက်ဆီယမ် က sodium ရဲ့ဆိုးကျိုးတွေကို လျှော့ချပေးတဲ့အပြင် သွေးတိုးကိုလည်းထိန်းချုပ်ပေးတယ်” လို့ပြောပါတယ်။
တကယ်လို့သင့်မှာ ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါရှိနေရင်တော့ ပိုတက်ဆီယမ်များများစားတာကမကောင်းပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးကန့်သတ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။