backup og meta

သွေးတိုးတက်စေနိုင်တဲ့ လက်နက်ပုန်းတွေ သင်သတိထားမိရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးတက်စေနိုင်တဲ့ လက်နက်ပုန်းတွေ သင်သတိထားမိရဲ့လား

    အငန်များတာတွေမစားပါနဲ့ ဆိုလို့ ဟင်းထဲ ဆားလျှော့ချက်တယ်။ ငါးပိ၊ငါးခြောက် မစားဘူး၊ အငန်လျှော့စားတယ်ဆိုပေမယ့်သွေးပေါင်တက်နေတုန်းပဲ။ ဆိုတော့သွေးပေါင်တက်စေတဲ့ တရားခံတွေကရှိနေတာသေချာပါပြီ။နေထိုင်မှုပုံစံနဲ့ စိတ်ဖိစီးမှုကလွဲရင် အစားအသောက်ကို အရင်ဆင်ခြင်ရမှာပါပဲ။ ကိုယ် စားနေတဲ့ အစားအသောက်တွေထဲက ကိုယ်မသိလိုက်တဲ့ အငန်ဓါတ်များတာတွေပါနေနိုင်ပါတယ်။

    ပေါင်မုန့်

    ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓါတ်ပါဝင်မှုမြင့်မားပြီး ခွန်အားပြည့်စေတာကြောင့် အရေးပါတဲ့အာဟာရတစ်ခုပါ။ ဒါပေမယ့် ပေါင်မုန့်တွေက အရသာငန်မနေရင်တောင် အငန်ဓါတ်ပါဝင်မှုနဲ့ဆိုဒါတွေကြောင့်သွေးဖိအားမြင့်တက်စေနိုင်ပါတယ်။ သကြားလျှော့၊ အငန်လျှော့တဲ့ ပေါင်မုန့်တွေကလွဲလို့ ဈေးကွက်မှာဖြန့်ချိထားတဲ့ပေါင်မုန့်အများစုမှာတော့ ထုတ်လုပ်မှုမှာတည်းက ဆားပါဝင်မှုများတတ်ပါတယ်။

    ပီဇာ

    ပေါင်မုန့်လိုပဲ ပီဇာမှာ အငန်ဓါတ်ပါဝင်မှုများပါတယ်။ အငန်လျှော့စားနေတဲ့သူတစ်ယောက်ဆိုရင်တော့ ပီဇာကိုပါရှောင်ပါတော့။ ခရမ်းချဉ်သီးအနှစ်တွေနဲ့ ဆော့စ်အတော်များများမှာ အငန်ဓါတ်များတယ်(အကင်ဆော့စ်ဆိုပိုဆိုးပါတယ်)၊ ချိစ်မှာလည်း အငန်ပါတယ်၊ ပီဇာမှာထည့်တဲ့ toppingတွေ(ပြုပြင်စီမံထားတဲ့ အသားပြား/ကြက်အူချောင်းစတာတွေပါဝင်နိုင်)မှာလည်း အငန်ဓါတ်က ပါနေမှာဆိုတော့ ပစ်မလွဲတရားခံဖြစ်နေပါတယ်။

    အေးခဲအသား

    စူပါမားကတ်တွေမှာရေခဲရိုက်ပြီး ကြာကြာထားထားတဲ့အသားတွေ၊ဈေးထဲကရေခဲရိုက်ငါးတွေမှာ အငန်ပါနေတတ်ပါတယ်။ ဆားသိပ်မထည့်ဘဲ ငန်နေတတ်တဲ့ ငါးတွေ စားဖူးကြတယ်မဟုတ်လား။နောက်တစ်ခုကပြုပြင်စီမံထားတဲ့ ကြက်အူချောင်း၊ဟော့ဒေါ့၊ အသားပြားတွေ၊ နိုင်ငံခြားကဝင်တဲ့ အသားတွေ မှာ ဆိုဒီယမ်ပါဝင်မှုမြင့်ပါတယ်။

    ဟင်းရည်

    အနီးစပ်ဆုံးပြောရရင်တော့ဟော့ပေါ့ဟင်းရည်ေ်ပါ့။ အသားပြုတ်ရည်ဆိုပေမယ့် ဆိုင်တော်တော်များများက အရသာဖျော်စပ်ထားပြီးသားဖြစ်တာများပါတယ်။ အချိုအငန်ပါပြီးသား ဟင်းရည်ကို ကြာကြာကျိုပြီး တအိုးလုံးကုန်အောင်သောက်ကြတဲ့အခါဆော့စ်လေးကလည်းပါဦးမယ်ဆိုတော့ တချီတည်းနဲ့ အငန်ဓါတ်တွေတပုံကြီးရသွားနိုင်ပါတယ်။ ဒါမှမဟုတ် တုန်ယမ်းဟင်းချို၊ ၁၂ မျိုးဟင်းချို စတဲ့ ဟင်းရည်မှန်သမျှကိုလည်း ပမာဏသတိထား စားသောက်သင့်ပါတယ်။

    အာလူးကြော်၊ တို့ဖူးကြော်တို့လို snack မုန့်တွေ မှာလည်း အချို၊အငန်အရသာတွေထည့်ထားတာများလို့ သိပ်မစားသင့်ပါဘူး။ ဘယ်နှထုပ်စားမိလဲ၊ အရသာပြင်းလား၊လေးလား ဆိုတာလည်း သတိထားပါ။

    ကြက်ကြော်

    ကြက်သားမှာ သဘာဝအတိုင်းကိုက ဆိုဒီယမ်အနည်းငယ်ပါဝင်တတ်ပါတယ်။ အရသာတွေနဲ့ ကြာကြာနှပ်ထားတဲ့အပြင် မုန့်နှစ်ကပ်ပြီးကြော်လိုက်တဲ့အခါ အရသာရှိတဲ့ ဆားပုလင်းဖြစ်လာပါတော့တယ်။
    ပြောပြပြီးပြီဆိုတော့ သတိထားသာ စားကြတော့နော်။ ဒါတွေကို လုံးဝရှောင်ရမှာမဟုတ်ပေမယ့် လျှာမှာမငန်သရွေ့ အငန်မများဘူးထင်နေမှာစိုးလို့ပါ။ လျှာပေါ်မှာ မငန်လည်း ဗိုက်ထဲရောက်မှသွေးပေါင်တက်လာနိုင်တာကြောင့် ပမာဏချင့်ချိန်စားပါ။သွေးတိုးရဲ့နောက်ဆက်တွဲဆိုတာခေါင်းမူးရုံနဲ့ ရပ်မသွားလို့ပါပဲ။ ကြောက်စရာကောင်းတဲ့ သွေးတိုးရောဂါဟာ နှလုံး၊ ဆီးချို စတဲ့ရောဂါကြီးတွေအတွက် တံခါးတစ်ချပ်ဖြစ်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။
    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement