backup og meta

ဆားလျှော့စားဖို့အကြံပြုချက်(၅)ချက်


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆားလျှော့စားဖို့အကြံပြုချက်(၅)ချက်

    ဆားလျှော့စားဖို့အကြံပြုချက် (၅)ချက်

    ဆားလျှော့စားခြင်းကသင့်ရဲ့ သွေးတိုးကို လျော့စေပါတယ်။The American Heart Association ကလူတစ်ယောက်အနေနဲ့တစ်ရက်ကိုဆား၂၅၀၀မီလီဂရမ်ထက်ပိုမစားရသင့်ဘူးလို့ဆိုထားပါတယ်။ ဒါကလက်ဖက်ရည်ဇွန်းတစ်ဇွန်းရဲ့ပမာဏပဲရှိပါတယ်။ သွေးတိုးရှိနေတာပဲဖြစ်ဖြစ် သွေးတိုးဖြစ်နိုင်ခြေရှိနေတာပဲဖြစ်ဖြစ်ဆားကိုလျှော့စားတာအကောင်းဆုံးပါ။

    ဒီအချက်တွေကိုလိုက်နာပြီးဆားလျှော့စားဖို့အကျင့်လုပ်ပါ။

    (၁) သင်ရဲ့လက်ကဆားဘူးဆီရောက်ရောက်သွားတဲ့အကျင့်ကိုပြင်ပါ။ စားပွဲတင်ဆားက Sodium ၄၀% ပါဝင်ပါတယ်။ ဒါကြောင့်စားစရာတွေကိုဆားထပ်ထည့်တာမျိုးမလုပ်ပါနဲ့။

    (၂) ဈေးဝယ်ထွက်တဲ့အခါမှာလည်း sodium ပါဝင်မှုနည်းတဲ့စားသောက်စရာတွေကို ရွေးဝယ်ပါ။

    (၃) အသင့်စားအစားအစာတွေကိုစားတာလျှော့ပါ။ အသင့်ထုတ်ပိုးပြီးသားအသင့်စားစားစရာတွေကSodiumပါဝင်မှုအများဆုံးဖြစ်ပါတယ်။ ဒါကြောင့်စားစရာတွေကိုပြင်ဆင်တဲ့အခါဆားပါဝင်နှုန်းကိုထိန်းညှိပါ။

    (၄) စားသောက်ဆိုင်တွေမှာလည်းဆားလျှော့ထည့်ဖို့ ပြောပါ။

    (၅) တကယ်လို့သင်စားတဲ့စားသောက်ဆိုင်ကသူတို့ရဲ့စားစရာတွေမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကိုပြထားရင် Sodium ဘယ်လောက်ပါလဲစစ်ပါ။Sodium ပါဝင်မှုအနည်းဆုံးကို ရွေးစားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement