backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။

Cardiac Arrest ဆိုတာ ရုတ်တရက် မမျှော်လင့်ဘဲ နှလုံးရပ်သွားတာကိုပြောတာပါ။ ဒါဟာ အလွန်အရေးကြီးတဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။

နှလုံးမှာ နှလုံးခုန်နှုန်းရဲ့ ကြိမ်နှုန်းကို ထိန်းပေးတဲ့ အတွင်းလျှပ်စီးစနစ်တစ်ခုရှိပါတယ်။ ပုံမမှန်တဲ့ နှလုံးခုန်နှုန်းတွေကို ဖြစ်စေတဲ့ ပြဿနာတွေကိုတော့ arrhythmia လို့ခေါ်ပါတယ်။ ဒီပြဿနာမှာဆိုရင် နှလုံးခုန်တာ မြန်လွန်းတာ၊ နှေးလွန်းတာ ဒါမှမဟုတ် နှလုံးရပ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ Sudden cardiac arrest (SCA) ကတော့ နှလုံးမှာ arrhythmia ဖြစ်လာပြီး နှလုံးခုန်တာရပ်သွားစေတဲ့အချိန်မှာ ဖြစ်ပေါ်လာပါတယ်။ ဒီပြင်းထန်တဲ့ ပြဿနာဟာ heart attack နဲ့ မတူပါဘူး။ Heart attack တွေဟာ နှလုံးကို သွေးမရောက်တော့လို့ ဖြစ်ရတာပါ။ Heart attack သို့မဟတ်ု Myocardial infarction တွေက ပေးပို့တဲ့ သွေးမလုံလောက်မှုကြောင့် နှလုံးကြွက်သားတစ်သျှူးတွေ သေဆုံးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ cardiac arrest ကတော့ နှလုံးရဲ့ လျှပ်စီးစနစ် ပုံမှန်အလုပ်မလုပ်လို့ဖြစ်ရတာပါ။ ဒီအခြေအနေမှာဆိုရင် နှလုံးပုံမှန်အလုပ်မလုပ်ဘဲ ရုတ်တရက်ရပ်သွားတဲ့အခါ သေသွားသည်ထိဖြစ်စေပါတယ်။ ဒါပေမဲ့ နှလုံးထိခိုက်ခြင်း (Heart attack)ကလည်း တစ်ခါတစ်ရံမှာ လျှပ်စီးစနစ်ကို အနှောက်အယှက်ဖြစ်စေပြီး နှလုံးရုတ်တရက်ရပ်သွားတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒီအခြေအနေဟာ သေဆုံးသွားတာမျိုး၊ မလှုပ်ရှားနိုင်တော့တာမျိုး ဖြစ်စေနိုင်ပါတယ်။ နှလုံးရပ်သွားတဲ့အချိန်မှာ သွေးတွေထဲ အောက်စီဂျင်ပြတ်လပ်သွားခြင်းဟာ မိနစ်အနည်းငယ်အတွင်း ဦးနှောက်ကို ပျက်စီးစေပါတယ်။ သေဆုံးခြင်း သို့မဟုတ် ရာသက်ပန် ဦးနှောက်ထိခိုက်ပျက်စီးခြင်းဟာ လေးမိနစ်ကနေ ခြောက်မိနစ်အတွင်း ဖြစ်သွားနိုင်ပါတယ်။ အသက်မရှူတော့ဘဲ သတိလစ်သွားတဲ့သူတစ်ယောက်ကို သင်ကူညီတဲ့အခါ အချိန်က အဓိကကျပါတယ်။ သင် သို့မဟုတ် သင်နဲ့အတူရှိနေတဲ့သူတစ်ယောက်ယောက်က ဒီရောဂါရဲ့ လက္ခဏာတွေပြလာပြီဆိုရင် အရေးပေါ် ဆေးကုသမှုကို ချက်ချင်းလုပ်ဆောင်ဖို့ လိုပါတယ်။

Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Cardiac Arrest ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ရုတ်တရက် လဲကျ သတိမေ့ခြင်း
  • သွေးခုန်နှုန်းမရှိခြင်း
  • အသက်မရှူတော့ခြင်း
  • သတိလစ်ခြင်း
  • ရင်ဘတ်နာကျင်ခြင်း
  • မူးဝေခြင်း
  • အသက်ရှူမဝခြင်း စတာတွေပါ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • မကြာခဏ ရင်ဘတ်ထပ်ခါထပ်ခါနာကျင်ခြင်း
  • ရင်တုန်ခြင်း
  • ပုံမှန်မဟုတ်ဘဲ နှလုံးခုန်ခြင်း သို့မဟုတ် နှလုံးခုန်မြန်ခြင်း
  • အကြောင်းရင်းမရှိဘဲ အသက်ရှူကြပ်လာခြင်း၊ အသက်ရှူမဝခြင်း
  • သတိလစ်ခြင်း သို့မဟုတ် မေ့လုဆဲဆဲဖြစ်ခြင်း
  • ခေါင်းမူးခြင်း
  • အကြောင်းရင်းများ

    Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ

    ရုတ်တရက် နှလုံးခုန်ရပ်သွားနိုင်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဖြစ်အများဆုံး နှစ်ချက်ကတော့ ventricular နဲ့ atrial fibrillation တို့ပါပဲ။

    သင့်နှလုံးမှာ အခန်း ၄ခန်းရှိပါတယ်။ အောက်၂ခန်းက သွေးပြန်ခန်းဖြစ်ပြီး အပေါ်၂ခန်းကတော့ သွေးလွှတ်ခန်းတွေပါ။ ventricular fibrillation မှာတော့ ဒီအခန်းတွေဟာ ထိန်းချုပ်မရတော့တာပါ။ ဒါဟာ နှလုံးရဲ့ ရစ်သမ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲသွားစေပါတယ်။ သွေးပြန်ကြောတွေဟာ မလိုအပ်ဘဲ သွေးတွေကို ညှစ်ထုတ်လာပြီး ခန္ဓါကိုယ်ထဲသွားရမယ့် သွေးပမာဏတွေကို လျော့သွားစေပါတယ်။ အချို့သော ဖြစ်ရပ်တွေမှာ သွေးလည်ပတ်ခြင်းဟာ ရုတ်တရက် လုံးဝရပ်တန့်သွားတတ်ပြီး ဒါဟာ ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးခြင်းကိုဖြစ်စေနိုင်ပါတယ်။

    Ventricular fibrillation မှာတော့ Sinoatrial (SA) node ဟာ မှန်ကန်တဲ့ သွေးခုန်မှုကို မထုတ်ပေးနိုင်တော့ပါဘူး။ သင့်ရဲ့ SA node ဆိုတာဟာ ညာဘက်အခန်းထဲမှာ ရှိတာပါ။ ဒီအရာက နှလုံးရဲ့ သွေးညှစ်ထုတ်တဲ့ အမြန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။ electrical impulse ဟာ atrial fibrillation ထဲကို ရောက်သွားမယ်ဆိုရင်တော့ သွေးပြန်ခန်းက ခန္ဓါကိုယ်ကို လိုအပ်တဲ့သွေးတွေရောက်စေဖို့ ညှစ်ထုတ်ပေးနိုင်မှာမဟုတ်ပါဘူး။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    Cardiac Arrest ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • သွေးလွှတ်ကြောဆိုင်ရာ ရောဂါ (coronary artery disease) မျိုးရိုးရှိခြင်း
    • ဆေးလိပ်သောက်ခြင်း
    • သွေးဖိအားမြင့်ခြင်း
    • သွေးတွင်း ကိုလက်စထရောမြင့်ခြင်း
    • အဝလွန်ရောဂါ
    • ဆီးချို
    • ကျန်းမာရေးနဲ့ မညီတဲ့ နေထိုင်မှုပုံစံရှိခြင်း
    • အရက်အလွန်အကျွံသောက်ခြင်း(တစ်ရက်ကို နှစ်ခွက်ထက်ပို၍)
    • အခြားအချက်တွေကတော့
    • ရုတ်တရက်နှလုံးရပ်ဖူးခြင်း သို့မဟုတ် မျိုးရိုးရှိခြင်း
    • နှလုံးထိခိုက်ဖူးခြင်း
    • မိသားစု သို့မဟုတ် ကိုယ်တိုင်မှာ အခြားသော နှလုံးရောဂါ ရှိနေခြင်း ဥပမာ နှလုံးခုန်မမှန်ခြင်း၊ congenital heart defects ၊ နှလုံးအားနည်းခြင်း နဲ့ cardiomyopathy တို့ရှိနေခြင်း
    • အသက်၄၅နှစ်အထက် အမျိုးသားနဲ့ အသက် ၅၅နှစ်အထက် အမျိုးသမီး
    • အမျိုးသားဖြစ်နေခြင်း
    • တရားမဝင်ဆေးဝါးများသုံးစွဲခြင်း ဥပမာ ကိုကိန်း သို့မဟုတ် amphetamines
    • အာဟာရမမျှခြင်း ဥပမာ ပိုတက်စီယမ် သို့မဟုတ် မဂ္ဂနီစီယမ် လယ်ဗယ်နိမ့်နေခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

    နှလုံးမှာဖြစ်နေတဲ့ ပုံမှန်မဟုတ်ခြင်းဟာ ဘယ်လိုအမျိုးအစားထဲကလဲဆိုတာကို အတည်ပြုနိုင်ဖို့ electrocardiogram ဆိုတဲ့ စစ်ဆေးမှုတစ်ခုကို ပြုလုပ်ရပါတယ်။ ကုသဖို့ဆိုရင်တော့ သင့်နှလုံးကို ရှော့ခ်ပေးဖို့ defibrillator ကို အသုံးပြုနိုင်ပါတယ်။ လျှပ်စစ်ရှော့ခ်ဟာ တစ်ခါတစ်ရံမှာ နှလုံးကို ပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။

    အခြားသော စစ်ဆေးမှုတွေမှာတော့

    နှလုံးထိခိုက်နိုင်မယ့် လက္ခဏာတွေကို ရှာဖွေနိုင်ဖို့ သွေးစစ်ရပါတယ်။ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်လယ်ဗယ်တွေကို တိုင်းတာပါတယ။်

    ရင်ဘတ်ကို ဓါတ်မှတ်ရိုက်ခြင်းကလည်း နှလုံးက အခြားသောရောဂါတွေရဲ့ လက္ခဏာတွေကို ရှာဖွေပေးနိုင်ပါတယ်။

    Echocardiogram ကတော့ Heart attack ကြောင့် သင့်နှလုံးရဲ့ ဘယ်အစိတ်အပိုင်းမှာ ပျက်စီးနေတယ်ဆိုတာတွေ နဲ့ ပုံမှန် သွေးမညှစ်ထုတ်နိုင်တာတွေ ဒါမှမဟုတ် အြားသော သွေးကြောဆိုင်ရာ ပုံမှန်မဟုတ်ခြင်းတွေ ရှိမရှိဆိုတာတွေကို အတည်ပြုပေးနိုင်ပါတယ်။

    Cardiac Arrest (နှလုံးရပ်ခြင်းဆိုတာ ဘာလဲ) ကို ဘယ်လိုကုသပါသလဲ

    Cardiopulmonary resuscitation (CPR) နဲ့ defibrillation တွေဟာ အရေးပေါ်အခြေအနေတွေအတွက် ကုသနည်းတွေထဲက တစ်ခုပါ။

    ဒီအခြေအနေကနေ သင်ပြန်လည်ရှင်သန်လာနိုင်တယ်ဆိုရင်တော့ ဆရာဝန်က အခြားသော ပြဿနာတစ်ခု နောက်ထပ်ပြန်ဖြစ်မလာဖို့ ကုသမှု တစ်ခုဖြစ်စေ၊ ပိုပြီးတော့ဖြစ်စေ ပြုလုပ်ပါလိမ့်မယ်။

    ဆေးသောက်ခြင်းက သွေးတိုးခြင်းနဲ့ ကိုလက်စထရောတို့ကို လျော့ကျစေပါတယ်။

    ခွဲစိတ်ခြင်းဟာ နှလုံးသွေးကြောပျက်စီးခြင်းတွေ သို့မဟုတ် သွေးကြောပျက်စီးခြင်းတွေကို ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။ သွေးကြောထဲ ပိတ်ဆို့နေတဲ့ အရာတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

    လေ့ကျင့်ခန်းလုပ်ခြင်းဟာ နှလုံးသွေးကြောကို ပိုပြီး ကြံ့ခိုင်စေပါတယ်။

    အစားအသောက်ပြောင်းလဲခြင်းကလည်း ကိုလက်စထရောကို လျော့ကျစေပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Cardiac Arrest ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • ဆေးလိပ်မသောက်ပါနဲ့။
    • အရက်ဆိုရင်တော့ တစ်ရက်ကို တစ်ခွက် ၊ နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။
    • အာဟာရပြည့်ပြီး မျှတတဲ့ စားစရာတွေကို စားသုံးပါ။
    • တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှားနေပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement