နှလုံးရောဂါ

နှလုံးရောဂါက ကမ္ဘာမှာ သေဆုံးမှု အများဆုံး ရောဂါ တစ်ရပ်ပါ။ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်စေဖို့အတွက် အရေးပါတဲ့ နှလုံးလေးမှာ ရောဂါ ခံစားရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဖြစ်လာခဲ့ရင်ရော ဘယ်လို ကုသရမလဲဆိုတာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးရောဂါ

၂၀၂၂ မြန်မာနိုင်ငံ နှလုံးရောဂါစစ်တမ်း ရဲ့ စိတ်ဝင်စားစရာအချက်များ

Hello ဆရာဝန်မှ ၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် နှလုံးရောဂါစစ်တမ်း ကောက်ခံခဲ့ရာ ၁၁၉ယောက်သော ဖြေဆိုသူများရဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့သဘောထားကို ခုလိုသိရှိခဲ့ရပါတယ်။  နှလုံးရောဂါက အသံတိတ်လူသတ်သမားလို့ နာမည်ကြီးတဲ့ ရောဂါပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်ပုံ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ မျိုးဗီဇကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ အဖြစ်များလာပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိသလဲဆိုတာ စစ်တမ်းကနေ လေ့လာကြည့်ရအောင်။ [embed-health-tool-heart-rate]

နှလုံးရောဂါ ကို ရှာဖွေမည်။

နှလုံးရောဂါ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

နှလုံးက ရှင်သန်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးပါ။ မနားမနေလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးပေါ့။ နှလုံးလေး ကျန်းမာမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ နှလုံးက ရောဂါဖြစ်မှ စောင့်ရှောက်ရမှာ မဟုတ်ဘဲ မဖြစ်ခင်ကတည်းက သေချာလေး ကာကွယ်ထားတာက နည်းလမ်းကောင်းပါ။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ နေ့စဉ်ဘဝမှာ လိုက်နာရမယ့် ရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ ကတော့ အခုပြောပြမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးတွေပါ။ လေ့ကျင့်ခန်း လုပ်ပါ လေ့ကျင့်ခန်း လုပ်ပါဆိုတာက နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ပတ်ကို ၂ နာရီခွဲလောက် ကိုယ်လက်လှုပ်ရှားမှု ရှိစေချင်တာပါ။ ပြေးတာ၊ လမ်းလျှောက်တာ၊ gym ဆော့တာလိုမျိုး လေ့ကျင့်ခန်းတွေကို ဝင်လေထွက်လေ မှန်မှန်ရှူရင်း လုပ်ရမှာပါ။ […]


နှလုံးရောဂါ

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ အေးမြတဲ့ ဆောင်းရာသီကို ကြုံဆုံရတဲ့ အခါမျိုးမှာ ကျန်းမာရေးပြဿနာတွေကလည်း နောက်ဆက်တွဲ အနေနဲ့ ပါလာတတ်ပါတယ်။ နှလုံးရောဂါသည်တွေ အတွက်ဆိုရင်တော့ ဒီကာလမျိုးမှာ Heart Attack က ဒုက္ခအပေးဆုံးလို့ ဆိုရပါမယ်။ လေ့လာချက်တွေအရဆိုရင် နှလုံးရောဂါကြောင့် ဖြစ်လာတဲ့ Heart Attack နဲ့ လေဖြတ်တာတွေဟာ ဆောင်းရာသီမှာ ဖြစ်နိုင်ခြေ အတော်လေး များတယ်လို့ ဆိုပါတယ်။ ရင်ဘတ်အောင့်တာနဲ့ အအေးဒဏ်ကြောင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ် တစ်ချက်ကတော့ ဆောင်းရာသီမှာ ကြုံရတတ်တဲ့ လေအေးတွေကြောင့် ခန္ဓာကိုယ်အပူချိန် ကျဆင်းပြီး နှလုံး ထိခိုက်နိုင်တာ ပါပဲ။ ခန္ဓာကိုယ် အပူချိန် ၉၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် လျော့ပါးအောင် တိုက်ခတ်လာတတ်တဲ့ လေအေးတွေဟာ နှလုံးရောဂါသည်တွေ အတွက်တော့ အန္တရာယ် တစ်ခုပါပဲ။ လက်ရှိအချိန်အထိတော့ […]


နှလုံးရောဂါ

သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ

နှလုံးရောဂါ ဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာကွယ်တားဆီးလို့ရနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ လူတွေမှာ နှလုံးရောဂါ စွဲကပ် စေရတဲ့ အဓိကအချက်က စားသောက်နေထိုင်မှုပိုင်းမှာ အကျင့်ဆိုးတွေရှိနေတာကြောင့်ပါ။ သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ က ဘာတွေများ ဖြစ်မလဲ။ သင့်ကို နှလုံးရောဂါစွဲကပ်စေမယ့် အကျင့်ဆိုးများ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ အကျင့်ဆိုးတွေကို ရပ်တန့်ပါ သင်နှလုံးရောဂါ မစွဲကပ်ချင်ဘူးဆိုရင် အောက်ပါ အလေ့အကျင့်ဆိုးတွေကို ဖယ်ရှားဖို့၊ ရပ်တန့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အထိုင်များနေတာ - လေ့ကျင့်ခန်းလုပ်တာက နှလုံးရောဂါကို ကာကွယ်ပေးနိုင်မယ့် […]


နှလုံးရောဂါ

အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ - တန်ဆေးနဲ့ လွန်ဘေး

အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ - တန်ဆေးနဲ့ လွန်ဘေး ...... အရက်သောက်သုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ခြုံငုံပြောတတ်ကြတယ်။ ဒါပေမယ့် မသောက်ဘူးလားဆိုရင် လူအများစုကတော့ မှီဝဲတတ်ကြတာပါပဲ။ တန်ဆေး လွန်ဘေး ဆိုသလိုပဲ အယ်လ်ကိုဟော ဟာ ခန္ဓာကိုယ်ကို အကျိုးပြုတာတွေရော ဆိုးကျိုးဖြစ်စေတာတွေရော ၂ မျိုးစလုံးပေးစွမ်းနိုင်တာတော့ အမှန်ပါ။ အထူးသဖြင့် နှလုံးကိုပေါ့။ သုတေသနပြုချက်တစ်ချို့ရဲ့ အဆိုအရဆိုရင် အယ်လ်ကိုဟောကို နည်းမှန်လမ်းမှန်မှီဝဲရင် ဆိုးကျိုးမဖြစ်စေပဲ ကောင်းကျိုးတောင် ဖြစ်စေနိုင်ပါတယ်တဲ့။ တန်ရုံသင့်ရုံ မှီဝဲမယ်ဆိုရင်ပေါ့။ ဒါပေမယ့် လွန်ရင်တော့ ဘေးဖြစ်မယ်ဆိုတာကိုလဲ မမေ့နဲ့နော်။ နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အယ်လ်ကိုဟော မှီဝဲနည်းဆိုတာ အရက်သေစာဆိုတာက များလေ ကျန်းမာရေးကိုထိခိုက်စေဆိုတဲ့ အရာမျိုးပါ။ ဒါပေမယ့် ထုတ်ကုန်အမည်တွေက သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာမို့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အရာတွေပါဝင်နေတာကိုလည်း ငြင်းဆိုလို့မရပြန်ပါဘူး။ ဒါကြောင့် အယ်လ်ကိုဟော […]


နှလုံးရောဂါ

နှလုံးရောဂါ အကြောင်း

နှလုံးရောဂါ ဆိုတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စစ်တမ်းတွေအရဆိုရင် လူ ၁ သိန်းမှာ ၂၁၉.၄ ဦးနှုန်းအသက်ဆုံးပါးစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူသေနှုန်းမြင့်မားတဲ့ ရောဂါတွေထဲမှာ နံပါတ် ၁ ဖြစ်ပါတယ်။ နှလုံးရောဂါ အကြောင်း နှလုံးရောဂါဆိုတာက နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါအမြောက်အများကို စုဝေးခေါ်ဆိုတာဖြစ်ပါတယ်။ နှလုံးရောဂါဟာ အမျိုးအစားအမျိုးမျိုးရှိသလို ကျား/မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ခြေ မြင့်မားလှတဲ့ရောဂါအုပ်စု တစ်ခုပါ။ များသောအားဖြင့် နှလုံးရောဂါရဲ့ လက္ခဏာတွေက အချိန်အတန်ကြာမှ သိသိသာသာပြသလာတတ်တာပြီး ကနဦးအခြေအနေတွေမှာ တိတ်တိတ်ကလေး တွယ်ငြိနေတတ်ပါတယ်။ ဒါကြောင့်လည်း ပိုပြီးသတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးကြတာဖြစ်ပါတယ်။ နှလုံးရောဂါ အမျိုးအစားများ နှလုံးရောဂါလို့ ခြုံပြီးပြောဆိုကြပေမယ့် တကယ်တမ်းမှာတော့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေက အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ဒါတွေကို စုစည်းပြီး နှလုံးဆိုင်ရာ ပြဿနာများ (Cardiovascular Problems) လို့ ခေါ်ဆိုကြပါတယ်။ နှလုံးရောဂါဆိုတဲ့ ခေါင်းစဉ်အောက်မှာ […]


နှလုံးရောဂါ

နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ်

နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ် .... နှလုံးရောဂါဆိုတာ ဒီနေ့အထိ တစ်ကမ္ဘာလုံးမှာ လူသေဆုံးမှုအများဆုံးဖြစ်စေတဲ့ရောဂါဖြစ်နေဆဲပါ။ ၂၀၁၆ တစ်နှစ်တည်း မှာတင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါကြောင့် သေဆုံးသူတစ်ကမ္ဘာလုံးမှာ ၁၈ သန်းနီးပါးရှိပါတယ်။ သေဆုံးသူ တွေထဲက ၄ပုံ ၃ပုံလောက်က ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေကဖြစ်တာကိုတွေ့ရပါတယ်။ ကိုယ့်ရဲ့စားသောက်မှုပုံစံကို ဆင်ခြင်လိုက်မယ်ဆို ကြောက်စရာကောင်းတဲ့နှလုံးရောဂါအန္တရာယ်က ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နှလုံးကျန်းမာရေးအတွက် စားသောက်သင့်တဲ့အစားအစာတွေနဲ့ ရှောင်ကျဉ်သင့် တဲ့အစားအစာတွေကို ပြောပြချင်ပါတယ်။  နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ် နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ် ဆိုတာကို လိုရင်းနဲ့တိုတိုပြောရရင် နှလုံးကျန်းမာရေးအတွက် အဓိကစားသုံးပေးရမယ့်အစားအစာအုပ်စု (၃) မျိုးရှိပြီး ဒါတွေက ဟင်းသီးဟင်းရွက်တွေရယ်၊ ငါးကြီးဆီရယ်နဲ့ မပြုပြင်ထားတဲ့အစေ့အဆန်၊ဂျုံကြမ်း၊ ဆန်ကြမ်းတွေပဲဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များ - အစားအစာကို အရောင်အသွေးစုံလင်အောင်စားသောက်ပါ ဆိုတဲ့စကားအတိုင်းပဲ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမျိုးစုံကို နေ့စဥ်စားသောက်ပေးသင့်ပါတယ်။ တစ်မျိုးချင်းစီမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက နှလုံးကျန်းမာရေးကိုထိန်းညှိဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် မျိုးစုံပါဝင်သလို ကယ်လ်လိုရီဓာတ်လည်းနည်းတာကြောင့် […]


နှလုံးရောဂါ

နှလုံးရောဂါ ကာကွယ်ပါ

နှလုံးရောဂါ ကာကွယ်ပါ .... ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ နှလုံးရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေသာမက ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာပါ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ နှစ်စဉ်သေဆုံးမှုမြင့်မားနေတဲ့ အကြောင်းအရင်းတခုဖြစ်တယ်လို့လည်း စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ နှလုံးရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို ပြုပြင်ယူလို့ရတာရှိသလို မပြုပြင်နိုင်တာလည်း ရှိပါတယ်။ ဥပမာ မျိုးရိုးဗီဇကိုတော့ သင့်အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြုပြင်နိုင်တဲ့ကိစ္စတွေကို ပြုပြင်နိုင်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ နှလုံးရောဂါ ကာကွယ်ပါ အဓိကအားဖြင့် ပြုပြင်ပြောင်းလဲနိုင်တာကတော့ သင့်ရဲ့နေထိုင်စားသောက်မှု ပုံစံပါပဲ။ သင့်နှလုံးကျန်းမာရေးကို ကောင်းစေဖို့ အောက်ပါနည်းလမ်းတွေနဲ့ နေထိုင်စားသောက်ပါ။ ဆေးလိပ်သောက်နေသူဆိုရင် ဆေးလိပ်ဖြတ်ပါ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပါ လေ့ကျင့်ခန်းလုပ်ပါ ဆီးချိုရောဂါကာကွယ်ပါ သွေးပေါင်ချိန်ထိန်းပါ စိတ်ဖိစီးမှုကို လျှော့ချပါ ဆေးလိပ် ဆေးလိပ်သောက်ခြင်းဟာ နှလုံးသွေးကြောရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း […]


နှလုံးရောဂါ

သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါ (Hypertensive Heart Disease)

သွေးတိုးကြောင့်ဖြစ်သော နှလုံးရောဂါ (Hypertensive Heart Disease) ဆိုတာ သွေးပေါင်ချိန် မြင့်တက်လာပြီး နှလုံးကို ထိခိုက်စေတဲ့ပြဿနာ မှန်သမျှကို ဆိုလိုပါတယ်။ သွေးပေါင်ချိန် တက်နေချိန်မှာ နှလုံးဟာ ပိုမိုအားစိုက်ပြီး အလုပ်လုပ်ရပါတယ်။ နှလုံးကြွက်သားများ မာလာခြင်း၊ နှလုံးအမောဖောက်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။ သွေးတိုးခြင်းကြောင့် နှလုံးထိခိုက်ပုံ ယေဘုယျအားဖြင့် သွေးပေါင်ချိန် မြင့်တက်နေရင် နှလုံးသွေးကြောများနဲ့ နှလုံးကြွက်သားများကို ထိခိုက်လာနိုင်ပါတယ်။ သွေးလွှတ်ကြောများကျဉ်းမြောင်းလာခြင်း နှလုံးသွေးလွှတ်ကြောများဟာ သွေးတွေကို နှလုံးကြွက်သားတွေဆီ ရောက်အောင် ပို့ဆောင်ပေးပါတယ်။ သွေးပေါင်ချိန်မြင့်တက်လာရင် သွေးကြောတွေကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားတွေဆီ သွေးရောက်တာနည်းလာပါလိမ့်မယ်။ ဒီအခြေအနေကို နှလုံးသွေးကြောရောဂါလို့ ခေါ်ဝေါ်ပါတယ်။ ဒီရောဂါဖြစ်ပွားရင် နှလုံးဟာ ပုံမှန်လုပ်ငန်းတွေ မလုပ်ဆောင်နိုင်တော့ဘဲ ကျန်တဲ့အင်္ဂါအစိတ်အပိုင်းတွေဆီကိုလည်း သွေးပို့ဆောင်တာ အားနည်းသွားပါတယ်။ ကျဉ်းမြောင်းသွားတဲ့ သွေးကြောတွေနေရာမှာ သွေးခဲပိတ်ဆို့ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံးဆီသွေးရောက်တာ ရပ်တန့်သွားနိုင်ပါတယ်။ နှလုံးကြွက်သားများ ကြီးမားလာခြင်း သွေးတိုးခြင်းကြောင့် နှလုံးကနေ သွေးကို […]


နှလုံးရောဂါ

နှလုံးအမြှေးပါး ရေဝင်ခြင်း (Pericardial effusion) ဆိုတာ

အဆုတ်ထဲရေဝင်တယ်တို့၊ အဆုတ်ရေဝိုင်းတယ်တို့ဆိုတာ ကြားဖူးကြမှာပါ။ ဒီလိုပဲ နှလုံးမှာလည်း ရေဝင်တတ်ပါတယ်။ အတိအကျပြောရရင်တော့ နှလုံးအမြှေးပါးမှာ ရေဝင်တာပေါ့။ ခန္ဓာကိုယ်ရဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေမှာ အပေါ်ကနေ အမြှေးပါးလေးနဲ့ အုပ်ထားတတ်ပါတယ်။ ဥပမာ နှလုံးတို့ အဆုတ်တို့ပေါ့။ ရောဂါတစ်ခုခု ဖြစ်တဲ့အခါ ဒီအမြှေးပါးနဲ့ ကိုယ်တွင်းအင်္ဂါတွေကြားမှာ ရေဝင်လာတတ်ပါတယ်။ ခုနှလုံးမှာဆို နှလုံးရေဝင်တယ်လို့ ခေါ်တာပေါ့။ နှလုံးအတွင်းထဲကို ရေဝင်တာမျိုး မဟုတ်ဘဲ နှလုံးနဲ့ အမြှေးပါး ကြားထဲမှာ ရေဝင်နေတာပါ။ နှလုံးအမြှေးပါး ရေဝင်ရင် ဘာတွေ ခံစားရမှာလဲ။ လက္ခဏာက ရေဘယ်လောက်ဝင်လဲပေါ် မူတည်ပါတယ်။ ရေနည်းရင် တချို့မှာ လက္ခဏာတောင် မပြတတ်ပါဘူး။ ရေများလာရင်တော့ မောတာ၊ အသက်ရှူကြပ်တာ လှဲလိုက်ရင် ပိုမောတာ ရင်ဘတ်အောင့်တာ (များသောအားဖြင့် နှလုံးရှိတဲ့ ဘယ်ဘက်ခြမ်းက ပိုအောင့်ပါတယ်။) ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ်ဖြစ်နေတာ ဝမ်းဗိုက်နဲ့ ခြေထောက်တွေ […]


နှလုံးရောဂါ

နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင်

နှလုံး ဆိုတာ ကြွက်သား တစ်မျိုးလို့ ဆိုကြပါတယ်။ လူ့ခန္ဓာကိုယ်ထဲက အရေးပါတဲ့အစိတ်အပိုင်းတစ်ခုသာမက ကြွက်သားတစ်မျိုးလည်းဖြစ်တယ်ပေါ့။ အကြောင်းအမျိူးမျိုးကြောင့် နှလုံးကြွက်သား အားနည်းတဲ့အခါ နှလုံးညှစ်အားကျဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် နှလုံး ကြွက်သား အားကောင်းစေဖို့ဆိုရင် ဘာတွေ လုပ်ရမလဲ။ လူတိုင်းက နှလုံးရောဂါ ဖြစ်မှာကို မလိုလားကြပါဘူး။ ဒီရောဂါက ကမ္ဘာပေါ်မှာ လူအများဆုံး သေဆုံးစေတဲ့ရောဂါတွေထဲက တစ်ခုဖြစ်တယ်မဟုတ်လား။ နှလုံး ရောဂါကို တားဆီးနိုင်ဖို့ Heart Attack မဖြစ်စေဖို့ လူတိုင်းအလိုရှိကြပေမယ့် တကယ်တမ်းမှာတော့ ကာကွယ်တားဆီးမှုတွေကို စနစ်တကျလုပ်နိုင်ကြတာမျိုးကတော့ နည်းပါတယ်။ အများစုကတော့ အစားအသောက်ကို ရွေးချယ်မှီဝဲပြီး နှလုံး ရောဂါကို ကာကွယ်ကြပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အဆင်ပြေနေတယ်တော့မဟုတ်ဘူးလေ။ အစားအသောက်ဆိုတာမျိုးက အမြဲတမ်း ရွေးချယ်မှီဝဲဖြစ်နေတာမှမဟုတ်တာ။ ဒါကြောင့် ခုစာစုမှာတော့ နှလုံးကြွက်သားကို အားကောင်းသန်မာစေပြီး နှလုံး ရောဂါ မဖြစ်ပေါ်လာအောင် တားဆီးပေးနိုင်မယ့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်