backup og meta

နှလုံး ဘက်တီးရီးယားပိုးဝင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Hello Sayarwon Panel မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံး ဘက်တီးရီးယားပိုးဝင်ခြင်း

    သာမန်ဆေးဖက်ဆိုင်ရာကုထုံး၊ လုပ်ဆောင်မှုများက သွေးထဲသို့ ဘက်တီးရီးယားပိုးများ ပြန့်သွားစေပြီး  ဒါတွေက နှလုံးရဲ့ အတွင်းနံရံမှာ သွားတွယ်တာာကြောင့် နှလုံးရောင်ခြင်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင် ကုသမှုမခံယူပါက နှလုံးအလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ထိရောက်တဲ့ ကုသမှုမျိုးက ဘက်တီးရီးယားကြောင့်ဖြစ်သော နှလုံးအတွင်းနံရံရောင်ခြင်းကို လျင်မြန်စွာသက်သာပျောက်ကင်းစေပါတယ်။

    ဘက်တီးရီးယားကြောင့် နှလုံးအတွင်းနံရံရောင်ခြင်း ဘယ်လိုဖြစ်တာလဲ။

    နှလုံးအတွင်းနံရံရောင်ခြင်းက အများအားဖြင့် သွေးထဲသို့ ပြန့်သွားသော ဘက်တီးရီးယားများက ပုံမှန်မဟုတ်တဲ့ နှလုံးအဆို့ရှင်မှာ သွားတွယ်တာကြောင့် ဖြစ်ရပါယ်။ သွေးလေးဘက်နာကြောင့် နှလုံးအဆို့ရှင် ကျွံခြင်း၊ ထူခြင်းဖြစ်ဖူးတဲ့ သူတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။

    သွေးကြောထဲတွင် ပိုးမွှားတွေက အချိန်အခါမရွေးရှိနေတတ်ပါတယ်။ သွားဆေးခန်းပြသည့်အခါမျိုး၊ သာမန်ခွဲစိတ်မှုနဲ့ ဓားရှမိသည့်အခါမျိုးတွင် သွေးထဲကို ပိုးဝင်တတ်ပါတယ်။ ဒီအခါ ခန္ဓာကိုယ်ထဲရှိ ခုခံအားစနစ်က ပိုးကောင်များကို ပြန်လည်တိုက်ခိုက်ပါတယ်။ ဒါပေမယ့် StreptococcusEnterococcus နဲ့ Staphylococcus အနွယ်ဝင် ဘက်တီးရီးယားများက သွေးထဲကတဆင့် နှလုံးဆီသို့ရောက်သွားနိုင်ပါတယ်။

    ဒီဘက်တီးရီးယားတွေက ပါးစပ်ထဲ၊ အစာခြေလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းတွေမှာဆိုရင် လူကို ဒုက္ခဖြစ်လောက်အောင် အန္တရာယ်မပေးနိုင်ပါ။ ဒါပေမယ့် သွေးထဲကနေတဆင့် နှလုံးဆီကို ရောက်သွားရင်တော့ နှလုံးရောင်စေနိုင်ပါတယ်။

    ဥပမာ သွားနှုတ်တာလိုမျိုး သွေးထွက်စေသောကုသမှုမျိုး၊ အာသီးဖြတ်ခြင်း ၊ လေပြွန်မှန်ပြောင်းကြည့်ခြင်း၊ ဆီးကျိတ်နဲ့ သည်းခြေကျောက် မှန်ပြောင်းကြည့်ခြင်း၊ အစာအိမ်အူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းခွဲစိတ်မှုတို့က တချို့လူတွေမှာ နှလုံးပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် သွေးကြောထဲကို မူးယစ်ဆေးထိုးလေ့ရှိသောသူများတွင်လည်း နှလုံးအတွင်းနံရံရောင်ခြင်း ဖြစ်နိုင်ပါတယ်။

    ဘယ်သူတွေမှာ နှလုံးအတွင်းနံရံရောင်ခြင်းဖြစ်သလဲ။

    သင့်နှလုံးကျန်းမာနေလျှင် ထိုရောဂါဖြစ်ခဲသည်။ လက်တွေ့ကျကျပြောရလျှင် နှလုံးအဆို့ရှင်မကောင်းသူ၊ အဆို့ရှင်အတုတပ်ထားသူ၊ မွေးရာပါ သို့မဟုတ် လေးဖက်နာကြောင့် အဆို့ရှင်များပျက်စီးနေသူ၊ နှလုံးဘယ်ဘက်အပေါ်ခန်းအဆို့ရှင်ကျွံနေသူများတွင် ဘက်တီးရီးယားကြောင့် နှလုံးအတွင်းနံရံရောင်ခြင်းအဖြစ်များသည်။

    နှလုံးအတွင်းနံရံရောင်ခြင်းရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    ရောဂါလက္ခဏာများသည် တယောက်နှင့် တယောက်ကွာခြားမှုရှိပြီး သိသာထင်ရှားမှုမရှိပေ။ လူနာသည် တုပ်ကွေးကဲ့သို့ပင် ရက်ရှည်လများချမ်းတုန်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မလုပ်ချင်မကိုင်ချင်ဖြစ်ခြင်း၊ အားနည်းခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းစသည်တို့ဖြစ်တတ်သည်။ ထိုအခါ ဆရာဝန်က နှလုံးကိုနားကြပ်ဖြင့်နားထောင်ခြင်းဖြင့် ရောဂါကိုသံသယရှိလျှင် သွေးစစ်ခြင်း၊အသံလှိုင်းဖြင့်နှလုံးအက်ကိုးဓါတ်မှန်ရိုက်ခြင်းတို့ပြုလုပ်ကာရောဂါကိုတိတိကျကျသိနိုင်သည်။

    နှလုံးအတွင်းနံရံရောင်ခြင်းကို ကာကွယ်နိုင်ပါသလား။

    သင့်တွင်နှလုံးရောဂါရှိလျှင် အထက်ပါရောဂါဖြစ်နိုင်ချေရှိမရှိ ဆရာဝန်နှင့်တိုင်ပင်ပါ။ ဖြစ်နိုင်ချေရှိပါက ကာကွယ်ဖို့လိုအပ်သည်။ သင့်သွားဆရာဝန် သို့မဟုတ် သမားတော်အား သင့်အခြေအနေကိုကြိုအသိပေးပါ။ သွားကို တခုခုကုသရန်အစီအစဉ်ရှိပါက မလုပ်မီတစ်နာရီအလိုတွင် ပိုးသတ်ဆေးသောက်ရမည်။ သင့်ဆရာဝန်က သင့်ရောဂါအခြေအနေကိုရေးသားထားသည့် ကဒ်ပြားမျိုးကိုလည်းကိုယ်နှင့်မကွာဆောင်ခိုင်းထားနိုင်သည်။

    ဘက်တီးရီးယားကြောင့်ဖြစ်သော နှလုံးအတွင်းနံရံရောင်ခြင်းကို ဘယ်လိုကုမလဲ။

    ထိုရောဂါဖြစ်ပြီဆိုလျှင် ပိုးသတ်ဆေးကို ၄-၆ လအထိမှီဝဲရသည်။ ရောဂါအခြေအနေအပေါ်မူတည်ပြီးပထမအကြောထဲထိုးသောပိုးသတ်ဆေးကိုဆေးရုံတွင်ထိုးပြီးသက်သာသွားမှအိမ်မှာသောက်ဆေးဆက်သောက်တာမျိုးဖြင့် ကုသရသည်။ လူနာတွင်ရှိသော ဘက်တီးရီးယားအမျိုးအစားအပေါ်မူတည်ပြီး ပိုးသတ်ဆေးအမျိုးအစားကွာခြားသည်။ ဥပမာ ပင်နီဆလင်ဆေးသည် Streptococcus ကဲ့သို့သော ပိုးကောင်များကိုနိုင်နင်းသည်။ သို့သော် ပိုးကောင်အမျိုးအမည်မသိသေးသော အခြေအနေမျိုးတွင် မူစွယ်စုံရပိုးသတ်ဆေးများကို သုံးရသည်။

    လူအများစုတွင် ပိုးကောင်များက လျင်မြန်စွာနှိမ်နင်းနိုင်ကြသည်။ သို့သော် ကံဆိုးစွာဆေးယဉ်ပါးမှုများလည်း အတော်ဖြစ်နေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ကုသမှုခံယူနေချိန်တွင် သင့်ဆရာဝန်က သင့်အခြေအနေတိုးတက်မှုကို ဂရုထားလိမ့်မည်။ ရှားရှားပါးပါးအချို့လူနာများသည် ကုသနေချိန်အတွင်း နှလုံးရောဂါပိုဆိုးသွားတတ်သည်။ ထိုအခါ နှလုံးခွဲစိတ်မှုခံယူကာ ကုသရကောင်းကုသရနိုင်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement