backup og meta

ရုတ်တရက် နှလုံးရပ်ပြီးနောက် ပြန်လည်နာလန်ထခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရုတ်တရက် နှလုံးရပ်ပြီးနောက် ပြန်လည်နာလန်ထခြင်း

    သင်သည် သေလုမျောပါးနှလုံးထိခိုက်မှုမှ အသက်ရှင်သန်လာခါစဖြစ်ပြီးယခုလောလောဆယ်တွင် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် နောက်ထပ်ရောဂါရှာဖွေမှုများနှင့် စမ်းသပ်ချက်အဖြေများကို စောင့်ဆိုင်းနေရသည် ဆိုပါစို့။ သင်သည် “သင်သည်ယခုလက်ရှိအခြေအနေမှမည်ကဲ့သို့အပြီးတိုင်လွတ်မြောက်နိုင်မည်နည်း” ဟုစတင်စဉ်းစားလာတော့မည်။

    ဤအခြေအနေကို အောင်မြင်စွာကုသရန် အချိန်လိုအပ်သည်။ နှလုံးရပ်တန့်မှုတစ်ကြိမ်ဖြစ်ပြီး နောက်၁၀နှစ်အတွင်းတွင် နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။ အကြောင်းအရင်းပေါ်မူတည်၍ လုံးဝပျောက်ကင်းအောင် ကုသနိုင်သလို အရှင်းမပျောက်သည်လည်းဖြစ်နိုင်သည်။ ဆရာဝန်များအနေနှင့် အကောင်းဆုံးလုပ်နိုင်သည်မှာ ပထမအကြိမ်ကတည်းကပင် နှလုံးရပ်ခြင်းဖြစ်စေသည့် အကြောင်းရင်းကိုရှာဖွေ၍ အခြေအနေပေါ်မူတည်ကာ ကုသမှုစတင်ခြင်းဖြစ်သည်။

    စမ်းသပ်မှုများအပြီးတွင် ဖြစ်နိုင်သောအကြောင်းပြချက်အချို့တွေ့ရမည်။ နှလုံးရောဂါအများစုသည် ရုတ်တရက်နှလုံးရပ်မှုကို ဖြစ်စေနိုင်သောကြောင့် ကုသမှုသည်လည်း ရောဂါအမျိုးအစားပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ အကယ်၍ သင်၏ဆရာဝန်က သင့်တွင် နှလုံးသွေးကြောကျဉ်းရောဂါရှိနေပြီး သွေးကြောအတွင်းတွင် သွေးခဲရှိနေသည်ဆိုပါက ခွဲစိတ်ကုသမှု လိုကောင်းလိုမည်။ အကယ်၍ သင်၏နှလုံးသည် ပုံမှန်မဟုတ်ဘဲ ကြီးနေပြီး နှလုံးခုန်နှုန်းများ အတက်အကျမမှန်ဖြစ်နေပါက နှလုံးခုန်နှုန်းထိန်းစက် (pace maker) ထည့်ရန် လိုအပ်နိုင်သည်။ အကယ်၍ နှလုံးအဆို့ရှင်များတွင်ပြဿနာရှိပါက နှလုံးအဆု့ိရှင်အစားထိုး ခွဲစိတ်ရန်လိုအပ်မည်။ သို့သော် အထက်ပါအခြေအနေများသည် ရုတ်တရက်နှလုံးရပ်နိုင်သည့် အလားအလာများစေသော အန္တရာယ်ရှိသည့် အချက်များဖြစ်သည်။ ထို့ပြင် ဤအခြေအနေကို အများဆုံးဖြစ်စေသည့် ထိပ်ဆုံးတွင်ရပ်တည်နေသော အကြောင်းအရင်း ၂ ခုရှိသေးသည်။ နှလုံးသွေးဝင်ခန်းခါခြင်း (atrial fibrillation) နှင့်နှလုံးသွေးလွှတ်ခန်းခါခြင်း (ventricle fibrillation) တို့ဖြစ်သည်။ အချုပ်ဆိုရသော် မည်သည့်အကြောင်းကြောင့်ဖြစ်စေကာမူ ကုသမှုများသည် ဆေးသောက်မည်လား (သို့) စည်းချက်မညီသောနှလုံးခုန်နှုန်းကို စမ်းသပ်သိရှိပြီး အလိုအလျောက်ပုံမှန်နှုန်းဖြစ်အောင် ပြန်ထိန်းပေးနိုင်သည့် နှလုံးတွင်းထည့်နိုင်သော နှလုံးထိန်းကိရိယာတပ်ဆင်မည်လား (သို့) ခွဲစိတ်ကုသမှုခံယူမည်လား စသည့်အချက်များပေါ်တွင် မူတည်သည်။

    နာလန်ပြန်ထရန်ကြာချိန်သည် နှလုံးရပ်တန့်မှုဖြစ်ပေါ်ချိန်တွင် ဖြစ်ပေါ်သည့် ထိခိုက်မှုပမာဏပေါ် များစွာမူတည်သည်။ တစ်နည်းဆိုသော် နှလုံးပြန်ခုန်လာသည်အထိ အသက်ကယ်ကုသမှုများ ပြုလုပ်ခဲ့ရသည့်ကြာချိန်ပေါ်တွင်လည်း မူတည်သည်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်ထိခိုက်ခြင်းနှင့် သတိလစ်မေ့မြောနေခြင်းတို့သည် အဖြစ်များသောနောက်ဆက်တွဲပြဿနာများဖြစ်သောကြောင့်ဖြစ်သည်။ ထို့ပြင် အရေးပေါ်အသက်ကယ်ကုသခြင်း(CPR) ကို မည်သို့ပြုလုပ်သည်ဆိုသည်ကလည်း အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ (CPR) လုပ်ရာတွင် လူနာတွင် အညိုအမည်းများစွဲထင်ကျန်ခဲ့ခြင်း၊ ပြင်းထန်သောအခါများတွင် အရိုးများကျိုးခြင်းအထိပင် ဖြစ်စေတတ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ခွဲစိတ်ပြီးနောက် ပြန်သတိရရန်ကြာချိန်သည်လည်း သင်၏စုစုပေါင်းနာလန်ထရန် ကြာချိန်အပေါ် သက်ရောက်မှုရှိသည်။

    သင့်အနေနှင့် အကောင်းဆုံးလုပ်နိုင်သည်မှာ နောက်ထပ်ပြန်ဖြစ်နိုင်ခြေများခြင်းမှ ကာကွယ်ရန် ဖြစ်ပြီးခါစအချိန်တွင် ဆေးရုံတွင် အထူးကြပ်မတ်ကုသမှု ခံယူရန်ဖြစ်သည်။ နှလုံးရပ်၍ ဆေးရုံတက်ရပြီးလျှင် နောက်တစ်ကြိမ်ထပ်ဖြစ်ရန် ၅၀ ရာခိုင်နှုန်းအလားအလာရှိသည်ဟု လေ့လာမှုများကဆိုသည်။ စမ်းသပ်စစ်ဆေးမှုများသည် မည်မျှပင်များပြားရှည်ကြာသည်ဟု ထင်ရစေကာမူ ၎င်းတို့သည် ဆရာဝန်မှ သင့်အတွက် ကုသမှုအစီအစဉ်ပြုလုပ်ရာတွင် အလွန်အရေးပါသည်။ သင်အိမ်ပြန်နိုင်သည့်အခါတွင်လည်း ရုတ်တရက်နှလုံးရပ်ခြင်း၏ ကနဦးလက္ခဏာများကို အသေအချာနားလည်နေပါစေ။ သင်နှင့် အနီးကပ်ရှိနေသူများသည် အန္တရယ်ကျရောက်လာမည့် စက္ကန့်တိုင်းအတွက် အရေးပေါ်အသက်ကယ်ကုသမှု (CPR)ကို မည်သို့ပြုလုပ်ရမည်ကိုလည်း သိထားဖို့လိုပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement