backup og meta

အမျိုးသမီးများတွင်ဖြစ်ပွားသောနှလုံးရောဂါ၏လက္ခဏာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 23/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများတွင်ဖြစ်ပွားသောနှလုံးရောဂါ၏လက္ခဏာများ

    နှလုံးရောဂါသည် အမျိုးသမီးများသေဆုံးရခြင်း၏အဓိကအကြောင်းတစ်ရပ်ဖြစ်ပါသည်။ ရုတ်တရက်နှလုံးဖောက်ခြင်းရောဂါလက္ခဏာများသည် တစ်ခုနှင့်တစ်ခုကွာခြားနိုင်ပြီးအမျိုးသမီးများတွင်ခံစားရသော ရောဂါလက္ခဏာများသည်လည်းပုံမှန်ဖော်ပြနေကျ ရင်ဘတ်အောင့်ခြင်းမှကွာခြားမှုရှိနိုင်သည်။

    ထို့ကြောင့်အမျိုးသမီးများအနေဖြင့် ထိုရောဂါလက္ခဏာများကိုသတိပြုနားလည်ဖို့အရေးကြီးပါသည်။ ထို့ပြင်နှလုံးရုတ်တရတ်ဖောက်ခြင်း၏ရောဂါလက္ခဏာများကိုလည်း သတိပြုဆင်ခြင်တတ်ဖို့ အရေးကြီးပါသည်။

    အမျိုးသမီးများတွင် ဖြစ်ပွားတတ်သောနှလုံးရုတ်တရက်ဖောက်ခြင်းရောဂါလက္ခဏာများ

    ရင်ဘတ်အောင့်ခြင်း(သို့မဟုတ်) ရင်ဘတ်ထဲတွင် တင်းကြပ်ကြပ်ဖြစ်ခြင်း

    ( နှလုံးရုတ်တရက်ဖောက်ခြင်း၏ အတွေ့ရအများဆုံးရောဂါလက္ခဏာဖြစ်သော်လည်းအမြဲတမ်းတွေ့နိုင်မည်ဟုမပြောနိုင်ပါ )

    -ရင်ဘတ်အောင့်ခြင်းသည် လက်မောင်း ၊ လည်ပင်း ၊ မေးရိုး ၊ ဝမ်းဗိုက် နှင့် ကျောကုန်းတို့ကိုလည်း ပြန့်သွားတတ်သည်။ ထိုနေရာတစ်နေရာတည်း (သို့မဟုတ်) နေရာအများကြီးတွင်လည်းအောင့်ခြင်းကိုခံစားရနိုင်သည်။

    အချို့သူများတွင် နာကျင်ခြင်းအောင့်ခြင်းသည် ပြင်းထန်တတ်သော်လည်း တချို့တွင်မအီမသာဖြစ်ခြင်းလောက်သာရှိတတ်သည်။

    -နေထိုင်မကောင်းဖြစ်ခြင်း ၊ ချွေးထွက်ခြင်း ၊ခေါင်းမူးခြင်း၊ ရင်ဘတ်အောင့်ခြင်း ၊ ရင်ဘတ်တင်းကြပ်ကြပ်ဖြစ်ခြင်းနှင့် တွဲဖက်၍တွေ့ရတတ်သည်။

    -အစာမကြေဖြစ်သကဲ့သို့ခံစားရခြင်း ၊ ရင်ပြည့်ရင်ကယ်ဖြစ်၍အန်ခြင်း။

    -ရင်ဘတ်အောင့်ခြင်း၊ရင်ဘတ်ထဲတွင် တင်းကြပ်ကြပ်ဖြစ်ခြင်းတို့ ခံစားရသောအခါ နေမကောင်းဖြစ်ခြင်း၊ မအီမသာဖြစ်ခြင်း ၊မောပန်းနွမ်းနယ်နေခြင်း။

    -ထိုလက္ခဏာများသည် သိသာထင်ရှားသော ဆွဲညှစ်ထားသကဲ့သို့ ရင်ဘတ်အောင့်ခြင်းမျိုးသိသိသာသာ မခံစားရဘဲ မသိလိုက်မသိဘာသာ ဖြစ်ခြင်းမျိုးလည်းကြုံရတတ်ပါသည်။

    တစ်ခါတစ်ရံတွင် ရောဂါဖြစ်သူ အမျိုးသမီးက ရင်ဘတ်အောင့်ခြင်းကို ရင်ဘတ်ထဲတွင် ဖိထားသကဲ့သို့ခံစားရခြင်၊း ရင်ဘတ်ထဲတွင်တင်းကြပ်ကြပ် ဆို့တို့တို့ဖြစ်ခြင်းဟုလည်းဖော်ပြတတ်သည်ကိုတွေ့ရသည်။

    ထိုသို့ဖြစ်ရခြင်းမှာ သွေးကြောများပိတ်သော နေရာသည် သွေးကြောမကြီးများထဲတွင်သာမက သွေးကြောငယ်လေးများထဲတွင်ပါ ဖြစ်ပွားတတ်သောကြောင့် ဖြစ်ပါသည်။ နှလုံးကို သွေးထောက်ပံ့နေသော သွေးကြောငယ်လေးများတွင် ထိုရောဂါဖြစ်ပွားပါက နှလုံးသွေးကြောများတွင် ဖြစ်သောရောဂါ (သို့မဟုတ်) နှလုံးသွေးကြောကျဉ်းရောဂါဟုခေါ်ပါသည်။

    အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော နှလုံးသွေးကြောကျဉ်းရောဂါလက္ခဏာများသည် တစ်ခါတစ်ရံတွင် နားနေချိန်တွင်လည်းခံစားရတတ်ပြီး အိပ်ပျော်နေစဉ်မှာတွင်ပင် ခံစားရခြင်းမျိုးလည်းကြုံရတတ်ပါသည်။

    ထို့ပြင် အမျိုးသမီးများတွင် စိတ်ဖိစီးတင်းကြပ်စရာကိစ္စများ ၊ စိတ်ဖိစီးမှုများရှိပါကလည်း နှလုံးရုတ်တရက် အမောဖောက်ခြင်း လက္ခဏာများကို ခံစားရစေနိုင်ပါသည်။

    အမျိုးသမီးများတွင်နှလုံးရောဂါဖြစ်စေနိုင်သောအချက်များ

    -နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေကို မြင့်တက်စေသောယေဘူယျအချက်အလက်များ ဥပမာ – သွေးပေါင်တက်ခြင်း ၊ သွေးတွင်းအဆီဓါတ်များခြင်း ၊ အဝလွန်ခြင်းတို့သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံးကို ဖြစ်စေနိုင်သော်လည်း အမျိုးသမီးများတွင်မူ နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေနိုင်သောအခြား အချက်အလက်များလည်း ရှိနေပါသေးသည်။ ဥပမာအားဖြင့်-

    -ဆီးချိုသွေးချိုရောဂါ

    -စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း

    -ဆေးလိပ်သောက်ခြင်း

    -ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

    -မီးယပ်သွေးဆုံးဖြစ်ခြင်း

    -ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲဖြစ်စဉ်များနဲ့

    -Broken Heart Syndromeလို့ ခေါ်တဲ့ နှလုံးရောဂါစုတွေပဲ ဖြစ်ပါတယ်။

    နှလုံးရောဂါသည် အသက်ကြီးသော အမျိုးသမီးများတွင်သာ ဖြစ်တတ်ပါသလား

    -ထိုသို့မဟုတ်ပါ။ အသက်အရွယ်မရွေးအမျိုးသမီးများတွင် ထိုရောဂါသည် စိုးရိမ်ရသောပူပန်စရာတစ်ခုအနေနှင့် စဉ်းစားတတ်ဖို့လိုပါသည်။ အထူးသဖြင့်အသက် ၆၅ နှစ်အောက် အမျိုးသမီးများသည် မိသားစုထဲတွင် နှလုံးရောဂါဖြစ်ပွားတတ်သော ရောဂါရာဇဝင်ရှိပါက နှလုံးရောဂါဖြစ်နိုင်ချေရှိသည့်အတွက် အထက်ဖော်ပြပါလက္ခဏာများကို သတိပြုဆင်ခြင်ဖို့ လိုအပ်ပါသည်။

    အမျိုးသမီးများအနေဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သော အချက်အလက်များ

    -အမျိုးသမီးများသည် နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချရန် နေထိုင်စားသောက်မှုဆိုင်ရာပြုပြင်ပြောင်းလဲခြင်းများဖြင့် ပြုလုပ်နိုင်ပါသည်။

    -ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းခြင်း၊

    -ဆေးလိပ်ဖြတ်ခြင်း (သို့မဟုတ်) ဆေးလိပ်လုံးဝမသောက်ခြင်း၊

    -ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊

    -ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံဖြင့် စားသောက်ခြင်း၊ (သစ်သီးနှင့်ဟင်းသီးဟင်းရွက်များကိုများများစားသုံးခြင်း ၊ အဆီမပါသော သို့မဟုတ် အဆီနည်းသော နို့ထွက်ပစ္စည်းများကို သောက်သုံးခြင်းနှင့် အဆီမပါသောအသားကိုစားသုံးခြင်း )

    -ပြည့်ဝဆီများ၊ ထပ်မံထည့်သွင်းထားသော သကြားများနှင့် ငန်သော၊ ဆားပါဝင်မှုများသည့် အစားအစာများကို ရှောင်ကြဉ်ခြင်းတို့ဖြစ်ပါသည်။

    -ယေဘူယျအားဖြင့် အမျိုးသမီးများသည် အရေးပေါ်ဌာနများသို့ ရောက်ရှိလာသောအခါ နှလုံးရောဂါကြောင့် နှလုံးမှာ ထိခိုက်ပျက်စီးပြီး ဖြစ်နေတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နှလုံးရောဂါ၏ လက္ခဏာများသည် တစ်ခါတစ်ရံ လွယ်ကူစွာ စမ်းသပ်တွေ့ရှိမရဘဲ ဖြစ်တတ်သဖြင့် အမျိုးသမီးများအနေဖြင့် သူတို့၏ ရောဂါလက္ခဏာများကို သတိမပြုမိခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်။

    ထိုကြောင့် သင့်အနေဖြင့် အထက်ပါရောဂါလက္ခဏာများ သို့မဟုတ် နှလုံးရောဂါ၊ နှလုံးရုတ်တရက်ဖောက်ခြင်းဖြစ်သည်ဟု သင်တွေးထင်ပါကအရေးပေါ်ဆေးကုသမှု အကူအညီရယူရန် ချက်ချင်းဖုန်းခေါ်ဆိုဖို့ လိုအပ်ပါသည်။

    ရောဂါလက္ခဏာခံစားနေရချိန်တွင် သင်တစ်ယောက်တည်းရှိနေချိန်မှလွဲ၍ ဆေးရုံသို့ သင်ကိုယ်တိုင်ကားမောင်း၍ မလာသင့်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 23/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement