backup og meta

သန့်ရှင်းသောစားသောက်မှုပုံစံသည်ကျန်းမာရေးအတွက်ဦးစားပေးအရေးကြီးပုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သန့်ရှင်းသောစားသောက်မှုပုံစံသည်ကျန်းမာရေးအတွက်ဦးစားပေးအရေးကြီးပုံ

    ကျန်းမာရေးနှင့်ညီညွတ်အောင်စားသောက်ရန်အကြိမ်ပေါင်းများစွာကျွန်ုပ်တို့ကြားဖူးကြသည်။

    လူတိုင်းကပြုပြင်ထားသောအစားအစာများသည်ကျန်းမာရေးအတွက်မသင့်တော်သည်ကိုသိရှိပြီးရှောင်ရှားသင့်သည်။ သို့ဆိုလျှင် သန့်ရှင်းသောစားသောက်မှုပုံစံဆိုသည်မှာအဘယ်နည်း။

    တောက်ပသောလှပသည့်အပြုံးများ

    အစားအစာကိုချေဖျက်ရန်ဦးဆုံးပထမကျော်ဖြတ်ရမည်မှာကျွန်ုပ်တို့၏ပါးစပ်ဖြစ်သည်။ ထို့ကြောင့်စေးကပ်သော၊ချိုသော၊သကြား ထပ်ဖြည့်ထားသောအစားအစာများသည်သွားပိုးစားခြင်းနှင့်အခြားသွားဖုံးရောဂါများကိုဖြစ်စေနိုင်သည်။ သင်သည်တစ်ခါတရံ အချိုစားချင်ပါကသဘာဝမှရသောသကြားဓါတ်ပါဝင်သည့်ချိုသောအသီးများကိုစားပေးပါ။ သန့်ရှင်းသောသွားနှင့်ခံတွင်းသည်ဈေးကြီးသောအဝတ်အစားထက်သင်၏ပုံပန်းသွင်ပြင်တစ်ခုလုံး အတွက်ပို၍အရေးပါသည်။

    လှပသောဆံသားနှင့်လှပသောလက်သည်း၊ခြေသည်းများ

    အမျိုးသမီးများအတွက် ဆံပင်နှင့်လက်သည်းများကိုဂရုစိုက်ထိန်းသိမ်းခြင်းသည်မကြာခဏအချိန်ကုန်ခံပြုလုပ်လေ့ရှိသောကိစ္စများဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများကသင့်ကိုအလှပြင်ဆိုင်သို့အသွားရ သက်သာစေသည်။ အိုမီဂါ ၃ အက်ဆစ်၊ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၊ဗီတာမင်နှင့်သတ္ထုဓါတ်များသည်သင့်ဆံသားကိုတောက်ပြောင်စေပြီး လက်သည်းခြေသည်းများကိုကျန်းမာစေနိုင်

    သည်။ ထို့ပြင်ပရိုတိန်း(ခေါ်)အသားဓါတ်များများစားပါကဆံပင်နှင့်လက်သည်းတို့ကိုကြာရှည်ခံစေသည်။

    – အသက်အရွယ်ရလာသော အခါနှလုံးရောဂါပိုမိုဖြစ်နိုင်လာသည်။ ထို့ကြောင့်နှလုံးရောဂါကို ကာကွယ်ရန်ကျန်းမာသောစားသောက်မှုပုံစံသည်အရေးကြီးသည်။ အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များကိုစားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့ကျစေသည်။ဥပမာ- ခရမ်းချဉ်သီး၊လိမ္မော်သီးတို့တွင်ပါဝင်သောဗီတာမင်စီသည်သွေးကြောများကိုအားဖြည့်ပေးသည့်အတွက် လေဖြတ်ခြင်းနှင့်သွေးပေါင်တက်ခြင်းတို့ကိုကာကွယ်ပေးသည်။ အဆီဓါတ်များနှင့်ပတ်သက်၍ပြောရလျှင်လည်းကျန်းမာရေးအတွက်ကောင်းသောအဆီ( ဥပမာ-ငါးကြီးဆီ) တို့သည်ခံတွင်းမြိန်စေခြင်းနှင့်သွေးတွင်းကိုလက်စထရောပမာဏကိုထိန်းညှိပေးခြင်းတို့၌အရေးပါသည်။

    ကင်ဆာကာကွယ်သောအစားအစာများ

    ပြုပြင်ထားသော အသင့်စားအစားအစာများသည်ပြည့်ဝဆီနှင့်ပြုပြင်ထားသောအသားဓါတ်တို့ပါဝင်သည့်အတွက် ကင်ဆာရောဂါကိုဖြစ်စေနိုင်သည်။ ထိုအစားအစာများကို ရှောင်ကြဉ်ပြီးအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များကိုစားသုံးပေးခြင်းဖြင့်ကင်ဆာရောဂါကိုကာကွယ်နိုင်ပါသည်။ ပိုမိုကောင်းမွန်သောစိတ်အခြေအနေတွင်သင့်ကိုယ်သင်ထားပါ။

    အသီးအရွက်စားသုံးသူများသည် ပိုမို၍စိတ်တည်ငြိမ်ခြင်း၊စွမ်းရည်ပိုမိုပြည့်ဝခြင်းနှင့်ပျော်ရွှင်ခြင်းတို့ကိုခံစားရသည်။ နယူးဇီလန်နိုင်ငံတွင်လူငယ် ၃၀၀ ဦးကိုရက်သတ္တပတ် ၃ပတ်ကြာပြုလုပ်သောလေ့လာချက်တစ်ခုကဖော်ပြထားခြင်းဖြစ်ပါသည်။ ထို့ပြင်ဗီတာမင်

    B 6 သည်လည်းကျွန်ုပ်တို့ကိုနေထိုင်ကောင်းစေသည့်ဒိုပါမင်း (Dopamine)ဟုခေါ်သောဟော်မုန်းဓါတ်ထွက်ရှိမှုကိုထိန်းညှိပေး သည်။

    အိုမီဂါ ၃အက်ဆစ်များသည်လည်း စိတ်မကြည်လင်ခြင်း၊စိတ်ဓါတ်ကျခြင်းတို့ကိုကုသရာတွင်အသုံးဝင်သည်။

    ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကသင့်ကိုပိုမိုပျော်ရွှင်စေနိုင်သည်မှာအထင်အရှားပင်ဖြစ်သည်။ ကျန်းမာရေးကောင်းမွန်ပါကလုပ်ငန်းခွင်နှင့်မိသားစုတွင်းတွင်သင်၏စွမ်းဆောင်ရည်လည်းပိုမိုကောင်းမွန်လာနိုင်သည်။ ကျန်းမာစေသောအစားအစာများသည် ရောဂါများကိုကာကွယ်နိုင်ရုံမျှမကသင်၏နေထိုင်ကောင်းခြင်းကို လည်းအထောက်အကူပြုပေးပါသည်။ ထို့ကြောင့်ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ၏အံ့သြဖွယ်ကောင်းကျိုးများကြောင့်ကိုယ်အလေးချိန်လျှော့ချခြင်းအပြင်၎င်းတို့ကိုဦးစားပေးစားသုံးခြင်းကိုပါပြုလုပ်ပေးသင့်ပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement