Fatty acid ကြွယ်ဝစွာပါဝင်နေတဲ့ ငါးတွေကို တစ်ပတ်ကို တစ်ကြိမ် ကနေ နှစ်ကြိမ်လောက်အထိစားပေးတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်ရာရောက်ပါတယ်။ အရွယ်ရောက်ပြီးးသူတစ်ယောက်အနေနဲ့ တစ်ပတ်တာကို ငါး ၃.၅ အောင်စ စားသုံးပေးသင့်ပါတယ်။ အကောင်းဆုံးသောငါးတွေကတော့ ဆယ်လ်မွန်၊ တူနာ၊ မက်ကာရယ်၊ဆာဒင်း၊ ထရောက်ငါးတွေပါ။
ငါးစားတဲ့အခါမှာလည်း ကင်စားတာ၊ပေါင်းစားတာ၊ ချက်စားတာတွေက ကြော်စားတာထက်ပိုသင့်တော်ပါတယ်။ omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ငါးတွေကသွေးကြောကျဉ်းတာ၊ သွေးကြောတွေတောင့်တင်းတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးတာကြောင့် ရုတ်တရက်နှလုံးရပ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ သွေးခဲတွေပိတ်ဆို့တာ၊ သွေးတွင်းအဆီများတာတွေကို သိသိသာသာလျော့ကျစေမှာပါ။
နှလုံးကျန်းမာရေးအဖွဲ့အစည်းကတော့ တစ်ပတ်တာကို ဆယ်လ်မွန် ၄ အောင်စ ပုံမှန်စားသုံးပေးမှုက omega-3 fatty acids ၂၅၀ မီလီဂရမ်ပမာဏကို စားသုံးတာနဲ့ ညီမျှပါတယ်။ ၂၀၀၂ ခုနျစ်ကလည်း နှလုံးကျန်းမာမှုအတွက် ငါးစားတာက အထောက်အကူဖြစ်စေတယ်လို့လေ့လာတွေ့ရှိခဲ့တာပါ။ ဒီလေ့လာချက်ကို ခိုင်မာစေဖို့ နောက်ထပ် ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာလည်း ငါးစားသုံးမှုက နှလုံးကျန်းမာစေတယ် ဆိုတဲ့ ရလဒ်ကိုပဲတွေ့ရှိခဲ့ပါတယ်။
သိပ္ပံနည်းကျလေ့လာမှုတွေအရ အသားတွေစားသုံးမှုက ပြည့်ဝဆီပါဝင်မှုများတာကြောင့် သွေးကြောတွေထဲမှာ အဆီတွေပိတ်ဆို့တာမျိုးဖြစ်စေနိုင်ပြီး ငါးမှာတော့ အကျိုးပြုအဆီပဲပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောများတာမျိုးမ ရှိသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေတောင်ရရှိစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။