backup og meta

နှလုံးရပ်ခြင်းလက္ခဏာများနှင့် အရေးပေါ် အသက်ကယ်နည်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးရပ်ခြင်းလက္ခဏာများနှင့် အရေးပေါ် အသက်ကယ်နည်း

    သင်သည် သင့်အကြောင်းကိစ္စတစ်ခုခုကိုတွေးရင်း လမ်းလျှောက်လာသည် ဆိုပါစို့။ ထိုအချိန်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး မိမိရင်ဘတ်ကိုဖိပြီး မျက်လုံးအပေါ်လန်ကာ ပါးစပ်ဟ၍ အသက်ခက်ခက်ခဲခဲ ရှူနေသည်ကို သင်တွေ့လိုက်ပါပြီတဲ့။ မိနစ်အနည်းငယ် မကြာမီတွင် ထိုသူသည် မြေပြင်ပေါ်သို့လဲကျ သွားမည်။ ထိုအခါ ဆေးရုံကားကို လျှင်မြန်စွာ ခေါ်ပြီးနောက် သင်ဘာဆက်လုပ်မလဲ။

    နှလုံးရပ်သွားသော လူတစ်ယောက်အတွက် စက္ကန့်တိုင်း သည် အရေးကြီးသောကြောင့် အချိန် နောက်ကျသည်နှင့်အမျှ အသက်ရှင်ရန် အခွင့်အရေး နည်းပါးသည်။ ထို့ကြောင့် လူနာ၏အခြေအနေကို ဖော်ပြသော လက္ခဏာ များကို သတိထားခြင်းသည် အသုံးဝင်ပါသည်။ နှလုံးခုန် ရုတ်တရက်ရပ်သွားလျှင် ကိုယ်တွင်းအင်္ဂါများသို့ို သွေးနှင့် အောက်ဆီဂျင် မရောက်နိုင်တော့သောကြောင့် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရန်ခက်ခဲ ခြင်း၊ မူးမေ့လဲခြင်း၊ တုံ့ပြန်မှုမရှိခြင်း၊ ခြေလက်များ ပျော့ခွေသွားခြင်းများ ဖြစ်နိုင်သည်။ ထိုသူ၏ နှလုံးခုန်နှုန်းကို စမ်းကြည့်လျှင် သွေးခုန်နှုန်း မြန်နေပါလိမ့်မည်။ သွေးခုန်နှုန်း မစမ်းမိသောအခြေအနေရောက်လျှင် လူနာသည် မြေပြင်ပေါ်သို့လဲကျပြီး သတိလစ်သွားပါလိမ့်မည်။ ထိုအခြေအနေများကို သတိပြုမိခြင်းဖြင့် အရေးပေါ်ကုသမှုများကို လျှင်မြန်စွာလုပ်ဆောင်နိုင်ပြီး ထိုသူ၏ အသက်ကို ကယ်တင်နိုင်ပါလိမ့်မည်။ နောက် တွင် ဆက်လုပ်ရမည့်အဆင့်များကို အောက်တွင်ဖော်ပြထားသည်။

    အဆင့် ၁ ။ ဆေးရုံကားခေါ်ပါ။ နှလုံးရပ်ခြင်းသည် ကျွမ်းကျင်သူ အကူအညီကို လိုအပ်သောအခြေအနေ ဖြစ်သည်။

    အဆင့် ၂ ။ တစ်စုံတယောက်ကို Automated external defibrillator (AED) အော်တို နှလုံးနှိုးစက်ကို ရှာခိုင်းပါ။ အကယ်၍ သင်တစ်ယောက်တည်းဆိုလျှင် ထိုအဆင့်ကို ကျော်နိုင်ပါသည်။ AED စက်သည် နှလုံးစည်းချက်ကို ပုံမှန်သို့ ပြန်ရောက်အောင် ပြုလုပ်နိုင်ပါသည်။ သို့သော်လည်း စက်ရှာနေ၍ လူကို ၃မိနစ်လောက် ဘာမျှမလုပ်ဘဲထားခြင်းသည် ကောင်းသောအကြံဉာဏ်တော့ မဟုတ်ပါဘူး။ ထို့ပြင် AED စက်ကို အသုံးပြုနိုင်ရန် လေ့ကျင့်ထားသင့်ပါသည်။ သို့မဟုတ်ပါက အရေးပေါ်အသက်ကယ်ဆယ်နည်း ကို ဆက်လက်လုပ်ဆောင်သင့်ပါသည်။

    အဆင့် ၃ ။ အရေးပေါ်အသက်ကယ်ဆယ်ခြင်း (CPR) သည် လူတစ်ယောက် အသက်ကို ကယ်တင် နိုင်သော ရှေးဦးသူနာပြုနည်းလမ်း ဖြစ်ပါသည်။ အရေး ပေါ်အသက်ကယ်နည်း(CPR) နှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ လေမှုတ်သွင်းခြင်းပါဝင်သော စံအသက်ကယ်ဆယ်နည်း (standard CPR) ဖြစ်ပြီး နောက်တစ်မျိုးမှာ ရင်ဘတ်ကို ဖိခြင်းသာပါဝင်ပြီး လေမှုတ်သွင်းခြင်း မပါဝင်ပါဘူး။ အကယ်၍ သင်သည် စံအသက်ကယ်ဆယ်နည်း ကို လေ့ကျင့်ထားသူဆိုလျှင် တုံ့နှေးခြင်းမရှိဘဲ လုပ်ဆောင်ပါ။ အကယ်၍ မလေ့ကျင့်ဖူးသူဆိုလျှင် လူနာ၏ခန္ဓါကိုယ်ကို မြေပြင်ပေါ်တွင် လဲလျောင်းပါ။ လေလမ်းကြောင်းရှင်းစေရန် ဦးခေါင်းကို အနည်းငယ်မော့ပါ။ ထို့နောက် ရင်ဘတ်ဖိပါ။ လူနာအသက်ရှူနိုင်ရန်နှင့် ခန္ဓါကိုယ် တစ်ခုလုံးသွေး ရောက်နိုင်ရန် အရေးပေါ် အသက်ကယ်နည်းက ကူညီပါလိမ့်မည်။ ရင်ဘတ်ဖိခြင်းကို အော်တိုနှလုံးနှိုးစက်ရသည်အထိ (သို့) ကျွမ်းကျင်ပညာရှင် ရောက်လာသည် အထိ လုပ်ဆောင်ပါ။

    အကယ်၍ CPR အရေးပေါ် အသက်ကယ်ဆယ်ခြင်းဟာ လူကို ထိခိုက်စေမှာကို စိုးရိမ်နေလျှင် သင်မှားနေပါပြီ။ CPR သည် နံရိုးကျိုး စေနိုင်သည်မှာ မှန်သော်လည်း သင်သာအချိန်မီ CPR လုပ်နိုင်လျှင် လူအသက်ကို ကယ်တင်နိုင်ပါသည်။ စက္ကန့်တိုင်းသည် အဖိုးတန်သည်ကို သတိရပါ။ မတုံ့ နှေးနေပါနှင့်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement