backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Wolff-Parkinson-White Syndrome (ဝုဖ်-ပါကင်ဆန်-ဝိုက် ဆင်ဒရုန်း )


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဝုဖ်-ပါကင်ဆန်-ဝိုက် ဆင်ဒရုန်း ဆိုတာဘာလဲ။

ဝုဖ်-ပါကင်ဆန်-ဝိုက် ဆင်ဒရုန်း (WPW) ဆိုတာ နှလုံးအပေါ်ခန်းနဲ့ အောက်ခန်းတို့ကြားမှာ အပိုလျှပ်စစ်စီးကြောင်းတစ်ခုပေါ်လာပြီး နှလုံးခုန်မြန်စေခြင်းဖြစ်ပါတယ်။ အပိုလျှစ်စစ်စီးကြောင်းက မွေးကတည်းကပါလာပြီး အတော်အသင့် ရှားပါးပါတယ်။

နှလုံးခုန်းမြန်ခြင်းတို့က အန္တရယ်မရှိကြသော်လည်း ဆိုးရွားတဲ့ နှလုံးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကုသမှုတွေက ထိုနှလုံးခုန်မြန်ခြင်းကို ရပ်တန့်နိုင်စွမ်း/ကာကွယ်နိုင်စွမ်းရှိကြပါတယ်။

အပိုလျှပ်စစ်စီးကြောင်းရှိတဲ့ လူအများစုက နှလုံးခုန်မမြန်ကြပါဘူး။ ထိုအခြေအနေကို ဝုဖ်-ပါကင်ဆန်-ဝိုက် ပုံစံလို့ခေါ်ပြီး နှလုံးစစ်ဆေးမှုတွေမှာ ကံကောင်းလို့သာ တွေ့ရတတ်ပါတယ်။ များသောအားဖြင့် အန္တရယ်မရှိသော်လည်း ထိုပုံစံရှိတဲ့ကလေးတွေကို ပြင်းထန်တဲ့အားကစားတွေမပြုလုပ်ခင်မှာ နောက်ထပ်စစ်ဆေးမှုတွေ ထပ်လုပ်ဖို့လိုပါတယ်။

ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

မွေးကင်းစကလေးငယ်တွေ အပါအဝင် အသက်အရွယ်မရွေး ထိုရောဂါဖြစ်ပွားနိုင်ပါတယ်။ အများစုပေါ်တဲ့ အသက်အရွယ်ကတော့ ဆယ်ကျော်သက်တွေနဲ့ အသက်၂၀ ဝန်းကျင်တွေ ဖြစ်ပါတယ်။ WPW စင်ဒရုန်းလူနာ ၁၀ကနေ ၃၀ရာခိုင်နှုန်းလောက်မှာ အေထရီရယ်ဖိုက်ဘရီလေးရှင်းလို့ခေါ်တဲ့ နှလုံးခုန်မမှန်ခြင်းမျိုးဖြစ်တတ်ပါတယ်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

နှလုံးခုန်မြန်ခြင်းကြောင့် ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းရဲ့ အဖြစ်များသောရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

  • နှလုံးခုန်မြန်ခြင်း၊ ပြင်းထန်ခြင်း၊ ရင်တုန်ခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်း
  • မူးဝေခြင်းနှင့် မူးလဲမလိုဖြစ်ခြင်း
  • အသက်ရှုကြပ်ခြင်း
  • မူးလဲခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • စိတ်လှုပ်ရှားခြင်း

နှလုံးခုန်မြန်ခြင်းက ရုတ်တရက်စလာပြီး စက္ကန့်အနည်းငယ် သို့မဟုတ် မိနစ်အနည်းငယ်လောက်ထိ ခံပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်ဖြစ်နိုင်သလို နားနေတဲ့အချိန်မှာလည်း ဖြစ်နိုင်ပါတယ်။ အချို့လူတွေအတွက် အရက်နဲ့ ကဖင်းဓါတ်တို့ကြောင့်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

အရမ်းဆိုးရွားတဲ့အခြေအနေတွေမှာ WPW လူနာများတွင် အောက်ပါတို့ဖြစ်ပေါ်နိုင်ပါတယ်။

  • ရင်ဘတ်အောင့်ခြင်း
  • ရင်ဘတ်တင်းကြပ်ခြင်း
  • အသက်ရှုကြပ်ခြင်း
  • သတိလစ်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

စောစောသိ စောစောကုသခြင်းက ထိုရောဂါ ပိုမိုဆိုးရွားလာခြင်းနဲ့ အရေးပေါ်အခြေအတွေ ထပ်မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တတ်နိုင်သမျှ မြန်မြန်ပြဖို့ လိုအပ်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းဖြစ်ပွားစေသလဲ။

နှလုံးခုန်မြန်စေသော အပိုလျှပ်စစ်စီးကြောင်းက မွေးကတည်းက ပါဝင်ပါတယ်။ WPW လူနာ အနည်းစုမှာပဲ မျိုးရိုးဗီဇအကြောင်းအရင်းရှိတယ်လို့ ယုံကြည်ရပါတယ်။ အပ်စတိန်း အနော်မယ်လီ လို့ခေါ်တဲ့ မွေးရာပါနှလုံးရောဂါဖြင့် ဆက်စပ်နေနိုင်ပါတယ်။

အပိုလျှပ်စစ်စီးကြောင်း ဖြစ်ပေါ်လာရတဲ့ အခြားအကြောင်းအရင်းတွေ သိပ်မသိရသေးပါဘူး။

လျှပ်စစ်စီးကြောင်း အပိုပါဝင်ခြင်းက နှလုံးစည်းချက်မမှန်မှု အဓိက အမျိုးအစား၂မျိုးကို ဖြစ်စေပါတယ်။

  • လျှပ်စစ်စီးကြောင်းများအဝိုင်းပတ်ခြင်း

WPW မှာ လျှပ်စစ်စီးကြောင်းအပိုနှင့် နဂိုရှိလျှပ်စစ်စီးကြောင်းတို့မှ လျှပ်စစ်တွေဟာ တစ်ခုနှင့်တစ်ခုကူးပြီး အဝိုင်းပတ်ပုံသဏ္ဍန် စီးဆင်းကြပါတယ်။ ထိုအခြေအနေ (AV reentrant tachycardia) ဟာ နှလုံးသွေးလွှတ်ခန်းကို အရမ်းမြန်တဲ့နှုန်းနဲ့ လျှပ်စစ်စီးစေပါတယ်။ ရလဒ်အနေနဲ့ သွေးလွှတ်ခန်းက မြန်မြန်ညှစ်ပြီး နှလုံးခုန်မြန်လာပါတယ်။

  • လျှပ်စစ်ဓါတ်များအစီအစဉ်မကျခြင်း

ပုံမှန်အတိုင်း နှလုံးညာဘက်သွေးဝင်ခန်းမှာ လျှပ်စစ်စီးဆင်းမှုတွေ မစတင်တော့ဘူးဆိုရင် သွေးဝင်ခန်းကို အစီအစဉ်တကျ မစီးဆင်းတော့ဘဲ Atrial fibrillation ဖြစ်လာပါတယ်။ အပိုလျှပ်စစ်စီးကြောင်းနဲ့ အစီအစဉ်မကျသော လျှပ်စစ်စီးဆင်းမှုတွေက သွေးလွှတ်ခန်းကို မြန်မြန်ခုန်လာစေပါတယ်။ ရလဒ်အနေနဲ့ သွေးလွှတ်ခန်းတို့မှာ သွေးဖြည့်ဖို့ အချိန်အလုံအလောက်မရှိတော့ဘဲ ခန္ဓါကိုယ်ကို သွေးမပို့နိုင်တော့ပါဘူး။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

WPW ဟာ ယောက်ျားတွေမှာ အဖြစ်များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်း ရှိနေမယ်လို့ ဆရာဝန်က သံသယရှိနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ပြီးနောက်အောက်ပါ စစ်ဆေးမှုတို့ကို ပြုလုပ်ပါလိမ့်မယ်။

  • အီးစီဂျီ (ECG)

ရင်ဘတ်နဲ့ လက်တို့မှာ အာရုံခံကိရိယာလေးတွေကပ်ပြီး နှလုံးကို ဖြတ်သန်းစီးဆင်းနေတဲ့ လျှပ်စစ်လှိုင်းတွေကို ကြည့်တာပါ။

  • အလွယ်တကူသယ်ဆောင်နိုင်သောECG

အိမ်မှာ အလွယ်တကူသယ်လို့ရတဲ့ အီးစီဂျီစက်ကလေးဆောင်ထားတာက နှလုံးခုန်နှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပိုမိုသိရှိစေနိုင်ပါတယ်။ ဟော်တာ မော်နီတာက နှလုံးခုန်းခြင်းကို ၂၄နာရီစောင့်ကြည့်တာပါ။ အီးဗန့် ရီကော်ဒါကတော့ နှလုံးခုန်နှုန်းမြန်မှုတို့ကို မှတ်သားထားတာပါ။

  • လျှပ်စစ်ဇီဝကမ္မဆိုင်ရာစစ်ဆေးခြင်း

လျှပ်ငုတ်တွေက နှလုံးခုန်တဲ့အချိန်မှာ ဖြစ်ပေါ်တဲ့ လျှပ်လှိုင်းပြန့်နှံ့မှုတွေကို သေချာပုံဖော်ပေးပြီး အပိုလျှပ်စစ်စီးကြောင်းရှိမရှိကို သိရှိစေနိုင်ပါတယ်။

ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းကို ဘယ်လိုကုသလဲ။

ထိုရောဂါအတွက် ကုသမှုအချို့ကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

  • ဗေဂယ်မန်နျူဘာ

ချောင်းဆိုးခြင်း၊ အီးညှစ်ခြင်းနှင့် မျက်နှာရေခဲကပ်ခြင်းတို့လိုမျိုး သာမန်လှုပ်ရှားမှုတွေက ဗေဂယ်အာရုံကြောကို လှုံ့ဆောင်ပေးပြီး နှလုံးခုန်နှုန်းကို ညှိပေးပါတယ်။ နှလုံးခုန်မြန်လာတဲ့အခါ နှေးသွားအောင် ဗေဂယ်မန်နျူဘာလုပ်ဖို့ ဆရာဝန်အကြံပြုပါလိမ့်မယ်။

  • ဆေးဝါးများ

အထက်ပါနည်းလမ်းအလုပ်မဖြစ်ဘူးဆိုရင် နှလုံးစည်းချက်မှန်စေသော ဆေးထိုးဖို့ လိုအပ်ပါတယ်။ နှလုံးခုန်နှေးစေတဲ့ ဆေးလည်း ထိုးခိုင်းနိုင်ပါတယ်။

  • ကာဒီယိုဗားရှင်း

လျှပ်စစ်ရှော့ခ်ရိုက်စက်ကို ရင်ဘတ်ပေါ်မှာတင်ပြီး နှလုံးပုံမှန်စည်းချက်ရအောင် လုပ်ပေးတာပါ။ အထက်နည်းလမ်း၂ခုအလုပ်မဖြစ်ပါက ကာဒီယိုဗားရှင်းကို ပုံမှန်အားဖြင့် အသုံးပြုလေ့ရှိပါတယ်။

  • ရေဒီယိုကြိမ်နှုန်းဖြင့်ချူတံထည့်အရည်ဖျော်ဖျက်စီးခြင်း

ပျော့ပျောင်းပါးလွှာသောပိုက် (ကသီတာ)များကို သွေးကြောကနေတစ်ဆင့်ထိုးထည့်ပြီး နှလုံးသို့သွားပါတယ်။ ပြွန်ထိပ်ရှိ လျှပ်ငုတ်လေးက ရောဂါဖြစ်စေတဲ့ အပိုလျှပ်စစ်လမ်းကြောင်းကို ဖျက်စီးပေးပါတယ်။ ထိုနည်းလမ်းက WPW လူနာအများစုကို အရှင်းပျောက်အောင်ကုသပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဝုဖ်-ပါကင်ဆန်-ဝိုက် စင်ဒရုန်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အိမ်တွင်းကုထုံးတွေက နှလုံးခုန်နှုန်းကို သာမန်ဖြစ်အောင်ထိန်းထားခြင်းနဲ့ နှလုံးခုန်နှုန်းမြန်စေတဲ့အရာများအား ရှောင်ကျဉ်ခြင်းတို့အပေါ် အာရုံစိုက်ပါတယ်။ နှလုံးခုန်နှုန်းမြန်စေတဲ့ အရာများကို ကြိုးစားအမည်တပ်ကြည့်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement