ကိုလက်စထရောလ်

ကိုလက်စထရော အကျိုးပြု ကိုလက်စထရော ရှိသလို အကျိုးမပြု ကိုလက်စထရောလည်း ရှိပါတယ်။ သွေးတွင်း ကိုလက်စထရော များတာက ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ကိုလက်စထရောနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကိုလက်စထရောလ်

ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီ ဆိုတာ

အဆီဆိုတိုင်း ကျန်းမာရေးအတွက် မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အကျိုးပြုတဲ့အဆီလည်းရှိတဲ့အတွက် ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီ အကြောင်း နှိုင်းယှဉ်ပြီး ပြောပြပေးသွားပါ့မယ်။ ကိုယ်တွင်းဆဲလ်တွေအားလုံးမှာ ပါဝင်နေတဲ့ ကိုလက်စထရောဓာတ်တွေက အဆီဓာတ်တွေပါပဲ။ အဆီဓာတ်က ဆဲလ်တည်ဆောက်မှုလုပ်ငန်းမှာ အကူအညီပေးသလို တခြားအရေးကြီးတဲ့အလုပ်တွေလည်း လုပ်ဆောင်ပေးပါတယ်။ အဆီဓာတ်တွေက သွေးကြောထဲစီးဆင်းနေပြီး ပရိုတင်းဓာတ်တွေနဲ့ သွားပေါင်းတယ်။ ဒီကနေရလာတဲ့အဆီတွေက lipoprotein အဆီတွေဖြစ်လာပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ Lipoprotein အဆီ ၂ မျိုးရှိပါတယ်၊ အတိုကောက် LDL လို့ခေါ်တဲ့ မကောင်းတဲ့ အဆီရယ်၊ HDL လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက်ကောင်းတဲ့အဆီရယ်ဆိုပြီး ခွဲနိုင်ပါတယ်။ ဒီအဆီဓာတ် ၂ မျိုး အတက်အကျက နှလုံးနဲ့ သွေးကြောကျန်းမာရေးအကြောင်း အများကြီးပြောပြနိုင်တဲ့အတွက် သူတို့အကြောင်း နည်းနည်းလောက်ရှင်းပြပါရစေ။ https://hellosayarwon.com/heart-health/cholesterol/fat-and-cholesterol/ ကောင်းတဲ့အဆီ၊ မကောင်းတဲ့အဆီ ဆိုတာ LDL (Low-density lipoprotein cholesterol) လူတွေပြောပြောနေတဲ့ မကောင်းတဲ့အဆီဆိုတာ […]

ကိုလက်စထရောလ် ကို ရှာဖွေမည်။

ကိုလက်စထရောလ်

Corinda Leaf (နံနံပင်)

နံနံပင် (Corinda Leaf)နံနံပင်အရွက်ကရော အစေ့ကိုပါ ဟင်းချက်ရာမှာအသုံးပြုကြပါတယ်။ နံနံပင်ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ ဘီစီ ၅၀၀၀လောက်ကတည်းက ကမ္ဘာပေါ်မှာပေါက်ရောက်နေခဲ့တာဖြစ်ပါတယ်။ ယနေ့မှာတော့ နံနံပင်ရဲ့အရွက်နဲ့ အစေ့တွေက အစားအသောက်တော်တော်များများမှာထည့်သွင်းချက်ပြုတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်လာကြပြီဖြစ်ပါတယ်။ နံနံပင်ကိုရှေးယခင်ကာလတွေကတည်းက အစာကျောညက်စေဖို့ ၊ အစာအိမ်ဆိုင်ရာဝေဒနာတွေ၊ကျောက်ပေါက်တာ၊အော့အန်တာ၊သွေးအားနည်းတာ၊ အဖျားတက်တာ၊ဝက်သက်ပေါက်တာ၊အအေးမိတာ၊အူကျွံတာတွေကိုကုသရာမှာအသုံးပြုခဲ့ကြပါတယ်။ နံနံပင်က အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ နံနံပင်ရဲ့ အရွက်မှာ သံဓါတ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနိနဲ့ ဗီတာမင်အေ၊ဘီနဲ့စီတို့ကြွယ်ဝစွာပါဝင်ပါတယ်။ cineole လို့ခေါ်တဲ့ နံနံပင်မှာပါတဲ့phytochemicalတစ်မျိုးကရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုတွေကိုကုသရာမှာအသုံးပြုပါတယ်။ နံနံပင်က ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ အရေးပါတဲ့ဆေးဖက်ဝင်အပင်တွေထဲကတစ်မျိုးပါ။ နံနံပင်စားသုံးပေးမှုကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကိုဖော်ပြလိုက်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများထိရောက်တဲ့ ပဋိဇီဝဆေးအဖြစ်အသုံးပြုနိုင်ခြင်း နံနံပင်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာချေစနစ်ဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ နံနံပင်မှာborneol ခေါ် ဓါတုပစ္စည်း တစ်မျိုးပါဝင်နေတာကြောင့်E.coli ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ံနံပင်က သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။လေပွတာ၊ဝက်သက်၊လိပ်ခေါင်းရောဂါ (hemorrhoids)၊မူးဝေခြင်း၊ တုပ်ကွေး၊သွေးတိုးတာ၊ ရင်သားရောင်ရမ်းနာကျင်ခြင်း။ အော့အန်ခြင်း နဲ့ ပန်းသေခြင်းတွေကို သက်သာစေနိုင်ပါတယ်။ နံနံပင်မှာ dodecenal လို့ခေါ်တဲ့ပဋိဇီဝပစ္စည်းတစ်မျိုးပါဝင်ပါတယ်။Dodecenal […]


ကိုလက်စထရောလ်

အထီးကျန်စိတ်ဝေဒနာရောဂါ သည် HDLကို ကျဆင်းစေသည်

Autism အထီးကျန်စိတ်ဝေဒနာရောဂါ နှင့် ပတ်သတ်၍ ကျွန်ုပ်တို့အနည်းငယ် နားလည်အောင် ပြုလုပ်ရန်ပင် များစွာလိုသေးသည်။ Autism ဖြစ်သူများတွင် တစ်ယောက်နှင့် တစ်ယောက်လက္ခဏာချင်းမတူကြသလို ဖြစ်ပွားရခြင်းအကြောင်းရင်းလည်းမတူ၊ ကုသပုံလည်း မတူကြပေ။ သိပ္ပံပညာရှင်များနှင့် သမားတော်များသည် ဤရောဂါနှင့် ပတ်သတ်၍ပိုမိုသိရှိနိုင်ရန် ကြိုးစားလေ့လာနေကြပါသည်။ Autism Spectum disorder ဆိုသည်မှာ အဘယ်နည်း။ Autism သို့မဟုတ် Austism spectrum disorder သည်လူမှုဆက်ဆံရေး၊ စကားပြောခြင်းနှင့် စကားမပြောပဲ ဆက်သွယ်ခြင်း၊ ထပ်တလဲလဲလုပ်တတ်သော အပြုအမူများနှင့် အခြားသောထူးခြားသော အချက်များနှင့် ခြားနားချက်များ အမျိုးစုံအခြေအနေများနှင့် တွေ့ရတတ်သော ရောဂါတစ်မျိုးဖြစ်သည်။ Autism ရှိသူတိုင်းသည် တစ်မျိုးတစ်စားတည်း မဟုတ်ပဲ လက္ခဏာမတူညီကြပေ။ ထို့ကြောင့် ရောင်စဉ်တန်းများကဲ့သို့ပင် ကွဲကြားခြားနားသဖြင့် spectrum ဟူသော စကားလုံးကိုသုံးကြသည်။ ရောဂါသည် တစ်ဦးတစ်ယောက်ချင်းစီ၏ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်လွှမ်းမိုးမှုများပေါ်တွင် မူတည်သည်။ ပထမဆုံးလက္ခဏာသည် အသက်နှစ်နှစ်နှင့်သုံးနှစ် […]


ကိုလက်စထရောလ်

Cholesterol And Triglycerides Tests (ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်ကို စစ်ဆေးနည်းတွေက)

အခြေခံကိုသိရှိခြင်းကိုလက်စထရော (cholesterol) နဲ့ ထရိုင်ဂလစ်စရိုက် (triglycerides) ကို စစ်ဆေးနိုင်မယ့် နည်းလမ်းတွေက ဘာတွေလဲ ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်တွေကို စစ်ဖို့ သွေးနမူနာယူပြီး စစ်ဆေးနည်းတွေ လုပ်ရပါတယ်။ အဲဒီနည်းတွေက သွေးထဲမှာ အဆီနဲ့ဆိုင်တဲ့ အရာတွေ (ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက်) တွေ စုစုပေါင်း ပမာဏ ဘယ်လောက် ရှိနေတယ် ဆိုတာကို တိုင်းတာပေးပါတယ်။ ကိုလက်စထရောဟာ ပရိုတင်းတစ်ခုနဲ့ အတူတွယ်ဆက်ပြီး သွေးထဲမှာ သွားလာနေပါတယ်။ အဲဒီလို ပရိုတင်းနဲ့ ကိုလက်စထရော အတွဲကို lipoprotein (လိုင်ပို ပရိုတင်း) လို့ ခေါ်ပါတယ်။ ဒါ့ကြောင့် lipoprotein (လိုင်ပို ပရိုတင်း) ကို စစ်ဆေးခြင်းအားဖြင့် စုစုပေါင်း ကိုလက်စထရော၊ LDL ကိုလက်စထရော၊ HDL ကိုလက်စထရောနဲ့ ထရိုင်ဂလစ်စရိုက် […]


ကိုလက်စထရောလ်

Dyslipidemia (သွေးတွင်းအဆီဓါတ်မမျှတခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်။Dyslipidemia (သွေးတွင်းအဆီဓါတ်မမျှတခြင်း)ဆိုတာဘာလဲ။ ­­­အဆီတွေဟာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်တွေနဲ့ အတူ အသက်ရှိနေတဲ့ ဆဲလ်တွေ အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ ကိုလက်စထရောနဲ့ triglycerides တွေဟာ ကိုယ်ခန္ဓါအတွင်းပိုင်းမှာ သိုလှောင်ထားတဲ့ အဆီတွေဖြစ်ပြီး အားအင်ရဲ့ အဓိက အရင်းအမြစ်ဖြစ်ပါတယ်။ သွေးအတွင်းမှာရှိတဲ့အဆီတွေဟာ အရမ်းများ၊ အရမ်းနည်းနေခဲ့ရင် ဒီအခြေအနေကို dyslipidemia လို့ ခေါ်ပါတယ်။ အဖြစ်များတဲ့ dislipidemia အမျိုးအစားတွေကတော့- LDL များခြင်း (မကောင်းတဲ့ ကိုလက်စထရော) LDL နည်းခြင်း (ကောင်းတဲ့ ကိုလက်စထရော) Triglycerides များခြင်း တို့ပဲဖြစ်ပါတယ်။ Dyslipidemia (သွေးတွင်းအဆီဓါတ်မမျှတခြင်း)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Dyslipidemia ဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။Dyslipidemia(သွေးတွင်းအဆီဓါတ်မမျှတခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Dyslipidemia မှာ လက္ခဏာ မရှိပါဘူး။ သွေးစစ်ဆေးမှုဟာ ဒီအခြေအနေကို သိရှိဖို့ […]


ကိုလက်စထရောလ်

နှလုံးကျန်းမာရေးအတွက် ဖြည့်စွက် ဓါတ်စာများ အကြောင်း

လူတွေက နှလုံးကျန်းမာရေးအတွက် ဗီတာမင်တွေနဲ့ ဖြည့်စွက်ဓါတ်စာတွေ စားကြပါတယ်။ ဘယ်ဖြည့်စွက်ဓါတ်စာက အကောင်းဆုံး ဖြစ်မလဲ။ သင့်အနေနဲ့ တစ်နေ့ ဘယ်လောက်လောက် စားပေးသင့်သလဲ။ အခု သင့်နှလုံးအတွက် ကောင်းတဲ့ ဖြည့်စွက်ဓါတ်စာ စာရင်းကို ဖော်ပြမှာ ဖြစ်ပါတယ်။   အပင်များတွင် ပါဝင်သော စတီရော ဓါတ် အပင်များတွင် ပါဝင်သော စတီရောဓါတ်မှာ အူများမှ ကိုလက်စထရော စုပ်ယူမှုကို တားဆီးခြင်းအားဖြင့် သွေးတွင်း ကိုလက်စထရော ပမာဏကို ကျစေပါတယ်။   ကိုအင်ဇိုင်း ကြူ ၁၀ Coenzyme Q10မှာ ဆဲလ်များရဲ့ ပျက်စီးထိခိုက်မှုကို ကာကွယ်ရာမှာ ကူညီပေးတဲ့ Antioxidant နဲ့ ဆင်တူပါတယ်။ အချို့သော လေ့လာမှုများက ကိုအင်ဇိုင်း ကြူ ၁၀ ဖြည့်စွက်ဓါတ်စာများက သွေးပေါင်ချိန်ကို အနည်းငယ် ကျစေပြီး နှလုံးအားနည်းရောဂါ ကုသရာမှာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ကိုအင်ဇိုင်း […]


ကိုလက်စထရောလ်

နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပြီး အရသာရှိသော အစားအစာများ

သွေးတိုး၊ ကိုလက်စထရောများခြင်း၊(သို့) နှလုံးရောဂါရာဇဝင်ရှိသည့်လူနာများတွင် နှလုံးဖောက်ခြင်း နှင့် လေဖြတ်ရောဂါဖြစ်နိုင်ချေ များပါသည်။ သင့်အစားအစာကို အနည်းငယ်ပြောင်းလဲပေးခြင်းက ရောဂါဖြစ်နှုန်းကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် သင့်နှလုံးအတွက်ကောင်းမွန်သော အစားအစာများကို ရွေးချယ်ပေးသင့်သည်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံနှင့် အစေ့အဆန်များ ကျန်းမာသောနှလုံးအတွက် အာဟာရတွင် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်များများပါသင့်သည်။ ဤ အစားအစာများသည် အမျှင်ဓါတ်ပါဝင်သောကြောင့် မကောင်းသော “LDL” ကိုလက်စထရောကို လျှော့ချပေးနိုင်သည်။ အာဟာရပညာရှင်အများစုက သင်သည် တစ်နေ့လျှင် အနည်းဆုံး အစေ့အဆံ ၁ အောင်စ ၃ကြိမ်စာ နှင့် သစ်သီး၊ ဟင်းသီးဟင်းရွက် ၅ခွက် စားပေးသင့်သည်ဟု အကြံပြုကြသည်။ ထို့ပြင်သင်သည် ပဲသီးတောင့်၊ ပဲအမျိုးမျိုး(ပဲနီကလေးကဲ့သို့)၊ အစေ့များ၊ အခွံမာသီးများ ပို၍စားသင့်သည်။ တစ်ပတ်လျှင် သင့်ဦးတည်ချက်သည် အခွံမာသီး၊ အစေ့အဆံ(သို့) ပဲအမည်းအပါအဝင် ပဲအမျိုးမျိုး၊ ကုလားပဲ၊ ပဲနီကလေးများကို ၄ကြိမ်အထိ စားပေးသင့်သည်။   ပို၍ကျန်းမာစေသောအဆီများ ပို၍ကျန်းမာစေသောအဆီများက […]


ကိုလက်စထရောလ်

နှလုံးကျန်းမာရေးအတွက် လျှို့ဝှက်ချက် ၁၀ ချက်

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် အရှေ့တိုင်းသားတွေက အနောက်တိုင်းနေထိုင်မှုဘဝပုံစံတွေဘက်ကို ခြေဦးလှည့်လာကြပါတယ်။ ကျွန်ုပ်တို့ဟာ အဆီနဲ့ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကို တဖြည်းဖြည်း ပိုစားသုံးလာကြပါတယ်။ အဝလွန်ရောဂါဖြစ်စေနိုင်တဲ့အကြောင်းရင်းဖြစ်တဲ့ ၎င်းဓါတ်တွေကြောင့်ပဲ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေများလာစေပါတယ်။ ဒါပေမယ့်လည်း စားသောက်မှုပုံစံပြောင်းလဲခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ခြင်း၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့ဖြင့် နှလုံးရောဂါဖြစ်ပွားမှု ၉၀ ရာခိုင်နှုန်းကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ အောက်ပါအချက် ၁၀ချက်ကိုလိုက်နာရင်းနဲ့ပဲ နှလုံးရောဂါအန္တရာယ် နည်းပါးအောင် သင့်ကိုယ်သင်ကာကွယ်နိုင်ပါတယ်။ အဆင့်(၁) သင့်ခန္ဓါကိုယ်ရဲ့ပျမ်းမျှညွှန်းကိန်းကို သိရှိအောင်လုပ်ပါ ကုလသမဂ္ဂထုတ်ပြန်ချက်အရ ကမ္ဘာအနှံ့ကနှလုံးရောဂါဖြစ်ပွားမှုတွေရဲ့ သုံးပုံတစ်ပုံဟာ သွေးတွင်းကိုလက်စထရောပမာဏမြင့်မားမှုနဲ့ဆက်နွှယ်နေပါတယ်။ သင့်မှာရှိနေတဲ့ ကိုလက်စထရော ( အဆီပါဝင်ပစ္စည်း) ပမာဏကို အောက်ပါညွှန်းကိန်းတွေနဲ့ တိုင်းတာသိရှိနိုင်ပါတယ်။   အဆင့် (၂) အန္တရာယ်ကို တွက်ဆပါ နှလုံးရောဂါအန္တရာယ်ပိုများစေနိုင်တဲ့ အကြောင်းရင်းခံအချက်တွေအများကြီးရှိပါတယ်။ ဥပမာ- သင်ဟာ ဆေးလိပ်သောက်တတ်သူ၊ သွေးတိုးရှိသူ၊ ဒါမှမဟုတ် သွေးတွင်းကိုလက်စထရောများသူ ဆိုတဲ့ အခြေအနေသုံးမျိုးထဲက တစ်ခုမှာပါဝင်နေခဲ့ရင် ခြောက်နှစ်ကာလအတွင်း နှလုံးရောဂါဖြစ်နိုင်တဲ့အလားအလာ က နှစ်ဆပိုများပါတယ်။ သင့်မှာသုံးမျိုးစလုံးရှိနေခဲ့ရင် […]


ကိုလက်စထရောလ်

အမျိုးသမီးကျန်းမာရေး – ကိုလက်စထရောနှင့် ထရိုင်ဂလစ်စထရိုက်အဆီဓာတ်များ

ကိုလက်စထရော ဆိုတာ ကျွန်တော်တို့ရဲ့ သွေးနဲ့ ခန္ဓာကိုယ်ဆဲလ်တွေထဲက ဖယောင်းသဏ္ဍာန် စေးပျစ်ပျစ် အဆီဓာတ်တစ်မျိုးကို ခေါ်တာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သွေးတွင်းကိုလက်စထရော ပမာဏများခြင်းက နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်ပွားနိုင်ခြေကို မြင့်စေတယ်ဆိုတာကိုတော့ အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့  ကိုလက်စထရောနှင့် ထရိုင်ဂလစ်စထရိုက်အဆီဓာတ်များ က အမျိုးသမီးကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။ အမျိုးသမီးကျန်းမာရေးအတွက် ကိုလက်စထရောရဲ့ ကောင်းကျိုးများ ကိုလက်စထရောဟာ အာရုံကြောတွေကို ဝန်းရံထားတဲ့ အပေါ်လွှာတွေ တည်ဆောက်ခြင်း၊ အစာခြေလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ သည်းခြေအက်ဆစ်ထုတ်လုပ်ခြင်း၊ အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်း၊ တက်စတိုစတီရုန်းဟော်မုန်းများ ထုတ်လုပ်ခြင်း စတဲ့ လုပ်ငန်းစဉ်တွေမှာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အထူးသဖြင့် တက်စတိုစတီရုန်းဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းနဲ့ ကျန်းမာရေးအတွက် အထူးလိုအပ်တဲ့အပြင် အရိုးသိပ်သည်းဆ ကောင်းမွန်ဖို့အတွက်လည်း အဓိကကျတဲ့ လိင်ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ တက်စတိုစတီရုန်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်