backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Corinda Leaf (နံနံပင်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Corinda Leaf (နံနံပင်)

နံနံပင် (Corinda Leaf)

နံနံပင်အရွက်ကရော အစေ့ကိုပါ ဟင်းချက်ရာမှာအသုံးပြုကြပါတယ်။ နံနံပင်ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ ဘီစီ ၅၀၀၀လောက်ကတည်းက ကမ္ဘာပေါ်မှာပေါက်ရောက်နေခဲ့တာဖြစ်ပါတယ်။ ယနေ့မှာတော့ နံနံပင်ရဲ့အရွက်နဲ့ အစေ့တွေက အစားအသောက်တော်တော်များများမှာထည့်သွင်းချက်ပြုတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်လာကြပြီဖြစ်ပါတယ်။

နံနံပင်ကိုရှေးယခင်ကာလတွေကတည်းက အစာကျောညက်စေဖို့ ၊ အစာအိမ်ဆိုင်ရာဝေဒနာတွေ၊ကျောက်ပေါက်တာ၊အော့အန်တာ၊သွေးအားနည်းတာ၊ အဖျားတက်တာ၊ဝက်သက်ပေါက်တာ၊အအေးမိတာ၊အူကျွံတာတွေကိုကုသရာမှာအသုံးပြုခဲ့ကြပါတယ်။

နံနံပင်က အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ နံနံပင်ရဲ့ အရွက်မှာ သံဓါတ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနိနဲ့ ဗီတာမင်အေ၊ဘီနဲ့စီတို့ကြွယ်ဝစွာပါဝင်ပါတယ်။

cineole လို့ခေါ်တဲ့ နံနံပင်မှာပါတဲ့phytochemicalတစ်မျိုးကရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုတွေကိုကုသရာမှာအသုံးပြုပါတယ်။

နံနံပင်က ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ အရေးပါတဲ့ဆေးဖက်ဝင်အပင်တွေထဲကတစ်မျိုးပါ။ နံနံပင်စားသုံးပေးမှုကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကိုဖော်ပြလိုက်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

ထိရောက်တဲ့ ပဋိဇီဝဆေးအဖြစ်အသုံးပြုနိုင်ခြင်း

နံနံပင်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာချေစနစ်ဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ နံနံပင်မှာborneol ခေါ် ဓါတုပစ္စည်း တစ်မျိုးပါဝင်နေတာကြောင့်E.coli ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ံနံပင်က သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။လေပွတာ၊ဝက်သက်၊လိပ်ခေါင်းရောဂါ (hemorrhoids)၊မူးဝေခြင်း၊ တုပ်ကွေး၊သွေးတိုးတာ၊ ရင်သားရောင်ရမ်းနာကျင်ခြင်း။ အော့အန်ခြင်း နဲ့ ပန်းသေခြင်းတွေကို သက်သာစေနိုင်ပါတယ်။

နံနံပင်မှာ dodecenal လို့ခေါ်တဲ့ပဋိဇီဝပစ္စည်းတစ်မျိုးပါဝင်ပါတယ်။Dodecenal က အစားအသောက်တွေထဲမှာပါတတ်တဲ့ ပိုးတစ်မျိုးဖြစ်တဲ့salmonella လို့ခေါ်တဲ့ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။

ဓါတ်တိုးဆန့်ကျင် သတ္တိရှိခြင်း

သုတေသနတော်တော်များများမှာ နံနံပင်အရွက်က ဓါတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့တွေ့ရှိခဲ့ပါတယ်။ နံနံပင်မှာပါတဲ့caffeic အက်ဆစ် နဲ့ chlorogenic အက်ဆစ်တွေက ဓါတ်တိုးခြင်းကိုဖြစ်စေနိုင်တဲ့free radicalတွေကို ဟန့်တားပေးပါတယ်။ အထူးသဖြင့် အရေပြားပေါ်ကfree radicalတွေကိုဟန့်တားပေးတာဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ နံနံပင်ကို ထည့်သွင်းစားသုံးမယ်ဆိုရင် အန္တရာယ်ရှိတဲ့free radicalတွေကြာင့်ဖြစ်တဲ့ အရေပြားပေါ်က အရေးအကြောင်းတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ကင်ဆာတိုက်ဖျက်နိုင်ခြင်း

နံနံပင်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးထဲမှာ ကင်ဆာတိုက်ဖျက်နိုင်စာမ်းလည်းပါဝင်နေတယ်။ လို့ သိပ္ပံပညာရှင်တော်တော်များများက သက်သေထူထားကြပါတယ်။ နံနံပင်က ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အရာတစ်ခုပါ။ နံနံပင်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ဗီတာကယ်ရိုနွိုက်၊ ဗီတာမင် စီ နဲ့ ဗီတာမင် အီး၊affeic အက်ဆစ်၊ ferulic၊ quercetin၊ kaempferold တို့ကကင်ဆာတိုက်ဖျက်ရာမှာတော်တော်လေးထိရောက်မှုရှိပါတယ်။ အဆိုပါဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာကြောင့်ဖြစ်တဲ့oxidative stress riskတွေကိုလျှေ့ချပေးရာမျာထိထိရောက်ရောက်လုပ်ဆောင်ပေးပါတယ်။

အရေပြားရောင်ရမ်းမှုနဲ့ အခြားအရေပြားပြဿနာတွေကိုသက်သာစေနိုင်ခြင်း

နံနံပင်အရွက်တွေထဲမှာ Cineole နဲ့linoleat အက်ဆစ်တွေပါဝင်နေပါတယ်။ သည်ဓါတ်နှစ်မျိုးက အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲတာကို တိုက်ဖျက်ပေးနိုင်စွမ်းရှိသလို ဒူလာရောဂါကိုလည်းသက်သာစေနိုင်ပါတယ်။ နံနံပင်က အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလည်း သိသိသာသာလျေ့ကျစေနိုင်ပါတယ်။ နံနံပင်မှာပါတဲ့atsiri အဆီက ပိုးမွှားတွေကိုသေစေနိုင်ပါတယ်။ မှိုပိုးကူးစက်မှုတွေနဲ့ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့်ဖြစ်တဲ့ အနာတွေကိုပျောက်ကင်းအောင် ကုသရာမှာ အသုံးဝင်ပါတယ်။ နံနံပင်မှာ ကူးစက်ပိုးတွေကိုသေစေနိုင်တဲ့ အစွမ်းအာနိသင်၊ မိငပိုးတွေကိုသေစေနိုင်တဲ့အစွမ်းအာနိသင်တွေလည်းရှိနေပါတယ်။ နံနံပင်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းက နှင်းခူနာနဲ့ အခြားအရေပြားရောဂါတွေကို သက်သာစေနိုင်ပါတယ်။

ဝမ်းလျှောတာကို သက်သာစေနိုင်ခြင်း

နံနံပင်မှာပါတဲ့ အဆီအချို့က အစာခြေစနစ်ကိုပိုမိုကောင်းမွန်အောင်အထောက်အပူပေးပါတယ်။ နံနံပင်က နှလုံးနဲ့ အစာအိမ်လုပ်ငန်းစဉ်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ နံနံပင်မှာပါတဲ့Cineole၊ Borneol၊ Limonene နဲ့ Alpha-pineneဒြပ်ပေါင်းတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။beta-phelandrene ကဘက်တီးရီးယားတွေကိုသေစေနိုင်စွမ်းရှိပါတယ်။ နံနံပင်ပင်မှာ မအီမသာဖြစ်တာနဲ့အော့အန်တာကိုသက်သာစေနိုင်ပါတယ်။

ကိုလက်စထရောကိုကျဆင်းစေနိုင်ခြင်း

ရုတ်တရက်နှလုံးရပ်တာ၊လေဖြတ်တာနဲ့ဆီးချိုတွေလိုမျိုး နာတာရှည်ရောဂါတွေကိုဖြစ်စေနိုင်တဲ့ အဆီတစ်မျိုးက ကိုလက်စထရောဆိုလည်းမမှားပါဘူး။ နံနံပင်မှာ ပိုက်ဆီယမ်နဲ့ဆိုဒီယမ် ပါဝင်တာကြောင့်သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်ပါတယ်။ နံနံပင်မှာinoleat အက်ဆစ်၊ oleat အက်ဆစ်၊ palmitat အက်ဆစ်၊ stearat အက်ဆစ် နဲ့ askorbat အက်ဆစ် (vitamin C-) တို့လိုမျိုး အက်ဆစ်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါ အက်ဆစ် ဓါတ်တွေကသွေးတွင်း ကိုလက်စထရောကို ကျဆင်းစေရာမှာ ထိရောက်မှုရှိပါတယ်။

အဆိုပါ အက်ဆစ်ဓါတ်တွေကသွေးတွင်းထဲက အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ပမာဏကိုကျဆင်းစေပြီးသွေးကြောအတွင်းနံရံထဲက ကိုလက်စထရောတွေကို ကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။သွေးတွင်းက အကျိုးပြုတဲ့ ကိုလက်စထရော (HDL) ပမာဏကိုလည်းတိုးစေပါတယ်။

သွေးအားနည်းဝေဒနာသည်တွေအတွက် သင့်တော်ခြင်း

နံနံပင်မှာသွေးအာနည်းရောဂါသည်တွေအတွက်အထောက်အကူဖြစ်တဲ့သံဓါတ်တွေပါဝင်တယ်။သေါးတွက်ူသံဓါတ်လျော့နည်းမှုက အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အရမ်းပင်ပန်းနါမ်းနယ်တာ နဲ့ နှလုံးခုန်မမှန်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ သံဓါတ်က အရိုးကြံ့ခိုင်သန်စွမ်းစေဖို့လည်း အထောက်အကူပြုပါတယ်။

မျက်စိကျန်းမာစေခြင်း

နံနံပင်မှာ ဘီတာကယ်ရိုတီးနွိုက် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် အမြင်အာရုံကောငါးစေဖို့အတွက် အထောက်အကူပြုပါတယ်။

ခံတွင်း အနာတွေကိုသက်သာစေခြင်း

နံနံပင်မှာပါတဲ့Citronelol ကအနာကျက်စေနိုင်တဲ့အာနိသင်ရှိပါတယ်။ ခံတွင်းအနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ နံနံပင်က အနာကျက်မြန်စေနိုင်သလို ခံတွင်းအနံ့ကိုလည်းကောင်းစေပါတယ်။ နံနံပင်ကို သွားတိုက်ဆေးတွေမှာ သဘာဝဒြပ်ပေါင်းတစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။

အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ခြင်း

နံနံပင်တွေကို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုပြေစေဖို့အတွက် အသုံးပြုကြပါတယ်။ မာကျူရီနဲ့ အလူမီနီယမ် အဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။မာကျူရီ၊ အလူမီနီယမ် တို့နဲ့ ကြာရှည်ထိတွေ့မှုက မျိုးအောင်နိုင်စွမ်းကျဆင်းစေသလို၊အော်တစ်ဇင်၊ မှတ်ဉာဏ်ချို့ယွင်းခြင်း(dementia) တို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ကောင်းကောင်းအိပ်ပျော်စေနိုင်ခြင်း

နံနံပင်မှာပါရှိတဲ့fitonutrien နဲ့ အခြားဓါတ်ပစ္စည်းတွေက ခန္ဓါကိုယ်တွင်းထဲက ဓါတုပစ္စည်းတွေကို ညီညွတ်မျှတအောင်လုပ်ဆောင်ပေးပြီး အာရုံကြောတွေကို အနားရစေသလိုကောင်းကောင်းအိပ်ပျော်အောင်အထောက်အပံ့ပေးပါတယ်။

ကျောက်ကပ်ကျောက်မတည်အောင်ကာကွယ်ပေးခြင်း

နံနံပင်က သဘာဝဆီးရွှင်ဆေးတစ်မျိုးဖြစ်ပြီး ဆီးများများသွားစေတာကြောင့်ကျောက်ကပ်မှာကျောက်တည်နိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။ကျောက်ကပ်ထဲက အဆိပ်တွေကိုပြေလျော့စေတာကြောင့်ကျောက်ကပ်ဲမှာကျောက်တည်တာမျိုးဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။

ဆီးချိုကာကွယ်ပေးနိုင်ခြင်း

နံနံပင်ကendocrine glandတွေကိုလှုံ့ဆော်ပေးတာကြောင့် ပန်ကရိယကနေ အင်ဆူလင်ထုတ်လုပ်မှုကိုတိုးစေပြီးသွေးတွင်းမှာ အင်ဆူလင်ပမာဏကိုတိုးစေနိုင်ပါတယ်။ အဆိုပါဖြစ်စဉ်က တိကျတဲ့ အင်ဆူလင်လှုံ့ဆော်မှုကိုလုပ်ဆောင်ပေးပြီးသွေးတွင်းကသကြားဓါတ်တွေကို စုပ်ယူပေးပါတယ်။သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေနိုင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ခန္ဓါကိုယ်ရဲက ဇီဝတွင်းလုပ်ငန်းစဉ်တွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေပါတယ်။

ရာသီသွေးဆင်းတာကိုကောင်းမွန်စေခြင်း

နံနံပင်က ရာသီသွေးစက်ဝန်းကိုမှန်စေတဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပြီးendocrine gland ကနေစွန့်ထုတ်မှုတွေကို ထိန်းညှိပေးပါတယ်။ အဆိုပါလုပ်ငန်းစဉ်က ထိရောက်တဲ့ဟော်မုန်းတုံ့ပြန်မှုကိုဖြစ်ပေါ်စေပြီး ရာသီသွေးစက်ဝန်းကို မှန်ကန်အောင်ထိန်းညှိပေးပါတယ်။ ရာသီသွေးဆင်းချိန်မှာ နာကျင်မှုကိုလျော့ပါးသက်သာစေပါတယ်။

အရိုးပွခြင်း နဲ့သွေးခဲခြင်းမဖြစ်အောင်ကာကွယ်ပေးခြင်း

နံနံပင်မှာ ဗီတာမင်ကေ ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေသလိုသေါးမခဲအောင်လည်းကာကွယ်ပေးပါတယ်။

သတိထားရမယ့်အချက်များ

နံနံပင်ကို အလွန်အကျွံစားသုံးမယ်ဆိုရင် နံနံပင်မျိုးစိတ်နဲ့ ဓါတ်မတည့်တဲ့သူတွေမှာ အရေပြားဓါတ်မတည့်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

နံနံပင်က ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မခင်တွေစားသုံးဖို့သင့်တော်တယ်လို့ အထောက်အထားမရှိတာကြောင့် ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေအနေနဲ့ မစားသုံးသင့်ပါဘူး။ နံနံပင်က နို့ထွက်စေနိုင်တယ်ဆိုပေမယ့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။

နံနံပင်ကသွေးတွင်းသကြားဓါတ်ကိုကျဆင်းစေနိုင်တာကြောင့် ဆီးချိုဆေးမှီဝဲနေရသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ်အနေအထားကိုလေ့လာပြီးမှသာ နံနံပင်ကို အတိုင်းအချင့်နဲ့စားသုံးသင့်ပါတယ်။

သွေးပေါင်ကျတတ်သူတွေအနေနဲ့ နံနံပင်ကိုမစားသုံးသင့်ပါဘူး။သွေးပေါင်ကျဆေးမှီဝဲနေရသူတွေအနေနဲ့လည်း နံနံပင်မစားသင့်ပါဘူး။

နံနံပင်ကသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်သလို ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းသွေးတွင်းသကြားဓါတ်ကို ကျင်းစေနိုင်တာကြောင့် ခွဲစိတ်ကုသမှုခံယူမယ့်သူတွေအနေနဲ့ ခွဲခန်းမဝင်ခင် ၂ ပတ်လောက်ကတည်းက နံနံပင်ကို မစားသုံးသင့်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement