backup og meta

အဆီဓာတ်များခြင်းနှင့် ဆက်စပ်နေသောရောဂါများ


Dr. Sandy Kyaw မှ ရေးသားသည်။ · 21/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီဓာတ်များခြင်းနှင့် ဆက်စပ်နေသောရောဂါများ

    လူတော်တော်များများက အဆီဓာတ်မြင့်မားခြင်းဟာ နှလုံးအတွက်မကောင်းဘူးဆိုတာကို သိထားကြပါတယ်။ သို့သော်လည်း လူတော်တော်များများ သတိမထားမိတာက ဒီလိုအခြေအနေမျိုးက တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုပါထိခိုက်စေတယ်ဆိုတာပါပဲ။ အဆီဓာတ်များခြင်းကြောင့် တွဲပြီး တွေ့ရနိုင်တဲ့ တစ်ချို့သော ရောဂါများအကြောင်းကို အောက်မှာ ကြည့်နိုင်ပါတယ်။

    လေဖြတ်ခြင်း။

    သင့်ရဲ့သွေးလွှတ်ကြောလေးတွေထဲမှာ အဆီတွေစုတာကြောင့် သွေးကြောလေးတွေကိုမာလာစေတဲ့အတွက် ဒီလိုအခြေအနေကိုသွေးကြောကျဉ်းခြင်း artherosclerosisလို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ သင့်နှလုံး သို့မဟုတ် သင့်ဦးနှောက်ကိုပါထိခိုက်စေပါတယ်။ တကယ်လို့ သင့်ဦးနှောက်ကို သွားရမယ့်သွေးကြောထဲမှာ ပိတ်သွားခဲ့ပြီဆိုပါက သင့်မှာ လေဖြတ်ခြင်းဖြစ်နိုင်ပါတယ်။

    ဆီးချိုပုံစံ၂

    ဆီးချိုရှိတဲ့ လူတော်တော်များများဟာ အဆီဓာတ်လည်း ပိုပြီးများနေတတ်ပါတယ်။ တကယ်လို့ အခြေအနေတွေကို ကောင်းစွာထိန်းချုပ်ထားရင်တောင်မှပဲ သင့်သွေးထဲမှာ အဆီဓါတ် cholesterol တွေတက်နေနိုင်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့အဆီဓာတ်လို့ခေါ်တဲ့ LDL တွေပိုတက်နေနိုင်ပါတယ်။

    အဝလွန်ခြင်း။

    အဝလွန်ခြင်းနဲ့ အဆီဓာတ်များခြင်းတို့ဟာ ဆက်စပ်မှုရှိတယ်ဆိုတာကတော့ မြင်သာပါတယ်။ အရမ်းကို ဝနေတယ်ဆိုရင်တော့ သင့်မှာ အဆီဓာတ်အများကြီးတက်နေဖို့ ဖြစ်နိုင်နေပါပြီ။ အကျိုးဆက်အနေနဲ့ကတော့သင့်မှာ အဆီဓာတ်တက်ခြင်းရဲ့နောက်ဆက်တွဲပြသနာတွေအနေနဲ့ ဆက်စပ်တဲ့ ရောဂါတွေထပ်တိုးဖြစ်လာဖို့ အလားအလာရှိပါတယ်။၎င်းရောဂါတွေကတော့ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတို့ဖြစ်ပါတယ်။

    လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှုတွင် ပြသနာရှိခြင်း

    တကယ်လို့ သင့်ရဲ့ယောကျ်ားအင်္ဂါကိုထောက်ပံ့တဲ့ သွေးကြောတွေမှာ အဆီတွေ စုလာပါက လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှုမပြုလုပ်နိုင်တာတွေရှိပါတယ်။ ယောကျ်ားအင်္ဂါထောင်မတ်နိုင်ဖို့အတွက် သွေးကြောတွေထဲမှာအဆီတွေနဲ့ပြည့်ပြီးပိတ်နေပါက ထောင်မတ်နိုင်မှုမရှိတဲ့အတွက် လိင်ဆက်ဆံဖို့ခက်ခဲသွားပါလိမ့်မယ်။ တစ်ခါတလေမှာ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှုမရှိခြင်းကလည်း ယောကျ်ားတွေမှာ အဆီဓာတ်တွေတက်နေပြီဆိုတာကိုပြတဲ့ သတိပေးလက္ခဏာအဖြစ် ယူဆလို့ရပါတယ်။ သိပ္ပံပညာရှင်တွေကတော့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်စွမ်းမရှိတဲ့ပြဿနာဖြစ်လာပါက သွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေကို ခန့်မှန်းလို့ရတယ်လို့ရှာတွေ့ထားကြပါတယ်။ ဒီပြသနာဟာ နှလုံးရောဂါ မဖြစ်ခင် ၄နှစ် ၅နှစ်လောက်စောပြီး ဖြစ်တတ်ပါတယ်။

    ကျောက်ကပ်ပျက်စီးခြင်း။

    US မှာရှိတဲ့ National Institute of Diabetes and Digestive and Kidney Diseases အဖွဲ့အစည်းအရ ကျောက်ကပ်ပျက်စီးခြင်းက သွေးထဲမှာ အဆီဓာတ်မြင့်မားခြင်းနဲ့ပတ်သက်နေတယ်လို့ ဆိုပါတယ်။ အမေရိကန် ကျောက်ကပ်ဆိုင်ရာ အသင်းအဖွဲ့ရဲ့ ဂျာနယ်စာတမ်းတစ်ခုအရ သိပ္ပံပညာရှင်များက အဆီဓါတ်နဲ့ကျောက်ကပ်ပျောက်စီးမှုကြားက ဆက်သွယ်ချက်ကို ရှုပ်ထွေးနေတာကို ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ ကျောက်ကပ်ဆေးနေရတဲ့လူနာမှာ အဆီဓာတ်တက်နေတဲ့လူနာက အဆီဓာတ်နည်းနေတဲ့လူနာထက်ပိုပြီးကြာကြာ အသက်ရှည်ရှည်နေနိုင်တယ်လို့ထင်ရပါတယ်။ သို့သော်လည်း လေ့လာချက်အရ ကောက်ချက်ချကြည့်တဲ့အခါ အဆီဓာတ်များနေတယ်ဆိုတာဟာ ကောင်းတဲ့လက္ခဏာတစ်ခုတော့မဟုတ်ဘူးဆိုတာတွေ့ရပါတယ်။ လေ့လာသူတွေ ယုံကြည်ထားကြတာကတော့ အဆီဓာတ်တွေမြင့်နေတဲ့လူက သေသွားတဲ့လူတွေနဲ့စာရင်အစာအာဟာရဓာတ်ချို့တဲ့နေတာမဟုတ်ကြောင်း၊ရောင်ရမ်းမှုဖြစ်မနေကြောင်းကိုသာ ညွှန်ပြနိုင်တယ်လို့ဆိုပါတယ်။အရေးကြီးတာကတော့ ဆရာဝန်က သွေးထဲမှာ အဆီဓာတ်တွေများနေပြီဆိုတာကို ပြောပြထားတယ်ဆိုပါက ဂရုစိုက်သင့်ပါပြီ။

    အယ်လ်ဇိုင်းမား ရောဂါ

    ကျောက်ကပ်နဲ့ဆိုင်ရာ လေ့လာချက်အရ American Academy of Nephrology က အယ်လ်ဇိုင်းမား ရောဂါနဲ့အဆီဓာတ်များခြင်းမှာဆက်စပ်မှုရှိကြောင်းကို ဖော်ပြခဲ့ကြပါတယ်။Kyushu University က သုတေသနလေ့လာသူတွေက သေပြီးသားလူ၁၅၀ရဲ့ ဦးနှောက်ကို ကြည့်ခဲ့ကြပါတယ်။ ဒီလူတွေရဲ့သုံးပုံတစ်ပုံက အယ်လ်ဇိုင်းမားရောဂါ သို့မဟုတ် ဦးနှောက်ချို့ယွင်းပြီးအတိတ်မေ့ရောဂါ ရှိခဲ့တယ်လို့ တွေ့ရပါတယ်။ ရလာဒ်အနေနဲ့ကတော့ အယ်လ်ဇိုင်းမားရောဂါရှိတဲ့လူတွေက မရှိတဲ့လူနာတွေထက် အဆီဓာတ် cholesterolဓာတ်များနေတာကိုတွေ့ခဲ့ကြပါတယ်။ သို့သော်လည်း အယ်လ်ဇိုင်းမားရဲ့ နောက်ထပ် လက္ခဏာတစ်ခုဖြစ်တဲ့ ရှုပ်ထွေးမှု tanglesနဲ့တော့ အဆီဓာတ်များခြင်းက ဆက်စပ်မှုရှိတယ်လို့ မဆိုထားပါဘူး။ နောက်ထပ် လေ့လာသူ တော်တော်များများကနေ အဆီဓာတ်မြင့်နေခြင်းက ဦးနှောက် ဆောင်ရွက်မှုလုပ်ငန်းတွေမှာ မကောင်းတဲ့သက်ရောက်မှုရှိနေတယ်ဆိုတာကို သေချာအောင်ပြဖို့ ဆက်လက်ရှာဖွေဖို့လိုပါသေးတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandy Kyaw မှ ရေးသားသည်။ · 21/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement