backup og meta

အမျိုးသမီးများနှင့် နှလုံးသွေးကြောကျဉ်းရောဂါ


Dr. Kaung Thar မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများနှင့် နှလုံးသွေးကြောကျဉ်းရောဂါ

    အမျိုးသမီးများတွင် ဖြစ်သောနှလုံးသွေးကြောကျဉ်းရောဂါ

    နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးသို့သွေးစီးဆင်းသော သွေးလွှတ်ကြောများကျဉ်းလျှင်(သို့) ပိတ်လျှင်တွေ့ရပါသည်။ နှစ်စဉ် နှလုံးသွေးကြောကျဉ်းရောဂါနှင့်သေဆုံးသော အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ပိုများလာသည်။

    အကြောင်းမှာ အမျိုးသမီးများတွင် နှလုံးရောဂါနှင့် ဆက်စပ်သော ဖြစ်နိုင်သည့် အချက်များလွတ်သွားတတ်သောကြောင့် ဖြစ်သည်။

    နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ ကို မြင့်တက်စေသည့် အရာတွေကဘာတွေလဲ။

    အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်းများစေသည့် အချက်များစွာရှိပါသည်။ ဝခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကို အထူးသဖြင့် အသက်၄၅နှစ်နှင့်အထက် အမျိုးသမီးများတွင်တွေ့ရသည်။

    သွေးတိုးခြင်း၊ ကိုလက်စထရောဓါတ်များခြင်း နှင့် ဆီးချိုအပါအဝင် ထိုရောဂါများသည် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေကို များစေပါသည်။ အခြားဖြစ်နိုင်သည့် အချက်များမှာ ဆေးဝါးများဖြစ်သည်။ ဥပမာ- သန္ဓေတားဆေးများ။ ထို့အပြင် မိသားစုလိုက ်နှလုံးရောဂါရှိသူများတွင် နှလုံးသွေးကြောကျဉ်း ရောဂါပို၍ဖြစ်နိုင်သည်။

    အမျိုးသမီးများတွင် ဖြစ်သော နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    အစပိုင်း သင့်တွင်မည်သည့်လက္ခဏာမှ ရှိမည်မဟုတ်ပါ။ လက္ခဏာများသည် တစ်ဖြည်းဖြည်းခြင်းနဲ့စဖြစ်လာနိုင်သည်။ သို့သော် သင့်သွေးကြောများတွင် ပုံမှန်မဟုတ်သည့် အဖတ်များရှိပါက လျင်မြန်စွာဖြစ်နိုင်သည်။ သွေးလွှတ်ကြောမပိတ်မချင်း လက္ခဏာများကို သတိပြုမိမည်မဟုတ်ပါ။

    ကံမကောင်းစွာဖြင့် အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ အတွေ့များသောရောဂါလက္ခဏာများ မရှိကြပေ။ ဥပမာ- အမျိုးသမီးများတွင် လက်မောင်းကျဉ်ခြင်း(သို့) ရင်ဘတ်အောင့်ခြင်းများ မရှိပါ။ ထိုသို့အစား ရင်ဘတ်တွင် တင်းကျပ်လေးလံပြီး ပူလောင်သည့်ခံစားမှုမျိုးရှိနိုင်သည်။ နှလုံးသွေးကြောကျဉ်းရောဂါကို ညွှန်ပြသည့် လက္ခဏာများစွာရှိသည်။

    ၎င်းတု့ိမှာ ကျောနှင့် လည်ပင်းနာခြင်း၊ အစာအိမ်နာခြင်း၊ မေးရိုးနာခြင်း၊ အသက်ရှူမဝခြင်း တို့ဖြစ်သည်။ ချောင်းဆိုးခြင်း၊ ပျို့အန်ခြင်း၊ အစာမကြေခြင်း၊ အစားအသောက်ပျက်ခြင်းတို့လည်း ပါဝင်သည်။ အမျိုးသမီးတို့သည် နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း၊ ရင်တုန်ခြင်း(သို့) ပင်ပန်းခြင်း(သို့) အိပ်မပျော်ခြင်း စသည့်လက္ခဏာများကို သတိပြုသင့်သည်။

    အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်း ရောဂါကို ဘယ်လိုရှာဖွေမလဲ။

    အမျိုးသမီးများတွင် နှလုံးသွေးကြောကျဉ်းရောဂါကို ရှာဖွေရခြင်းသည် အမျိုးသားများထက ်ပိုခက်ပါသည်။ သင့်ဆရာဝန်မှ အချို့စမ်းသပ်မှုများကို ပြုလုပ်နိုင်သည်။

    · သွေးစစ်ခြင်း။ ။ ဤနည်းက ကိုလက်စထရောများခြင်း (သို့) နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်စေနိုင်သည့် အခြား ပြဿနာများကို စစ်ဆေးနိုင်သည်။

    · အီးစီဂျီဆွဲခြင်း (ECG)။ အီးစီးဂျီ မှ သင့်နှလုံး၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည်။ ဤနည်းဖြင့် သင့်နှလုံး စည်းချက်ကိုစစ်ဆေးနိုင်ကာ နှလုံးပျက်စီးမှုရှိမရှိပြသသည်။

    · နှလုံးအက်ကိုးရိုက်ခြင်း (Echocardiogram)။ ၎င်းသည် အာထရာဆောင်းတစ်မျိုးပင်ဖြစ်သည်။ ၎င်းသည် နှလုံး၏တည်ဆောက်ပုံ၊ လှုပ်ရှားမှုနှင့် သွေးကြောများကို အသံလှိုင်းများသုံးပြီးဖော်ပြသည်။

    · လေ့ကျင့်ခန်းလုပ်စဉ် အီးစီဂျီ ဆွဲခြင်း (exercise stress test)။ ဤနည်းသည် လေ့ကျင့်ခန်းလုပ်စဉ် သင့်နှလုံးတွင် ဖြစ်ပျက်သည့် ပြောင်းလဲမှုများကို တွေ့နိုင်သည်။ အီးစီဂျီကို သင့်လေ့ကျင့်စက်ဘီးပေါ်တွင်နင်းစဉ် (သို့) လမ်းလျှောက်စက်ပေါ်တွင် လမ်းလျှောက်စဉ် သုံးနိုင်သည်။ သင့်ဆရာဝန်မှ ဤနည်းဖြင့်စမ်းသပ်စဉ် ရင်ဘတ်အောင့်ခြင်း(သို့) အသက်ရှူခက်ခဲခြင်းရှိမရှိကို မေးမြန်းနိုင်သည်။

    · ဆေးဝါး နှင့် နှလုံးစောင့်ကြည့်တိုင်းတာခြင်း ။ အကယ်၍သင်သည် exercise stress test ကို မလုပ်နိုင်လျှင် ဆရာဝန်မှ ဆေးဝါး နှင့် နှလုံးစောင့်ကြည့်နည်းကို ထောက်ခံပေးနိုင်သည်။ ၎င်းဆေးဝါးမှ သင့်နှလုံးကိုပို၍ အလုပ်လုပ်စေသည်။ သင့်ကို နှလုံးစောင့်ကြည့်စက်ကိရိယာနှင့် ဆက်သွယ်ပေးထားကာ နှလုံးအခြေအနေကို စစ်ဆေးမည်ဖြစ်သည်။

    · သွေးကြောဓါတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်းများကို သွေးလွှတ်ကြောများ၏ ပုံရိပ်များကို ဖမ်းယူသိရှိဖို့အတွက်အသုံးပြုနိုင်သည်။ ပုံရိပ်များက သင့်သွေးကြောများ ဘယ်လောက်ကျဉ်း(သို့) ပိတ်လဲဆိုသည်ကို ပြောပြနိုင်သည်။

    နှလုံးသွေးကြောကျဉ်းရောဂါနှင့် နှလုံးဖောက်သော လက္ခဏာများသည် အမျိုးသမီးများနှင့် အမျိုးသားများတွင် ကွဲပြားသည်။ ထို့ပြင် အမျိုးသမီးများသည် သူတို့၏ နှလုံးရောဂါအတွက် ကုသမှုခံယူခြင်း ပို၍နည်းသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement