နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာကိ နှလုံးသွေးကြောလေးတွေထဲမှာ အဆီတွေ စုပုံလာတာ ဒါမှမဟုတ် ကိုလက်စထရောတွေ စုမိလာပြီး သွေးကြောလေးတွေ ကျဉ်းလာတာ၊ ပိတ်ဆို့လာတာပါ။ ဒီကဏ္ဍလေးမှာ ပိုမိုသိရှိနိုင်ဖို့ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးသွေးကြောကျဉ်းရောဂါများ ကို ရှာဖွေမည်။

နှလုံးသွေးကြောကျဉ်းရောဂါများ

လုံးဝ မျက်ကွယ်ပြုလို့မဖြစ်တဲ့ Heart Attack လက္ခဏာ (၁၀) ခု

နှလုံးရောဂါဟာ လူသိများတဲ့ရောဂါတစ်ခုဖြစ်သလို နှလုံးဖောက်ပြန်တာ (Heart Attack) ကလည်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ ဒီလို ဆိုးရွားတဲ့နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ တကယ်လို့ သာမန်အခြေအနေမှာ နမိတ်လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် Heart Attack အဆင့်ကို မရောက်ရှိခင်မှာ တားဆီးထားနိုင်ဖို့ အခွင့်အလမ်းသာမှာဖြစ်ပါတယ်။ ဒါကြောင့် သတိထားသင့်တဲ့ လက္ခဏာရပ်တွေကို ဖော်ပြပေးချင်ပါတယ်။ လုံးဝ မျက်ကွယ်ပြုလို့မဖြစ်တဲ့ Heart Attack လက္ခဏာ (၁၀) ခု ၁။ ရင်ဘတ်အောင့်ခြင်း Heart attack ရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ

Heart Attack ဖြစ်ခြင်းဟာ အသက်အန္တရာယ်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Heart Attack ဖြစ်ခဲ့မယ်ဆိုရင် နှလုံးထိခိုက်ပျက်စီးပြီး အသက်အန္တရာယ်ကို ထိခိုက်စေပါလိမ့်မယ်။ ဒါဆို Heart Attack မဖြစ်စေဖို့ ဘာလုပ်ကြမလဲ။ နှလုံးရောဂါဟာ အမေရိကမှာ နံပါတ် ၁ အဆိုးရွားဆုံးကျန်းမာရေးပြဿနာဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာလည်း လူ့အသက်ပေါင်းများစွာကို နှုတ်ယူနေတဲ့ ရောဂါဆိုးပါ။ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရမှုတွေရဲ့ အများစုဟာ Heart Attack ကြောင့်ပါ။ Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံ မိမိမှာ နှလုံးရောဂါအခံရှိနေတာ၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပြသလာနေပြီဆိုရင် အခြေအနေတွေ ရှေ့ဆက်တိုးပြီး မဆိုးရွားလာဖို့ တားဆီးဖို့ လိုအပ်လာပါပြီ။ Heart Attack ဖြစ်မလာအောင် အကောင်းဆုံးတားဆီးရမယ့်နည်းလမ်းကတော့ လူနေမှုပုံစံကို ပြောင်းလဲလိုက်ပြီး ကျန်းမာအောင်နေထိုင်ဖို့ပါပဲ။ Heart Attack မဖြစ်စေဖို့ ပြောင်းလဲလိုက်သင့်တဲ့ လူနေမှုပုံစံတွေကို အတူတူ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းနဲ့ပတ်သက်သမျှ

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ တကမ္ဘာလုံးမှာ လူတွေသေဆုံးရခြင်းအကြောင်းအရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းတစ်ခုြဖစ်ပါတယ်။ နှလုံးဟာ ခန္ဒာကိုယ်တစ်ခုလုံးကို လိုအပ်တဲ့သွေးတွေရရှိအောင် ပို့ဆောင်ပေးနေတာမှန်ပေမယ့် နှလုံးကိုယ်တိုင်ကလည်း သွေးထောက်ပံ့မှုရရှိဖို့လိုပါတယ်။ နှလုံးကိုထောက်ပံ့နေတဲ့ အဓိကသွေးလွှတ်ကြောတွေထဲက တစ်ခုခု ရောဂါဖြစ်တာ ဒါမှမဟုတ်ပျက်ဆီးတဲ့အခါ နှလုံးစွမ်းဆောင်ရည်ကျဆင်းလာပြီး နောက်ဆက်တွဲဆိုးကျိူးတွေအများကြီးဖြစ်စေပါတယ်။ ကိုလက်စထရော (အဆီ) ပါဝင်တဲ့ အနည်တွေသွေးကြောမှာစုံပုံလာရာက သွေးကြောတွေ ရောင်ယမ်းလာပါတယ်။ အဲဒီနောက် သွေးကြောကို ကျဉ်းစေပါတယ်။ ဒီအခါ နှလုံးကိုထောက်ပံ့ပေးနေတဲ့သွေးလွှတ်ကြောတွေဟာ နှလုံးဆီကိုသွေးလုံလုံလောက်လောက်မပို့ပေးနိုင်တော့ပါဘူး။ အဲဒီအခါ ရင်ပတ်အောင့်ခြင်း၊ မောခြင်း၊ အသက်ရှူကြပ်ခြင်းနဲ့ တခြားလက္ခဏာတွေအပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါဟာ ရုတ်တရက်ဝုန်းကနဲထဖြစ်တဲ့ ရောဂါမျိူးမဟုတ်ဘဲ ဖြည်းဖြည်းခြင်းတည်ဆောက်ပြီးမြှဖစ်တဲ့ရောဂါမို့ ရောဂါတော်တော်ရင့်မှ ဒါမှမဟုတ် သွေးကြောလုံးလုံးပိတ်မှ သတိထားမိတာမျိူးဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေအများကြီးလဲရှိနေပါသေးတယ်။  ရောဂါလက္ခဏာတွေ နှလုံးကိုသွေးပို့ပေးနေတဲ့ သွေးလွှတ်ကြောတွေ ကျဉ်းသွားတဲ့အခါ နှလုံးဆီကို အောက်ဆီဂျင်ကြွယ်ဝတဲ့သွေးတွေ အလုံအလောက်မပို့ပေးနိုင်တော့ပါဘူး။ အထူးသဖြင့် ပုံမှန်ထက်အောက်ဆီဂျင်ပိုလိုတဲ့ အခြေအနေမျိူး ဥပမာ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးကြွက်သားပုပ်ခြင်း ဘာကြောင့်ဖြစ်တတ်သလဲ

နှလုံးကြွက်သားပုပ်ခြင်းဆိုတာဟာ နှလုံးသွေးကြောထဲမှာ သွေးပြတ်သွားခြင်းကြောင့် ကြွက်သားများ ပုပ်သွားတဲ့ အခြေအနေဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းမြောင်းခြင်း၊ သွေးကြောပိတ်ခြင်းကြောင့် သွေးပြတ်တောက်ရခြင်း ဖြစ်ပါတယ်။ နှလုံးဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အောက်ဆီဂျင်ပါတဲ့ သွေးတွေပို့ဆောင်ပေးနေသလိုပဲ သူကိုယ်တိုင်အတွက်လည်း သွေးလိုအပ်ပါတယ်။ နှလုံးကြွက်သားအတွက်လိုအပ်တဲ့ သွေးတွေကို နှလုံးသွေးကြောမကြီးသုံးချောင်းကနေ ပို့ဆောင်ပေးပါတယ်။ အဆိုပါ သွေးကြောတွေ ပိတ်ဆို့ကျဉ်းမြောင်းတဲ့အခါ သွေးပြတ်တောက်ပြီး နှလုံးကြွက်သားကို ထိခိုက်စေပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ နှလုံးသွေးကြောကို ပိတ်ဆို့ကျဉ်းမြောင်းစေတဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ မကောင်းသော ကိုလက်စထရော LDL လို့ခေါ်တဲ့ ကိုလက်စရောဟာ လူကို ဘေးဥပဒ်ဖြစ်စေပါတယ်။ သွေးကြောတွေကို ပိတ်ဆို့စေပါတယ်။ ကိုလက်စထရောကို အစားအသောက်ကနေ ရနိုင်သလို ကိုယ်ခန္ဓာတွင်းမှာလည်း သဘာဝအလျောက် ထုတ်လုပ်ပါတယ်။ LDL ကိုလက်စထရောဟာ သွေးကြောနံရံတွေမှာ ကပ်ငြိသွားပြီး နံရံတွေကို ထူထဲလာစေပါတယ်။ အဲဒီအခါ သွေးကြောထဲ သွေးစီးဆင်းမှု မကောင်းတော့ဘဲ သက်ဆိုင်ရာ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးထိခိုက်မှု (Heart Attack) ဖြစ်ပြီးချိန် လိုက်နာသင့်သော နေထိုင်မှုပုံစံများ

နှလုံးထိခိုက်မှု (heart attack)ဟာ လူတိုင်း ကိုယ်တိုင်ဖြစ်စေ၊ မိမိဝန်းကျင်မှာဖြစ်စေ ကြုံတွေ့ဖူးတဲ့ ပြဿနာဖြစ်ပါတယ်။ များသောအားဖြင့် နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ နှလုံးထိခိုက်မှုဖြစ်ပွားပြီးချိန်မှာလည်း အစားအသောက် အနေအထိုင်ကို ဆင်ခြင်ပြီး နေသွားရမှာ ဖြစ်ပါတယ်။ နေထိုင်မှုပုံစံကို စနစ်တကျ နေထိုင်စားသောက်ခြင်းအားဖြင့် နောက်တကြိမ် heart attack ထပ်မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။ အောက်ပါအချက်တွေကတော့ နေ့စဉ် ဘယ်လိုမျိုး နေထိုင်စားသောက်သင့်သလဲ ဆိုတာပါပဲ။ ၁။ အစားအသောက်ဂရုစိုက်ပါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ခြင်းဟာ နှလုံးနဲ့သွေးကြော ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အဓိကကတော့ တနေ့တာမှာ ကယ်လိုရီ ဘယ်လောက်စားသောက်ဖြစ်သလဲ ဆိုတာ မှတ်ထားပေးဖို့ ဖြစ်ပါတယ်။ အခုအခါမှာ စမတ်ဖုန်းတွေမှာ ကယ်လိုရီတွက်တဲ့ စနစ်တွေ ပါဝင်နေပြီဖြစ်ပါတယ်။ တနေ့တာမှာ ကယ်လိုရီ ဘယ်လောက်စားသောက်မိသလဲ တွက်ချက်ပြီး ကိုယ်အလေးချိန်ကို […]


နှလုံးသွေးကြောကျဉ်းရောဂါများ

အိပ်ချိန်နည်းလွန်း၊များလွန်းသူတွေမှာ Heart attack ဖြစ်နိုင်ခြေပိုများ

ကျန်းမာရေးအတွက် အိပ်ချိန်မှန်ဖို့အရေးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် မှန်မှန်အိပ်တယ်ထင်လား။ နိုးပါနော်။ အိပ်ချိန်မှန်အောင်ဂရုစိုက်တဲ့သူနည်းပါတယ်။ အလုပ်များရင် ညနက်တာ၊ မိုးလင်းပေါက် ဂိမ်းဆော့တာ ၊ အရေးကြီးကိစ္စရှိလို့ အစောကြီးအိပ်ရာထရတာ၊ ပိတ်ရက်ဆို နေမြင့်တဲ့ထိ လှိမ့်အိပ်တာ၊ ဒါတွေအကုန်လုံးက အိပ်ချိန်ကို ပုံမှန်မထားရှိလို့ပါ။ အကျိုးဆက်ကတော့ ကျန်းမာရေးအတွက် အမျိုးစုံတဲ့ဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။ လေ့လာမှုအသစ်အရတော့ အိပ်စက်ချိန်ပုံမှန်မရှိတာ၊ မလုံလောက်တာက နှလုံးကျန်းမာရေးကိုထိခိုက်နိုင်ကြောင်းသေချာစေပါတယ်။ အိပ်စက်ချိန်အတိုင်းအတာက လူတစ်ယောက်ရဲ့ နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေအန္တရာယ်ကို လွှမ်းမိုးနိုင်ပါတယ်လို့ သုတေသနတွေ့ရှိချက်အသစ်ကဆိုပါတယ်။ အမေရိကန်နဲ့ဗြိတိန်သုတေသီတွေကဗြိတိန်နိုင်ငံအတွင်းက အသက် ၄၀- ၆၉ နှစ်အတွင်းရှိ လူဦးရေ ၄၆၁၃၄၇ ဦးရဲ့ အိပ်စက်မှုအလေ့အထနဲ့ ကျန်းမာရေးမှတ်တမ်းတွေကိုလေ့လာခဲ့တာဖြစ်ပြီး American College of Cardiologyဂျာနယ်မှာဖော်ပြခဲ့တဲ့သုတေသနဖြစ်ပါတယ်။ တစ်ညကိုအိပ်ချိန် ၆ နာရီမပြည့်တဲ့သူတွေက နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းနိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများတယ်လို့ သုတေသနက ဆိုပါတယ်။ တစ်ညကို ၉ နာရီကျော်အောင်အိပ်တဲ့သူတွေကတော့ ဒီအန္တရာယ် ၃၄ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြော ကျဉ်းရောဂါက ပြန်ပျောက်သွားတတ်လား ။ ။

မောမောနေလို့ ဆိုပြီး ဆေးခန်းသွားပြတဲ့လို့ ECG ဆွဲ ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ နှလုံးသွေးကြောကျဉ်းနေတယ်ဆိုတဲ့ အဖြေပြန်ထွက်လာခဲ့ရင် လူတိုင်းလန့်သွားကြမှာပါ။ နှလုံးသွေးကြောဘာ့ကြောင့်ကျဉ်းတာလဲ၊ ဘယ်လိုကာကွယ်ရမလဲ။ ပြန်ရော ပျောက်သွားတတ်လားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲ တန်းစီဝင်လာမှာ ကျိန်းသေပါတယ် ။ နှလုံးသွေးကြောဘာ့ကြောင့်ကျဉ်းတာလဲ။ အဓိက မြင့်တက်နေတဲ့ေသွးတွင်းကိုလက်စရောကြောင့် ပါ။ ကိုလက်စရော ရှိသင့်တာထက်ပိုများနေတဲ့ သူတွေရဲ့ သွေးကြောနံရံလေးတွေမှာ အဆီတွေ တဖြည့်းဖြည်းစုပုံလာပြီးနောက်ပိုင်း သွေးကြောတွေမာခဲလာကာ ေသွးကြောကျဉ်းလာပါတယ်။ ပျော့ပျောင်းလွယ်ဖြစ်ရမယ့် သွေးကြောလေးတွေ မာလာတာကြောင့် ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ နှလုံးဆီကို သွေးရောက်တာနည်းသွားမှာ ဖြစ်တဲ့အပြင် စုပုံနေတဲ့ သွေးကြောနံရံက အဆီလေးတွေ ကွာထွက်ကုန်ပြီး နှလုံးသွေးကြောပိတ်တဲ့ ပြဿနာတွေကိုပါ ဖြစ်စေတတ်ပါတယ်။ နှလုံသွေးကြော တစ်ခါကျဉ်းပြီးသွားရင် ပြန်ကောင်းတတ်လား ။ နှလုံးသွေးကြောက တစ်ခါကျဉ်းဖူးရင် ပုံမှန် ပြန်မဖြစ်နိုင်တော့ပါဘူး။ နှလုံးသွေးကြော တစ်ခါကျဉ်းဖူးတဲ့လူနာတစ်ယောက်အတွက် အရေးကြီးဆုံးက ရောဂါပိုဆိုးမလာအောင် တားဖို့ပဲ ဖြစ်ပါတယ်။ ဒီလို […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးကြွက်သားပုပ်ခြင်း အရေးပေါ်အခြေအနေ

နှလုံးဆိုတာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေ အတွက် လိုအပ်တဲ့ အောက်စီဂျင်နဲ့ သွေးတွေကို ဖြန့်ဝေပေးသလို သူကိုယ်တိုင်အတွက်လည်း သွေးတွေ အောက်ဆီဂျင်တွေ ရဖိုရှိဖို့ လိုအပ်ပြီး နှလုံးသွေးကြောတွေကနေ ထောက်ပံ့ပေးပါတယ်။ အကြောင်းတစ်ခုခုကြောင့် နှလုံးသွေးကြောတွေ ပိတ်သွားမယ်၊ ကျဉ်းသွားမယ်ဆို နှလုံးကြွက်သားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ၊ အောက်စီဂျင်တွေကို မရနိုင်တော့ပါဘူး။ ဒီလို အောက်ဆီဂျင်ပြတ်တာ ကြာသွားရင် နှလုံးကြွက်သား ပုပ်သွားနိုင်ပါတယ်။ ဒါကို ဆေးပညာအရ Myocardial Infarction (နှလုံးကြွက်သားပုပ်သွားခြင်း) လို့ခေါ်ပါတယ်။ နှလုံးကြွက်သား ပုပ်ခြင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းကဘာလဲ။ ။ နှလုံးကြွက်သား ပုပ်တာဟာ လုံလောက်တဲ့ အာဟာရဓါတ်တွေ၊ အောက်ဆီဂျင်တွေကို နှလုံးက မရတော့လို့ဖြစ်တာပါ။ ဘာကြောင့် မရတော့တာလဲဆိုရင် အောက်ဆီဂျင် သယ်လာတဲ့ သွေးကြောတွေက တစ်နေရာမှာ ကျဉ်းနေတာ၊ သွေးကြောပိတ်နေတာ ဆိုရင် […]


နှလုံးသွေးကြောကျဉ်းရောဂါများ

လူ့သက်တမ်းကို မသိမသာလျှော့နေတဲ့ နှလုံးသွေးကြောကျဉ်းရောဂါ။

နှလုံးသွေးကြောကျဉ်းရောဂါ နှလုံးသွေးကြောကျဉ်းရောဂါ ခုနောက်ပိုငိးလူတွေ အဖြစ်အများဆုံးနဲ့ နှလုံးကို ဒုက္ခ အပေးဆုံးအရာ။ တစ်နေ့တစ်နေ့စားနေသော အစားအစာများက သင့်ရဲ့ နှလုံးသွေးကြောလေးတွေကို မသိမသာနည်းနဲ့ ဒုက္ခ ပေးနေတယ်ဆို တာ သင်သိပါသလား။ ဒါဆိုဘယ်လိုအစားအစာတွေက နှလုံးသွေးကြောလေးတွေကို ကျဉ်းစေတယ်၊ ဘယ်လိုနည်းနဲ့ ကျဉ်းစေတယ်၊ နှလုံးသွေးကြောကျဉ်းတာ ဘယ်လိုလက္ခဏာတွေရှိတယ် ၊ ဘယ်လိုကုသရင် ပြန်ကောင်းနိုင်မလဲ နဲ့ မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်ရမလဲဆိုတာတွေကို သိချင်ကြမယ်လို့ထင်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ ဘာလဲ။ နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ လူ့ခန္ဓါကိုယ်မှာ အရေးကြီးဆုံးလို့ ဆိုလို့ရတဲ့ အလုပ်အများဆုံး နှလုံးလေးကို အောက်ဆီဂျင်ရအောင်သွေးတွေပို့ဆောင်ပေးနေတဲ့ သွေးကြောလေးတွေ ကျဉ်းသွားတာပဲဖြစ်ပါတယ်။ နှလုံးသွေးကြောနံရံ လေးတွေမှာ အဆီခဲလို ပြင်ချပ်လေးတွေကပ်နေပြီး ခဲသွားရာမှ နှလုံးသွေးကြောလေးတွေကို ကျဉ်းသွားစေတယ်။ တစ်ခါတစ်ရံ သွေးကြောတွေကို မာစေပြီး သွေးကြောနံရံလေးတွေရဲ့ ပျော့ပျောင်းမှုတွေ ပျောက်ကွယ်သွားစေတယ်။ မာနေတဲ့ သွေးကြောနံရံလေးတွေက နှလုံးဆီကို […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ) ကဘာလဲ။ သင့်၏နှလုံးအား သွေး အောက်စီဂျင် အာဟာရဓါတ်များထောက်ပံ့နေသော နှလုံးသွေးကြောများပျက်စီးသည့်အခါတွင်ဖြစ်သည်။ သင်၏သွေးကြောများတွင် အဆီများစုပြုံမိခြင်း(အဆီလွာ) ယောင်ယမ်းခြင်းတို့ကြောင့်ဖြစ်တတ်သည်။ ထိုအဆီလွာများမှသွေးကြောအားကျဉ်းစေပြီး နှလုံးသို့သွေးရောက်ရှိမှုကိုနည်းစေသည်။ ထိုသို့သွေးရောက်ရှိမှုနည်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း အသက်ရူကြပ်ခြင်းစသည့် နှလုံးသွေးကြောနှင့်ဆိုင်သောရောလက္ခဏာများပေါ်လာလိမ့်မည်။ သွေးကြောလုံးဝပိတ်သွားပါက နှလုံးကြွက်သားသေဆုံးခြင်းများဖြစ်နိုင်သည်။ နှလုံးသွေးကြော ဆိုင်ရာရောဂါများသည် နှစ်ပေါင်းအတန်ကြာရှိနေနိုင်သည့်အတွက် သွေးကြောလုံးဝပိတ်သွားခြင်း နှလုံးကြွက်သားသေဆုံးသွားသည့်အခါမှသတိထားမိတတ်သည်။ သို့သော် ထိုရောဂါမဖြစ်အောင်ကာကွယ်နည်းများစွာရှိပါသည်။ ကျန်းမာစေသည့် ဘဝနေနိုင်မှုများဖြင့် နေထိုင်ပါက များစွာကာကွယ်နိုင်သည်။ Coronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ နှလုံးသွေးကြောဆိုင်ရာရောဂါသည်အဖြစ်များပါသည်။ ယောက်ျားလေးများတွင်ပိုဖြစ်တတ်သည်။ မိန်းကလေးများသွေးဆုံးပြီးပါကဖြစ်နှုန်းပိုများတတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCoronary Artery Disease (နှလုံးသွေးကြောဆိုင်ရာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ သင့်နှလုံးသွေးကြောအတွင်း အဆီလွှာဖြစ်လာပါကနှလုံးသွေးကြောဆိုင်ရာရောဂါ၏ရောဂါလက္ခဏာများကိုစတင်ခံစားလာရလိမ့်မည်။ ရင်ဘတ်အောင့်ခြင် ရင်ဘတ်ပေါ်တွင်ကြပ်နေခြင်း ဖိထားခြင်းသို့မဟုတ် တယောက်ယောက်မှ ရင်ဘတ်ပေါ်တက်ရပ်နေသည်ကိုခံစားရလိမ့်မည်။ ထိုအရာကိုရင်ဘတ်အောင့်ခြင်းဟုခေါ်သည်။ ရင်ဘတ်အလယ်နှင့်ဘယ်ဘက်တွင်ခံစားရလေ့ရှိသည်။ ရုပ်သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများခြင်းကြောင့်ဖြစ်သည်။ ဖိအားများသောအရာအားရပ်တန့်ပြီး မိနစ်အနည်းငယ်တွင်ပြန်ကောင်းတတ်သည်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်