backup og meta

Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) ကဘာလဲ။

အအိပ်လွန်တဲ့ ပြဿနာဆိုတာ နေ့အချိန်မှာအလွန်အမင်း အိပ်စက်နေတာ၊ အိပ်ချိန်အရမ်းလွန်နေတာဖြစ်ပြီး သူဟာနေ့အချိန်မှာတောင် အနေနိုင်လောက်အောင် အိပ်နေတာ ဖြစ်ပါတယ်။ အအိပ်လွန်တဲ့ ပြဿနာခံစားနေရတဲ့လူက အလုပ်မှာဖြစ်ဖြစ်၊ ကားမောင်းနေစဉ်မှာဖြစ်ဖြစ် အချိန်အရွေး အိပ်ပျော်နိုင်ပါတယ်။ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေဖြစ်တဲ့ အားအင်ကုန်ခမ်းခြင်းနှင့် သေချာစဉ်းစားတွေးတောနိုင်တာ မရှိတော့ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) က ဘယ်လောက်အဖြစ်များသလဲ

အအိပ်လွန်တဲ့ ပြဿနာက လူဦးရေရဲ့ ၅ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအဖြစ်များပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

လက္ခဏာများ

Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အအိပ်လွန်တဲ့ ပြဿနာရှိတဲ့လူက နေ့အချိန် အလုပ်မှာ၊ အစားစားနေချိန်မှာ ၊စကားပြောနေချိန်မှာ ခဏခဏအိပ်ပျော်တဲ့ပြီး ညဘက်မှာ အိပ်စက်ခြင်းမရှိဘဲ ခနခနနိုးနေတဲ့အတွက် ပင်ပန်းတာမျိုး ခံစားရနိုင်ပါတယ်။ နေ့ခင်းဘက်မှာ အိပ်နေပေမယ့် ပင်ပန်းတာက မသက်သာပါဘူး။ အချိန်အကြာကြီးအိပ်စက်ရာက နိုးထဖို့ခက်သလို အာရုံမစုစည်းနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

တခြားရောဂါလက္ခဏာတွေကတော့-

စိတ်ဖိစီးမှုများခြင်း

စိတ်အနှောက်အယှက်ဖြစ်ခြင်း

အားအင်ကုန်ခန်းခြင်း

ဂဏှာမငြိမ်ဖြစ်ခြင်း

တွေးခေါ်နိုင်စွမ်းကျဆင်းခြင်း

စကားနှေးခြင်း

အစားအသောက်ပျက်ခြင်း

အာရုံလွဲမှားစွာ မြင်နေခြင်း

မှတ်သားနိုင်စွမ်းနည်းသွားခြင်း

တချိုလူတွေက မိသားစုအလုပ်၊ ပတ်ဝန်းကျင်၊ လူမှုရေးနှင့် တခြားအလုပ်တွေ မလုပ်နိုင်တော့ခြင်း

ဒီအထဲမှာ မပါတဲ့အချက်တွေလည်း ရှိနေနိုင်ပါသေးပါတယ်။ ရောဂါလက္ခဏာအကြောင်း သေချာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေခံစားနေရလျှင် ၊ ထပ်မံသိလိုတာရှိလျှင် ဆရာဝန်နှင့် ဆွေးနွေးသင့်ပါတယ်။ လူတိုင်းရဲ့ ကိုယ်ခန္ဓါက တုံ့ပြန်မှု မတူကြပါဘူး။ သင့်အခြေအနေကို ဆရာဝန်နှင့် ဆွေးနွေးခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။

အကြောင်းရင်းများ

Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) ကိုဘာတွေကဖြစ်စေသလဲ

အအိပ်လွန်တဲ့ ပြဿနာကို ဖြစ်စေတဲ့အကြောင်းရင်းတွေက ဘာတွေလဲ။

အအိပ်လွန်ခြင်း ပြဿနာရဲ့ မူလအရင်းအမြစ်က ဦးနှောက်အတွင်းရှိ အိပ်စက်ခြင်းနှင့် နိုးထခြင်းကို ထိန်းချုပ်တဲ့ ဦးနှောက်အတွင်းရှိ စနစ်တွေ ပြဿနာဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။

တခြားအကြောင်းမှာ အလွန်အမင်းမောပန်းခြင်းနှင့် အိပ်ချိန်မလုံလောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ- ညဘက်အသက်ရှူရခက်ခြင်း၊ ညဘက်တချိန်လုံး ခဏခဏအိပ်ရာထရခြင်းတို့ကြောင့် အိပ်ရေးပျြက်ပီး အလွန်အမင်းအိပ်စက်ခြင်းကို ဖြစ်စေနိုင်ပါတူယ်။

တချို့ဆေးတွေက အလွန်အမင်း အိပ်စက်ခြင်းကို ဖြစ်စေပါတယ်။

အရက်နဲ့ ဆေးတွေကိုသုံးတာကြောင့် နေ့ဘက်မှာ အိပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွိုင်းရွိုက်ဟော်မုန်းနဲတာ နဲ့ ဦးခေါင်းဒဏ်ရာကြောင့်လည်း အအိပ်လွန်ခြင်း ဖြစ်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အအိပ်လွန်ခြင်းကို အဖြစ်များစေတဲ့ အကြောင်းတွေက ဘာတွေလဲ။

နေ့လည်ဘက်မှာ အလွန်အမင်းပင်ပန်းတဲ့လူတွေက အအိပ်လွန်ခြင်း ပိုဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေတွေမှာ အိပ်ရေးပျက်တာ၊ ကျောက်ကပ်မကောင်းတာ၊ နှလုံးရောဂါ၊ ဦးနှောက်ထိခိုက်မှု၊ စိတ်ဓါတ်ကျခြင်းနှင့် သိုင်းရွိုက်ဟော်မုန်းနဲခြင်းတို့ ပါဝင်ပါတယ်။

အမေရိကန် အိပ်စက်မှုနဲ့ ပတ်သတ်မှုကို လေ့လာတဲ့အဖွဲ့ရဲ့ အဆိုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် အအိပ်လွန်တဲ့ ပြဿနာပိုဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်နဲ့ အရက်ကိုပုံမှန်သောက်သူတွေမှာ အအိပ်လွန်တာ ပိုဖြစ်တတ်ပါတယ်။ လေးလံထိုင်းမှိုင်းစေတဲ့ဆေးတွေမှာ အအိပ်လွန်ခြင်းနဲ့တူတဲ့ ဘေးထွက်ဆိုးကျိုးရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) ကို ဘယ်လိုအတည်ပြုပါသလဲ

အအိပ်လွန်တဲ့ ပြဿနာကိုသိဖို့အတွက် ဆရာဝန်က ရောဂါရာဇဝင်နှင့် ရောဂါလက္ခဏာကို မေးမြန်းပါလိမ့်မယ်။ တက်ကြွမှုကို စစ်ဆေးနည်းတွေနဲ့ စမ်းသပ်ပါလိမ့်မယ်။

ဆရာဝန်က အအိပ်လွန်တဲ့ ပြဿနာကိုသိဖို့ နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ပါလိမ့်မယ်။

အိပ်ချိန်ကို မှတ်ထားခြင်း။ ညဘက်သင့်အိပ်ချိန်ကို သိဖို့အတွက် အိပ်ရာဝင်ချိန်နှင့် နိုးထချိန်တွေကို မှတ်ထားခိုင်းပါလိမ့်မယ်။

အိပ်ချိန်ကို တိုင်းတာခြင်း။ သင့်အခြေအနေ ဘယ်လောက်ဆိုးနေလဲဆိုတာကို သိဖို့အတွက် တိုင်းတာပါလိမ့်မယ်။

အိပ်ချိန်အများအပြားကို တိုင်းတာတဲ့နည်း။ နေ့ဘက်အိပ်ချိန်တွေကို တိုင်းတာရပါမယ်။ ဒီနည်းက သင်အိပ်တဲ့ပုံစံတွေကို တိုင်းတာနိုင်ပါတယ်။

Polysmnogram။ ညဘက်အိပ်စက်နားနိုင်တဲ့ နေရာမှာနေပါ။ စက်တွေက သင့်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ၊ မျက်လုံးရွေ့လျားမှု၊ နှလုံးခုန်နှုန်း၊ အောက်စီဂျင်ပမာဏနဲ့ လုပ်ငန်းတွေကို တိုင်းတာပါလိမ့်မယ်။

Hypersomnia disorder (အအိပ်လွန်တဲ့ ပြဿနာ) ကို ဘယ်လိုကုသပါသလဲ

အအိပ်လွန်တဲ့ ပြဿနာရှိနေတယ်ဆိုလျှင် ဆရာဝန်က သင့်ရောဂါကို ကုသဖို့အတွက် ဆေးတွေအများအပြားကို ပေးပါလိမ့်မယ်။ လန်းဆန်းစေတဲ့ဆေးတွေ၊ စိတ်ဓါတ်ကျသက်သာစေတဲ့ဆေးတွေ၊ ဆေးအသစ်အဆန်း( Provigil/ Xyrem) တို့ကိုပေးပါလိမ့်မယ်။

အိပ်ရင်းအောက်စီဂျင်နဲတဲ့ရောဂါရနေရင် ဆရာဝန်က သင်အိပ်နေစဉ် နှာခေါင်းကို အုပ်ပြီးအောက်စီဂျင် ပေးပါလိမ့်မယ်။

နှာခေါင်းကိုအုပ်ထားတဲ့ မျက်နှာဖုံးနဲ့ အောက်စီဂျင်ပေးတဲ့စက်နဲ့ ချိတ်ဆက်ပြီး အောက်စီဂျင်ကို တောက်လျှောက်ပေးပါလိမ့်မယ်။ နှာခေါင်းအတွင်းကို ဝင်ရောက်တဲ့ အောက်စီဂျင်ရဲ့ ဖိအားကြောင့် အသက်ရှူလမ်းကြောင်းကို ပွင့်နေစေပါတယ်။

သင်က နုံးစေတဲ့ဆေးတွေသောက်ထားလျှင် ဆရာဝန်ကို အိပ်ချင်စိတ်နဲစေတဲ့ ဆေးတွေနဲ့ အစားထိုးခိုင်းပါ။ သင်က ညဘက်ကို ပိုပြီးအိပ်စက်နိုင်ဖို့ အိပ်ရာစောစောဝင်ပါ။ အရက်နှင့် ကဖိန်းအသုံးပြုတာကို ရပ်လိုက်ပါ။

နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ

အအိပ်လွန်တဲ့ ပြဿနာအတွက် လိုအပ်တဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။

အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက အအိပ်လွန်တဲ့ ပြဿနာကို ကူညီပေးပါလိမ့်မယ်။

တချို့ အအိပ်လွန်တဲ့ ပြဿနာကို ကာကွယ်ဖို့ နည်းမရှိပါ။ သင်က တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာအိပ်စက်ခြင်းနှင့် အရက်ဖြတ်ခြင်းတွေက အအိပ်လွန်တဲ့ ပြဿနာကို လျှော့ချပေးနိုင်ပါတယ်။ နုံးစေတဲ့ဆေးတွေနဲ့ ညဘက်အလုပ်လုပ်ခြင်းကို ရှောင်ပါ။

သင်သိလိုတာ ရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး သင့်အတွက် သင့်တော်သောအဖြေကို ရယူနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hypersomnia https://www.healthline.com/health/
hypersomnia#overview1 Accessed October 27, 2017
Hypersomnia https://www.emedicinehealth.com/
hypersomnia/page2_em.htm Accessed October 27,
2017
Hypersomnia https://www.sleepassociation.org/
patients-general-public/hypersomnia/ Accessed
October 27, 2017
Sleep and Hypersomnia https://www.webmd.com/
sleep-disorders/guide/hypersomnia Accessed
October 27, 2017
Sleep Disorders: Hypersomnia https://
www.medicinenet.com/hypersomnia/
article.htm Accessed October 27, 2017
Review Date: October 30, 2017 | Last Modified:
October 30, 2017

ယခုပုံစံ

12/09/2019

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်မက်တွေကို မမှတ်မိတာ ဘာကြောင့်လဲ

ညနေဘက် အိပ်ရင် ဖျားတတ် သလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement