အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘိုးဘိုးဘွားဘွားတို့ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့

အသက်ကြီးလာတဲ့ ဖေဖေမေမေ ဘိုးဘိုးဘွားဘွားတွေဆီက အများဆုံး ကြားရတဲ့ စကားတစ်ခုက ညဘက် ကောင်းကောင်း အိပ်လို့ မပျော်ဘူးဆိုတာပါ။ ဒီလိုမျိုး ညဘက်တွေမှာ ကောင်းကောင်း အိပ်မပျော်မှုကို ဘယ်လို ဖြေရှင်းပေးရမလဲလို့ တွေးမိနေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဆောင်းပါးလေးထဲမှာ ဘိုးဘိုးဘွားဘွားတို့ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးထားပါတယ်။ https://hellosayarwon.com/healthy-aging/active-aging/immune-habits-for-seniors-in-winter/ အသက်ကြီးသူတွေမှာ အရေးပါတဲ့ အိပ်စက်ခြင်း လူတိုင်း အသက်အရွယ်တိုင်းမှာ အိပ်စက်မှုက အရေးပါပါတယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန် မရရှိခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အသက်အရွယ်အလိုက် အိပ်ချိန် လိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ ကလေးငယ်တွေ နဲ့ အသက်အရွယ်ကြီးရင့်သူတွေဟာ လူလတ်ပိုင်းတွေထက် အိပ်ချိန်က ပိုမို လိုအပ်ပါတယ်။ အရွယ်ရလာသူတွေ အနေနဲ့ တစ်ညတာမှာ အိပ်ချိန် ၇ နာရီကနေ ၉ နာရီကြား ရရှိဖို့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ

အခန်း အေးအေးလူလူလေးထဲမှာ အိပ်ရတာက မြန်မြန်အိပ်ပျော်စေတယ်ဆိုတာကိုတော့ အားလုံး သိထားပြီး ဖြစ်မှာပါ။ နွေလယ်ပူမှာဆိုရင် ညဘက်မှာ အခန်းက အေးနေမှ ကောင်းကောင်း အိပ်ပျော်မှာပါ။ ဒါကြောင့်ပဲ နွေပူပူမှာ ပန်ကာဖွင့်အိပ်သူက အိပ်၊ အဲကွန်းဖွင့် အိပ်သူကအိပ်ကြတာပေါ့။ ဒီတစ်ခေါက်တော့ ညဘက်တွေမှာ အေးမြတဲ့အခန်းလေးကပေးတဲ့ အိပ်စက်မှုဆိုင်ရာ အကျိုးကျေးဇူးများ အကြောင်းကို ပြောပြပေးချင်ပါတယ်။ အိပ်စက်မှုဖြစ်စဉ် နေဝင်ပြီး ညဘက်ရောက်လာလေလေ ခန္ဓာကိုယ် အပူချိန်က အလိုလို လျော့ကျလာလေပါ။ ဒါက ဘာကို ဖော်ပြသလဲဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်း နှေးလာပြီး အနားယူအိပ်စက်ဖို့ အသင့်ပြင်နေကြတဲ့ သဘောပါ။ ဒီတော့ အိပ်ခန်းကို အေးမြနေအောင် ထားတာက ခန္ဓာကိုယ်ရဲ့ အိပ်စက်ဖို့ ပြင်ဆင်တဲ့ သဘာဝ ဖြစ်စဉ်ကို အားဖြည့်ပေးရာ ရောက်ပါတယ်။ တကယ်လို့ အိပ်စက်မယ့်အချိန်မှာ အခန်းက အရမ်းပူနေမယ်ဆိုရင် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အဲကွန်းအေးအေးလေး ဖွင့်ထားမှ အိပ်ပျော်တယ်ဆိုရင်တော့

အိပ်စက်တဲ့အခါ အေးမြတဲ့ ပတ်ဝန်းကျင်လေးမှာမှ ပိုပြီး အိပ်ပျော်တာက ဖြစ်တတ်တဲ့ အကြောင်းတရား တစ်ခုပါ။ နွေညတွေမှာဆိုရင် အဲကွန်းအေးအေးလေး ဖွင့်ပြီး အိပ်မှ အိပ်ပျော်ကြသူတွေကလည်း အများသားပါ။ ဒီလိုနဲ့ နွေညတွေမှရယ် မဟုတ်ဘဲ အမြဲလိုလို အဲကွန်းအေးအေးလေး ဖွင့်ထားမှ အိပ်ပျော်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။ အိပ်ပျော်စေဖို့ အဲကွန်းဖွင့်တယ်ဆိုတဲ့နေရာမှာ တစ်ချိန်လုံး အေးစက်နေအောင် ဖွင့်ထားတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဲကွန်းအေးအေးနဲ့ အချိန်တိုင်း အိပ်စက်မှုက ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/health/general-health-knowledge/how-to-overcome-summer-without-aircon/ အဲကွန်းအေးအေးလေး ဖွင့်ထားမှ အိပ်ပျော်တယ်ဆိုရင်တော့ အဲကွန်းအေးအေးလေး ဖွင့်ထားမှ အိပ်ပျော်တယ်ဆိုရင်တော့ ငွေကုန်ကြေးကျ များတဲ့အပြင် အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ Cold Urticaria အေးတဲ့အခါ အသားတွေ ယားတဲ့ ပြဿနာပါ။ တော်တော်များများ ယူဆထားကြတာက […]


ညအိပ်မပျော်ခြင်း

အိပ်ရေးပျက်ရင် ဖျားမှာလား

အိပ်ရေးပျက်ရင် ဖျားမှာလား ဒါမှမဟုတ် မဖျားလောက်ပါဘူးလို့ ယူဆနေတုန်းလား။ ဒါဆိုရင်တော့ ဒီယူဆချက်ကို ပြင်ဆင်ဖို့ လိုနေပါပြီ။ ညဘက်တွေကို ညဉ့်နက်မှ အိပ်တာ၊ အိပ်ရေးပျက်ခံတာက ဒီနေ့ခေတ် လူတိုင်းနဲ့ မကင်းကွာနိုင်တဲ့ အရာတစ်ခုပါ။ ညဘက်တွေမှာ ရောဂါတစ်ရပ်ရပ်ကြောင့် အိပ်မရတာမျိုး တင်မဟုတ်ဘဲ ဆိုရှယ်မီဒီယာတွေ သုံးတာ၊ ညဆိုင်းလုပ်တာတွေကြောင့် အိပ်ရေးပျက်တာ ရှိသလို ညဘက်တွေမှာ အိပ်မပျော်လို့ မအိပ်ရတာ၊ ဂိမ်းဆော့ရင်း ရုပ်ရှင်ကြည့်ရင်း ညနက်သွားတာတွေကြောင့် အိပ်မပျော်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လို အကြောင်းကြောင့် မအိပ်တာဘဲ ဖြစ်ဖြစ် အိပ်ရေးပျက်မယ်ဆိုရင်တော့ အိပ်ရေးပျက်တာ များရင်များသလောက် ဖျားနာနိုင်ခြေကလည်း မြင့်တက်လာမှာပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/healthy-sleep/insomnia/sleep-and-mental-health/ အိပ်စက်မှုနဲ့ ကိုယ်ခံအားတို့ကြားက ဆက်စပ်မှု အိပ်စက်မှုက ကိုယ်ခံအားနဲ့ ဆက်စပ်နေပါတယ်။ အကြောင်းကတော့ အိပ်စက်နေချိန်မှာ […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ

အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဆိုတာကို အရင်က တော်တော်များများက သတိမထားမိပါဘူး။ များသောအားဖြင့် သိလိုက်ကြတာက အိပ်ရင် ဟောက်တတ်တယ်လို့ပဲပေါ့။ တကယ်တော့ အိပ်ရင်း ဟောက်နေရင်းက ရုတ်တရက် ခဏတာ အသက်ရှူ ပိတ်သွားတာမျိုးရှိပါတယ်။ ဒီအခြေအနေကို အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါလို့ ခေါ်တာပါ။ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါက အဝလွန်သူတွေမှာ အဖြစ်များသလို ကျန်းမာရေးပြဿနာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ စားလိုက်တဲ့ အစားအစာတွေကလည်း အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ ဝတဲ့ လူတိုင်းမှာ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ မဖြစ်ပေမဲ့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါဖြစ်တဲ့သူ အများစုက အဝလွန်တဲ့သူတွေပါ။ ဒါကြောင့် အလွယ်ပြောရရင် အဝမလွန်အောင်  […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့

အိပ်- ဟောက် - အသက်ရှူပိတ် ရောဂါလို့ ခေါ်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်က အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ရပ်လို့ ယူဆစရာ ရှိပေမယ့် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ အိပ်- ဟောက်- အသက်ရှူပိတ်ရောဂါက အသက်ရှူလမ်းကြောင်း အထက်ပိုင်း တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပိတ်ဆို့သွားတဲ့ အခြေအနေပါ။ ဒီလို ပိတ်ဆို့သွားတက အိပ်နေစဉ်မှာ ခေတ္တခဏ အသက်ရှူရပ်သွားတာကို ဖြစ်စေပါတယ်။ အကြောင်းကတော့ အိပ်နေစဉ်မှာ လည်ချောင်းအနောက်ဘက်က ကြွက်သားတွေ ပြေလျော့ပြီး လေပြွန်ကို ပိတ်ဆို့သွားတာပါ။ ဒီတစ်ခေါက်တော့ ပြင်းထန်လာရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/healthy-sleep/sleep-apnea/how-to-reduce-snoring-during-sleep/ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့ လည်ပင်းလေ့ကျင့်ခန်း လုပ်ပါ နှာခေါင်းကနေ လေကောင်းကောင်းစီးဆင်းနိုင်စေဖို့ ဘောလုံးမှုတ်တာလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း […]


ညအိပ်မပျော်ခြင်း

ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!

အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အအိပ်များတာ မကောင်းပါ

လူတစ်ယောက် ကျန်းမာပျော်ရွှင်နေစေဖို့နဲ့ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ လိုပါမယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန် ဆိုတဲ့နေရာမှာ ရှိသင့်တဲ့ အိပ်ချိန်ထက် ပိုများနေတာမျိုး မဟုတ်သလို လျော့နည်းနေတာမျိုး မဟုတ်ဖို့လည်း လိုပါတယ်။ ဒီလို ပြောရတာက အိပ်ရေးပျက်တာကတင် ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ဘဲ အအိပ်များတာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ဒီတစ်ခေါက်တော့ အအိပ်များတာ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အအိပ်များတာ မကောင်းပါ လူတော်တော်များများ သိထားသလို အိပ်ရေးပျက်တာကပဲ ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ပါဘူး။ အိပ်ချိန်များတာကလည်း အိပ်ရေးပျက်တာလိုပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် တော်တော်များများက ဒါကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတတ်ကြပါတယ်။ ဘာကြောင့်များ အအိပ်များတာ မကောင်းပါ လို့ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

နေ့လယ်ခင်း တစ်ရေးအိပ်တာ ကောင်းပေမယ့်

တစ်ရေးအိပ်တာ၊ နေ့လယ်ခင်း တစ်ရေးလောက် မှေးတာက ကျန်းမာရေး ကောင်းစေတယ်လို့ သိထားကြပါတယ်။ နေ့လယ်ခင်း တစ်ရေးအိပ်တာက သွေးတိုး ကျစေတယ်။ ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေတယ်။ အာရုံစူးစိုက်မှု ကောင်းစေတယ် ဆိုပေမယ့် နေ့လယ်ခင်းကို ခဏခဏ တစ်ရေးအိပ်တာကတော့ မကောင်းပါဘူးတဲ့နော်။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နေ့လယ်ခင်း တစ်ရေးအိပ်တာ ကောင်းပေမယ့် တစ်ရေးအိပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လေ့လာမှု အသစ်တစ်ရပ်အရ နေ့လယ်ခင်းမှာ ခဏခဏ တစ်ရေးအိပ်တာက သွေးတိုးတာ နဲ့ လေဖြတ်တာကို ခံစားရနိုင်တယ် ဆိုတာပါ။ လေ့လာမှုအတွင်း နေ့လယ်ဘက် လုံးဝ မအိပ်တဲ့သူတွေထက် နေ့လယ်ဘက် ပုံမှန် အိပ်လေ့ရှိသူတွေက သွေးတိုးရောဂါ ခံစားရနိုင်ခြေ ၁၂ % နဲ့ လေဖြတ်နိုင်ခြေ ၂၄ % ပိုများနေပါတယ်။ မကြာသေးခင်က American Heart Association […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဟောက်တယ် ဆိုတာက အိပ်စက်ချိန်မှာ အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ အခြေအနေ ထက်ပိုတဲ့ အခြေအနေ တစ်ရပ်ပါ။ လေ့လာမှုတွေအရကတော့ ညအိပ်နေချိန်မှာ ဟောက်တာက အိပ်မပျော်တာကြောင့် ဖြစ်တာမဟုတ်ဘဲ လေပြွန်တွေထဲကို လေကောင်းကောင်း မဝင်တာကြောင့် ဖြစ်တာလို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒီတစ်ခေါက်တော့ အိပ်နေချိန်မှာ ဘာလို့ ဟောက်ရတာလဲ ဆိုတာနဲ့ ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ အကြောင်း ပြောပြပေးချင်ပါတယ်။ ဟောက်တယ် ဆိုတာ ဟောက်တယ် ဆိုတာက လေတွေ ပါးစပ် နဲ့ နှာခေါင်းကို အလွယ်တကူ ဖြတ်သန်း မစီးဆင်းနိုင်တဲ့ အခြေအနေ တစ်ရပ်ပါ။ လေတွေက ပါးစပ်ထဲမှာ ရှိနေတဲ့ အာခေါင်ပျော့၊ နှာခေါင်း နဲ့ လည်ချောင်းတို့လိုမျိုး အစိတ်အပိုင်းတစ်ခုခုမှာ ဖြစ်နေတဲ့  ပိတ်ဆို့မှုကို အားနဲ့ ဖြတ်သန်းစီးဆင်းတဲ့ အခြေအနေ တစ်ရပ်မှာ ဖြစ်လာတဲ့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်