backup og meta

သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး

    သဘာဝတရားကြီးက လူသားတွေအတွက်ကျန်းမာရေးဆိုင်ရာ အံ့မခန်းဖွယ်အကျိုးကျေးဇူးတွေပေးထားပါတယ်။ ချင်း (ဂျင်း)ကလည်း သဘာဝကပေးတဲ့ အကောင်းဆုံးသော ဆေးစွမ်းတစ်လက်ပါ။ အရာရာတိုင်းက တန်ဆေးလွန်ဘေးဆိုသလိုပဲ ဆေးဖက်ဝင်တယ်ဆိုတိုင်းလည်း အတိုင်းအဆမရှိစားသုံးတာမျိုးမဖြစ်သင့်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေတွေအပေါ်မှာမူတည်ပြီး အတိုင်းအချင့်နဲ့စားသုံးသင့်ပါတယ်။ အောက်ဖော်ပြပါ ရောဂါရှိသူတွေအတွက် ချင်းက တော်တော်လေးကို အန္တရာယ်ကြီးလှပါတယ်။ ဒါကြောင့် သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး ။

    ဂျင်း (ချင်း) ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    ဂျင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပါတယ်။ အစာအိမ်အနာတွေကို ကျက်စေနိုင်သလို ကင်ဆာဆဲလ်​တွေကိုလည်း သေစေနိုင်ပါတယ်။ အမျိုးသားတွေအတွက်လည်း ကျန်းမာရေးကိုကောင်းစေနိုင်ပါတယ်။ ချင်းက ဆေးဖက်ဝင်တယ်ဆိုတာကိုလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်များစွာကတည်းက သိရှိခဲ့တာဖြစ်ပါတယ်။

    သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး

    ချင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမယ့် လူတိုင်းအတွက် ကောင်းလှတယ်တော့ မဟုတ်ပါဘူး။ သင့်မှာ ဒီကျန်းမာရေးပြဿနာတွေ ရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး ။ ဒီလိုလူတွေကတော့ ချင်းကို အတိုင်အချင့်နဲ့ စားသုံးတာမျိုးဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။

    သွေးခဲဆေးသောက်သုံးနေရသူတွေ

    ချင်းက သွေးကို ကျဲစေနိုင်စွမ်း ရှိတာကြောင့် သွေးမတိတ်တဲ့ ဝေဒနာရှိတာကြောင့် သွေးခဲဆေးသောက်သုံးမှီဝဲ နေရသူတွေအနေနဲ့ ချင်းစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့် ပါတယ်။ အချို့သောဖြစ်ရပ်တွေမှာ ချင်းက ဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်း စားသုံးတဲ့ အခါ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာစားသုံးသင့်ပါတယ်။

    ဆီးချိုဆေးမှီဝဲနေရသူတွေ

    ချင်းက သွေးတွင်းသကြားဓာတ်ကို  လျော့ကျစေနိုင်စွမ်းရှိပေမယ့် မက်ဖော်မင်နဲ့ အင်ဆူလင်လိုမျိုးဆီးချိုဆေး သောက်သုံးနေရသူတွေအနေနဲ့ ဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်းမစားသုံးသင့်ပါဘူး။

    ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ အတိုင်းအတာလောက်ပဲစားသုံးသင့်ပါတယ်။ သွေးချိုတအား ကျဆင်းသွားနိုင်တာကြောင့် သင့်တင့်တဲ့ ပမာဏလောက်ပဲ စားသင့်ပါတယ်။

    သွေးကျဆေးသောက်နေရသူတွေ

    ချင်းကို အလွန်အကျွံစားတဲ့အခါ သွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင်ပါတယ်။ ချင်းနဲ့ သွေးတိုးကျဆေးတို့ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက် အထိ ကျဆင်းစေတာမျိုး ဖြစ်ပေါ်စေပါတယ်။ နှလုံးခုန်မမှန်တာမျိုးလည်း ဖြစ်ပေါ်ခံစားရနိုင် ပါတယ်။

    သွေးကျဆေး သောက်နေရသူတွေအနေနဲ့ ချင်း မစားခင် ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း စားသုံးပေးပါ။

    သည်းခြေကျောက်တည်နေသူတွေ

    သည်းခြေကျောက်တည်နေသူတွေအနေနဲ့ ချင်းကို အလွန်အကျွံ စားသုံးမယ် ဆိုပါက ရောဂါအခြေအနေက ပိုမို ဆိုးရွား သွားနိုင်ပါတယ်။ သည်းခြေအိတ်မှာ သည်းခြေကျောက်တည်များစေပါတယ်။

    သည်းခြေကျောက်တွေက သည်းခြေပြွန် တလျှောက် စီးပါသွားရင်း သည်းခြေရည်တွေကို အသည်းဆီကို ရောက်ရှိသွားစေနိုင် ပါတယ်။ ချင်းက သည်းခြေရည် ထုတ်လွှတ်မှုကို တိုးစေနိုင်ပါတယ်။

    ဒီအခြေအနေက သည်းခြေကျောက် ပိတ်ဆို့မှုကို ဖြစ်ပေါ်စေပြီး ဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကိုဖြစ်ပေါ်စေ နိုင်ပါတယ်။သည်းခြေရည်များလွန်းတာက သည်းခြေကျောက် ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက် တည်နိုင်ခြေ ရှိသူတွေ အနေနဲ့ ချင်း မစားသုံးသင့်ပါဘူး။ စားမယ်ဆိုပါက ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။

    ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုံးသင့်ပါဘူး။

    ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ ချင်း စားသုံးသင့်သလား ဆိုတာကို သေသေချာချာ သိရတာမျိုး မရှိပေမယ့် ဆိုးကျိုးဖြစ်နိုင်သလားဆိုတာကိုလည်း ရေရေရာရာ မသိရသေးပါဘူး။ အထူးသဖြင့် ရင်ပူတတ်တဲ့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ချင်းအလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်။

    ချင်းက သွေးထွက်မှုကို များစေနိုင်တာကြောင့် မီးဖွားမယ့် ရက်နီး တဲ့အခါ မစားသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ချင်း စားသုံးမယ်ဆိုပါက ဆရာဝန်တွေနဲ့ အရင် တိုင်ပင်သင့် ပါတယ်။

    စားသုံးသင့်တဲ့ပမာဏ

    -အထက်ပါ ရောဂါဝေဒနာတွေ မရှိတဲ့ သာမန်သူတွေ အနေနဲ့ ချင်းကို တစ်နေ့ ၄ ဂရမ်သာ စားသုံးပေးသင့် ပါတယ်။

    -ကိုယ်ဝန်ဆောင်တွေ အနေနဲ့ တစ်နေ့ကို ၁ ဂရမ်ထက် ပိုမစားသင့်ပါဘူး။

    ဟင်းချက်ထဲထည့်တဲ့အခါ ပါတဲ့ပမာဏလောက်ကတော့ စိုးရိမ်စရာမရှိလို့ လူတိုင်းစားလို့ ရပါတယ်။ ဒါပေမယ့် ချင်းသုတ်တွေကို အလွန်အကျွံစားတာ၊ အချဉ်တည်ထားတဲ့ ချင်းကို အလွန်အကျွံစားတာကိုသာ ရှောင်ရမှာပါ။ သင့်တင့်တဲ့ ပမာဏလောက်ကတော့ လူတိုင်းစားလို့ ရတာကြောင့် လုံးဝမစားဘဲ ရှောင်စရာတော့ မလိုပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement