ကျန်းမာတဲ့ အိပ်စက်ခြင်း မျိုးရအောင် ဘာတွေ သတိထားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

တစ်နေ့တာလုံးအတွက် လန်းဆန်းနေဖို့၊ စိတ်ကြည်လင်နေဖို့၊ ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ဖို့ အတွက် အိပ်စက်ခြင်း ဟာ အရမ်းကို အရေးကြီးပါတယ်။  အိပ်စက်တဲ့ အခါမှာလည်း healthy and good night sleep လို့ခေါ်တဲ့ ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးဖြစ်မှသာ စိတ်ကျန်းမာရေး ရော၊ ခန္ဓာကိုယ်ကျန်းမာရေး အတွက်ပါ အကောင်းဆုံးရလဒ်တွေ ကိုရလာမှာပါ။ ဒါ့ကြောင့် သင့်အတွက် အကျိုးရှိပြီး ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုး ရစေဖို့ အတွက် ဘယ်လိုတွေ အိပ်စက်သင့်တယ်၊ ဘာတွေ သတိထားရှောင်ကြဉ်ရမယ်ဆိုတာလေးတွေ သိထားဖို့ လိုအပ်လာပါပြီ။

()ပထမဦးဆုံး အချက်အနေနဲ့ ပုံမှန် အိပ်ချိန်တစ်ခု သတ်မှတ်ထားဖို့ပါ။

ပုံမှန် အိပ်ချိန်တစ်ခု သတ်မှတ်ထားပြီး အဲဒီ အချိန်ရောက်တိုင်း အိပ်စက်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို ပိုကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုးရအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ အားလပ်ရက် ပိတ်ရက်တွေ၊ ခရီးသွားနေချိန် ဆိုရင်တောင်မှ ပုံမှန်သတ်မှတ်ထားတဲ့ အတိုင်းပဲ အိပ်ပေးသင့်ပါတယ်။

() သင့်ရဲ့ အိပ်ခန်းကို တိတ်ဆိတ်ပြီး မှောင်နေအောင် ဖန်တီးထားပါ။

သင့်အခန်းက အခြားအသံတွေ ကြောင့်ဆူညံနေမယ်ဆိုရင် နားကို ဆို့ထားလို့ရတဲ့ earplugs လေးတွေ သုံးတာမျိုး၊ ဘေးပတ်ဝန်းကျင်ကြောင့် လင်းနေမယ်ဆိုရင် eye cover မျက်လုံးအကာလေး သုံးတာမျိုးတွေ လုပ်သင့်ပါတယ်။ အရမ်းမှောင်မဲ ပြီး မအိပ်တတ်တဲ့ သူဆိုရင်လည်း အရမ်းစူးပြီးလင်းတဲ့ မီးမျိုးမသုံးဘဲ မှိန်ပြပြ ညမီးသီးလေးတွေ အသုံးပြုပေးဖို့ အကြံပေးချင်ပါတယ်။ အိပ်မယ့် အခန်းထဲမှာ လျှပ်စစ်ပစ္စည်းတွေ ရှိရင်လည်း အိပ်တဲ့ အချိန်မှာ ပိတ်ထားသင့်ပါတယ်။

 () ဖုန်းကို အဝေးမှာထားပါ။

လက်ကိုင်ဖုန်း နဲ့ အခြား လျှပ်စစ် ပစ္စည်းတွေက ထွက်တဲ့ အလင်းရောင်က သင့်ရဲ့ ဦးနှောက်ကိုသွားပြီး လှုံ့ဆော်နိုင်တဲ့အတွက် အိပ်ရတာ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် မအိပ်ခင် ၁နာရီလောက်အလိုမှာ ဖုန်း ၊ ကွန်ပြူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုဖို့ သတိထားပေးသင့်ပါတယ်။

() အရက်၊ဘီယာ၊ ဝိုင်စတဲ့ alcohol ပါတာတွေကို ရှောင်ပါ။

အရက်သောက်ခြင်းက သင့်ရဲ့ ဦးနှောက်မှာရှိတဲ့ brainwaves တွေ ကို နှောက်ယှက်နိုင်ပြီး အိပ်ခြင်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ အရက်သောက်ပြီး ညဘက်မှာ တစ်ညလုံးကောင်းကောင်း အိပ်ပျော်သွားတယ်ဆိုရင်တောင် အရက်သောက်ခြင်းကြောင့် နောက်တစ်နေ့ မနက်မှာ လန်းလန်းဆန်းဆန်းမရှိဘဲ နှုံးပြီးနိုးလာတာမျိုးကို ဖြစ်စေနိုင်ပါတယ်။

() ကော်ဖီ နဲ့ caffeine ပါတဲ့ အစားအသောက်တွေ ကို ဖြတ်နိုင်အောင်၊ လျှော့နိုင်အောင် ကြိုးစားပါ။

ကော်ဖီသောက်ခြင်းဟာ မျက်လုံးကြောင်စေပြီး အိပ်ချင်စိတ်ကို ပြေစေနိုင်တဲ့ အတွက် နေ့ခင်းနေ့လည် ပိုင်းမှာပဲ သောက်ထားတယ်ဆိုရင်တောင်မှ ညဘက်သင့်ရဲ့ အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ နောက်ပြီး caffeine ပါတဲ့ အစားအစာ (ဥပမာ- လက်ဖက်ရည်၊ ချော့ကလက်၊ soft drink အချိုရည်တွေကို နေ့လယ်ခင်း နောက်ပိုင်း (သို့) အနည်းဆုံး မအိပ်ခင် ၆ နာရီ အလိုလောက် မှာ မစား သောက်မိစေဖို့ သတိထားပေးရမှာပါ။

() မအိပ်ခင် အများကြီးစားတာမျိုး မလုပ်ပါနဲ့။

မအိပ်ခင် ၂နာရီလောက်အလိုမှာ အရမ်းဗိုက်ပြည့်စေမယ့် အစားအစာတွေကို မစားသင့်ပါဘူး။ ဗိုက်အရမ်းဆာလာတယ်ဆိုရင်တော့ နို့တစ်ခွက် ဖြစ်ဖြစ် သောက်နိုင်ပါတယ်။ နို့မှာပါတဲ့ L-tryptophan ဆိုတဲ့ ပါဝင်ပစ္စည်းလေးက အိပ်ဖို့အတွက် အကူအညီ ဖြစ်စေနိုင်ပါတယ်။

() အိပ်ယာမဝင်ခင် ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။

ဆေးလိပ်မှာပါတဲ့ nicotine ဟာ သင့်ကို နိုးအောင် လှုံ့ဆော်နိုင်ပါတယ်။ ဒါ့ကြောင့် မအိပ်ခင်မှာ ဆေးလိပ်သောက်ခြင်း က သင့်ကို အိပ်ရေးပျက်စေနိုင်တဲ့အတွက် ကောင်းမွန်တဲ့ အိပ်စက်ခြင်းမျိုး ရစေမှာ မဟုတ်ပါဘူး။

() အိမ်မွေး တိရိစ္ဆာန်လေးတွေကို အိပ်ယာနဲ့ အဝေးမှာသိပ်ပါ။

အိမ်မွေးတိရိစ္ဆာန်လေးတွေ နဲ့တူတူအိပ်ခြင်းက သင့်ကို အိပ်ရေးပျက်စေနိုင်ရုံသာမက အခြား ဓါတ်မတည့်တဲ့ ဖြစ်နိုင်ခြေတွေလည်း အရမ်းများပါတယ်။

() မအိပ်ခင် အကြောလျှော့ပေးပါ။

အိပ်ယာမဝင်ခင်မှာ သင့်ရဲ့ ကြွက်သားတွေ ပြေလျော့စေဖို့ အကြောလျှော့ပေးတာမျိုး၊ စိတ်ငြိမ်အောင် တရားထိုင်ပေးတာမျိုးလည်း လုပ်ပေးတာကလည်း ကျန်းမာတဲ့အိပ်စက်ခြင်းမျိုး ရအောင် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

မအိပ်ခင်မှာ လုပ်သင့်တာလေးတွေလုပ်၊ ရှောင်သင့်တာလေးတွေ သတိထားရှောင်ပေးခြင်းဖြင့် အားလုံး ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးရပြီး လန်းဆန်းဆက်ကြွတဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ကပ်ဘေးကာလ မှာ သူသူကိုယ်ကိုယ် စိတ်ရော ကိုယ်ပါ ထိခိုက်နေမှာပါ။ ဒါပေမယ့် ရေရှည်တိုက်ပွဲဖြစ်တာကြောင့် စိတ်ရော ကိုယ်ရော ကြံ့ကြံ့ခိုင် နေဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read