ညဘက်အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်ဟာ တစ်ကိုယ်လုံးမှာ ရှိတဲ့ တစ်နေ့တာလုံးမှာ ပျက်စီးသွားတဲ့ ဆဲလ်တစ်လုံးချင်းကို ပြုပြင်ပါတယ်။ အရှင်းဆုံးပြောရရင် အားကစားလုပ်ထားတဲ့သူတွေ အလေးများများမတဲ့သူတွေရဲ့ ခန္ဓာကိုယ်ဟာဆိုရင် ကြွက်သားတွေကို အကြိမ်ကြိမ်ပျက်စီးတယ်၊ ဒါကြောင့် ကြွက်သားတွေကို ပြုပြင်ဖို့ အသစ်ဖြစ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ သိုလှောင်ထားတဲ့ လောင်စာတွေကို သုံးပစ်ပါတယ်။
၃။ နောက်တစ်ရက်အတွက် စွမ်းအင်တွေကို ဖြိုခွဲတယ်။
မအိပ်ခင် တစ်နေ့လုံး စားထားတဲ့ အစားအသောက်တွေကိုလည်း နောက်တစ်ရက်နိုးလာရင် စွမ်းအင်အဖြစ်အသုံးချဖို့အတွက် အစာခြေတာကြောင့်လည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။
ဒါဆိုရင် အိပ်နေတဲ့ချိန်မှာ ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းနိုင်လဲ။
ဒါကတော့ လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူပါဘူး။ အပေါ်မှာ ပြောခဲ့သလို မိန်းကလေးနဲ့ ယောကျ်ားလေး တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမာဏကွာသလို လောင်ကျွမ်းတဲ့ ပမာဏလည်းမတူပါဘူး။
အဓိကတော့ basal metabolic rate (BMR) လို့ခေါ်တဲ့ အခြေခံ ဇီဝကမ္မဖြစ်ပျက်မှုနှုန်း ပေါ်မှာမူတည်ပါတယ်။ BMR ဆိုတာ အလွယ်ပြောရင် လူတစ်ယောက် တစ်နေ့တာလုံးမှာဖြစ်နေတဲ့ အသက်ရှူတာ၊ နှလုံးခုန်တာ၊ အစာခြေတာ စတဲ့ အခြေခံအကျဆုံး ခန္ဓာကိုယ်ဖြစ်စဉ်တွေအတွက် လိုအပ်တဲ့ အနည်းဆုံး ကယ်လိုရီ ပမာဏပါ။
BMR ကတော့ လူတစ်ယောက်ချင်းစီရဲ့ အလေးချိန်ပေါ်မှာ အခြေခံပါတယ်။ ဝိတ်ပိုများလေ စွမ်းအင်ပိုသုံးရလေဖြစ်လို့ BMR ကလည်း ပိုများမှာပါ။
နောက်ပြီးတော့ ဘယ်လောက်ကြာကြာအိပ်လဲ ပေါ်မှာလည်း မူတည်ပါတယ်။
၁၂၅ ပေါင် အလေးချိန်ရှိတဲ့ ကျန်းမာတဲ့လူတစ်ယောက်ဟာ အိပ်နေတဲ့ချိန်မှာ တစ်နာရီကို ၃၈ ကယ်လိုရီလောင်ကျွမ်းပါတယ်တဲ့။ ဒါဆိုရင် သူ့ ဘယ်နှနာရီအိပ်လဲနဲ့ မြှောက်လိုက်ရင်တော့ သူအိပ်နေတဲ့ချိန်မှာ ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းသွားလဲဆိုတာသိနိုင်ပါတယ်။
ကယ်လိုရီ အများဆုံး လောင်ကျွမ်းစေဖို့ ဘယ်လောက်ကြာကြာအိပ်ရမလဲ။
အိပ်ချိန်နည်းရင် ဝိတ်တက်လာနိုင်သလို အိပ်ချိန်အရမ်းများရင်လည်း လှုပ်ရှားမှုနည်းသွားတဲ့ အတွက် ဝိတ်တက်နိုင်ပါတယ်။ အိပ်ချိန်ကို လုံလုံလောက်လောက် အိပ်ဖို့အပြင် အားကစားတစ်ခုခုလုပ်ရင်တော့ ကယ်လိုရီလောင်ကျွမ်းတာက အိပ်နေတဲ့ချိန်မှာတောင် အမြင့်ဆုံးဖြစ်နေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။