backup og meta

လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 23/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၁၀ ခု

    အလုပ်များတဲ့နေ့တွေမှာ နေ့ခင်းနေ့လယ်ပိုင်းတွေရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အထူးသဖြင့် အလုပ်တွေများနေချိန်မျိုး၊ နေ့လယ်စာ စားထားပြီးချိန်မျိုးတွေမှာပေါ့။ အိမ်မှာရှိနေသူတွေအတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေးရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက်ကတော့ ဒီလိုအခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။

    တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက်သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။ ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အပြုအမူတစ်ခုဖြစ်သလို လုပ်ငန်းခွင်အတွက်လည်း အကျိုးရှိစေတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ မိနစ် ၂၀၊ နာရီဝက်ဝန်းကျင်လောက် တရေးတမော အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကောင်းစေတာ၊ လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို တိုးတက်စေတာအပါအဝင် အကျိုးကျေးဇူးတွေ အတော်များရှိပါတယ်။

    နေ့လယ်စာ စားထားသည်ဖြစ်စေ မစားထားသည်ဖြစ်စေ နေ့ခင်းဘက် ၁ နာရီနဲ့ ၃ နာရီအကြားကာလတွေဟာ လူတေအတွက် နိုးကြားမှု လျော့နည်းတဲ့ ကာလဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ အိပ်ငိုက်တာတွေ၊ အလုပ်အပေါ် အာရုံမစိုက်နိုင်တာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ အနားယူအိပ်စက်ပေးခြင်းဖြင့် ခန္တာကိုယ်ကိုရော စိတ်ကိုပါ အကျိုးရှိစေမှာဖြစ်ပြီးတော့ လုပ်ငန်းဆောင်တာတွေကိုလည်း ပိုမိုအာရုံစိုက်လုပ်ကိုင်နိုင်လိမ့်မယ်လို့ အိပ်စက်ခြင်းဆိုင်ရာ အထူးကုဗေဒပညာရှင်တွေကဆိုထားကြပါတယ်။

    ဂရိ၊ ဘရာဇီးလ်နဲ့ မက္ကဆီကိုလိုတိုင်းပြည်မျိုးတွေမှာဆိုရင် နေ့ခင်းနေ့လယ် တရေးတမော အိပ်စက်ခြင်းဟာ ဒေသိယအလေ့အထတစ်ခုဖြစ်ပါတယ်။ နေ့ခင်းနေ့လယ်အချိန်တွေမှာ အိမ်ပြန်အနားယူအိပ်စက်ကြတာမျိုးက သူတို့အတွက် ငြိမ်းချမ်းမှုကို ပေးတယ်လို့ ဆိုပါတယ်။

    လူတွေအနေနဲ့ အကြောင်းပြချက်အမျိုးမျိုးတွေကြောင့် နေ့ခင်းနေ့လည်တွေမှာ ငိုက်မြည်းတတ်ကြပါတယ်။ အိပ်ရေးပျက်တာကြောင့်၊ အိပ်ရေးပျက်နိုင်ချေရှိနေတယ်ဆိုတဲ့ အတွေးကြောင့်၊ အားလပ်နေတာကြောင့် စသဖြင့်အမျိုးမျိုးပါပဲ။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် နေ့လယ်နေ့ခင်းတွေမှာ တစ်ရေးတမော အနားယူအိပ်စက်လိုက်တာဟာ ကိုယ့်ကို အကျိုးရှိစေမှာတော့ အမှန်ပါ။

    လုပ်ငန်းခွင်ထဲမှာ တရေးတမော အိပ်စက်အနားယူတာက ဘယ်လို ကောင်းကျိုးတွေပေးလဲဆိုတော့

    ၁။ မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်စေတယ်

    ၂။ သွေးဖိအားမကျအောင် တားဆီးပေးတယ်

    ၃။ ခန္ဓာကိုယ်တွင်းက နာ့ဗ်ကြောတွေကို တည်ငြိမ်စေတယ်

    ၄။ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်

    ၅။ စိတ်ခံစားချက် ကောင်းမွန်စေတယ်

    ၆။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွဖြစ်စေတယ်

    ၇။ ကဖိန်းဓာတ်ထက် လူကိုပိုပြီး အကျိုးပြုတယ်

    ၈။ အိပ်ရေးပျက်ထားချိန်မျိုးတွေမှာ တရေးတမော အိပ်ပေးရင် ညဘက်ပုံမှန် အိပ်ပေးသလို အကျိုးရှိတယ်၊ ညဘက် ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်စက်စေတယ်

    ၉။ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်

    ၁၀။ နှလုံးကို အားပေးကူညီတယ်

    ဒါကြောင့် နေ့ခင်းနေ့လယ်တွေမှာ ဖြစ်နိုင်ရင် တရေးတမော အိပ်စက်ကြည့်ပါ။ တစ်နေ့တစ်ကြိမ်မဟုတ်ရင်တောင်မှ တစ်ပတ်ကို ၄ ကြိမ်လောက် တရေးတမော အိပ်စက်သင့်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ အကောင်းဆုံးကတော့ နေ့ခင်းဘက် ၂ နာရီနဲ့ ၃ နာရီအကြားမှာ အိပ်စက်တာက အကောင်းဆုံးပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 23/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement