backup og meta

အအိပ်များခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအိပ်များခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    အအိပ်များခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    အိပ်စက်မှုဆိုတာက သက်ရှိသတ္တဝါတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ရှင်သန်မှုလုပ်ငန်းစဉ်တွေထဲကတစ်ရပ်ဖြစ်ပါတယ်။ အိပ်စက်တယ်ဆိုရာမှာလည်း ကျန်းမာရေးအတွက်ကောင်းကျိုးဖြစ်ထွန်းအောင် အိပ်စက်တတ်ဖို့လိုအပ်ပါတယ်။ အိပ်စက်မှုနဲ့ပတ်သက်ပြီး ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

    အအိပ်များခြင်း (Oversleeping)

    အသက်အရွယ်ကိုလိုက်ပြီး အိပ်စက်မှုအတိုင်းအတာက လူတစ်ဦးနဲ့တစ်ဦးမှာ မတူညီဘဲကွဲပြားတာမျိုးတွေရှိပါတယ်။ အိပ်စက်မှု အတိုင်းအတာက အသက်အရွယ်၊နေ့စဉ်လှုပ်ရှားနေမှုပုံစံနဲ့နေထိုင်မှုအလေ့အထတွေအပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဥပမာပြောပြရရင် စိတ်ဖိစီးနေတဲ့အခါမျိုး (သို့)နေထိုင်မကောင်းတဲ့အခါမျိုးတွေမှာ အိပ်စက်ချိန်ကပုံမှန်ထက်ပိုမိုလိုအပ်တယ်လို့ ခံစားရနိုင်ပါတယ်။

    အိပ်ချိန်ဘယ်လောက် လိုအပ်သလဲ။

    ညတိုင်းလိုလိုမှာ အိပ်ချြိန်ပည့်ပြည့်ဝဝရရှိဖို့လိုအပ်တယ်ဆိုတဲ့အချက်ကိုကြားဖူးလိမ့်မယ်ထင်ပါတယ်။ အိပ်စက်ချိန်မလုံလောက်တဲ့အခါ ရောဂါလက္ခဏာရပ်တွေ၊ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်လာရမှာဖြစ်ပါတယ်။

    အိပ်စက်ချိန်ဘယ်လောက်ရှိသင့်လဲ။ အိပ်စက်ချိန်ကအသက်အရွယ်ပေါ်မှာ များသောအားဖြင့်မူတည်နေတာဖြစ်ပါတယ်။ အိပ်စက်ချိန်တအားနည်းနေတယ်ဆိုရင် ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲရမှာဖြစ်ပြီး ထိုသို့ပြောင်းလဲမှုက အကျိုးသက်ရောက်မှုမရှိဘူးဆိုရင် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုအပ်ပါတယ်။

    အိပ်ရေးဝဝအိပ်စက်ခြင်းကကောင်းတဲ့အချက်ဆိုပေမယ့် အိပ်ချိန်အရမ်းများတာကတော့ ကျန်းမာရေးတစ်ခုခုချို့ယွင်းနေပြီဆိုတာကိုပြသတဲ့လက္ခဏာရပ်လည်းဖြစ်နိုင်ပါတယ်။ အိပ်ချိန်တအားများတာကရောဂါခံစားရမှုတွေအထိဖြစ်ပေါ်စေနိုင်ပါတယ်။

    အိပ်စက်မှု လမ်းညွှန်

    အခုလက်ရှိမှာ အမျိုးသားအိပ်စက်ခြင်းအဖွဲ့ ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

    အသက်အရွယ် တစ်နေ့တာ ရှိသင့်တဲ့အိပ်စက်ချိန်

    မွေးကင်းစ ကလေးငယ် ၁၄ နာရီ ကနေ ၁၇ နာရီ

    နို့စို့အရွယ်ကလေးငယ် ၁၂ နာရီ ကနေ ၁၅ နာရီ

    လမ်းလျှောက်တတ်စအရွယ် ကလေးငယ် ၁၁ နာရီ ကနေ ၁၄ နာရီ

    မူကြိုအရွယ် ကလေးငယ် ၁၀ နာရီ ကနေ ၁၃ နာရီ

    ကျောင်းနေအရွယ် ကလေးငယ် ၉ နာရီကနေ ၁၁ နာရီ

    ဆယ်ကျော်သက် ၈ နာရီ ကနေ ၁၀ နာရီ

    အရွယ်ရောက်ပြီးတဲ့သူ ၇ နာရီ ကနေ ၉ နာရီ

    သက်ကြီးရွယ်အို ၇ နာရီ ကနေ ၈ နာရီ

    ညဘက်မှာ ကောင်းကောင်းအိပ်ပျော်တာက ကျန်းမာရေးအတွက် အရေးပါတဲ့ အချက်တစ်ချက်ဆိုပေမယ့် အလွန်အကျွံအိပ်စက်တာကို ဆီးချိုရောဂါ၊နှလုံးရောဂါ လိုမျိုးကျန်းမာရေးပြဿနာရပ်တွေနဲ့ ဆက်စပ်နေသလိုသေဆုံးသည်အထိတောင်ဖြစ်စေနိုင်ပါတယ်။ စိတ်ကျဝေဒနာခံစားရတာနဲ့ လူမှုစီးပွားဆိုင်ရာ အဆင့်အတန်းနိမ့်ကျမှုက အအိပ်များတာနဲ့တောတော်လေးကို ပတ်သက်ဆက်နွယ်နေပါတယ်။ ဥပမာပြောပြရရင် လူမှုစီးပွားအဆင့်အတန်းနိမ့်ကျသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုလည်း အားနည်းသလို အိပ်စက်ချိန်များလွန်းတာကြောင့် နှလုံးရောဂါလိုမျိုးရောဂါအမည်မဖော်နိုင်တဲ့ရောဂါတွေကိုလည်းပိုမိုခံစားရနိုင်ပါတယ်။

    ဘာကြောင့်လူတွေ အအိပ်များရတာလဲ။

    လူတွေမှာ ခံစားရလေ့ရှိတဲ့ (hypersomnia) လို့ခေါ်တဲ့ အအိပ်များလွန်းတဲ့ပြဿနာက ကျန်းမာရေးဆိုင်ရာထိခိုက်မှုဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ထိုဝေဒနာကိုခံစားနေရသူတွေမှာနေ့ဘက်မှာ တစ်နေ့လု့းအိပ်စက်တာနဲ့ညဘက်တွေမှာလည်း ပုံမှန်ရှိသင့်တဲ့အိပ်ချိန်ထက်ပိုအိပ်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။hypersomnia ယေဒနာခံစားနေရသူ အများစုမှာ စိတ်ပူပန်တာ၊ အားအင်ကုန်ခမ်းတာနဲ့ မှတ်ဉာဏ်ဆိုင်ရာပြဿနာတွေတွေ့ကြုံလာရနိုင်ပါတယ်။

    အိပ်ပျော်နေစဉ် အသက်ရှုရပ်ခြင်း (Obstructive sleep apena) အိပ်စက်ချိန်ပိုမိုလိုအပ်မှုကိုဖြစ်ပေါ်စေပါတယ်။ ပုံမှန်အိပ်စက်မှု စက်ဝန်းကို အနှောက်အယှက်ဖြစ်တာကြောင့်ဖြစ်ပါတယ်။

    အိပ်ချိန်ပုံမှန်ထက် ပိုမိုအိပ်စက်တိုင်း အိပ်စက်မှုပုံစံမမှန်တာကိုခံစားနေရတာမဟုတ်ပါဘူး။ အရက်နဲ့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုသောက်သုံးရတာကြောင့်လည်း ပုံမှန်အိပ်စက်တဲ့အတိုင်းအတာ ထက်ပိုမိုအိပ်စက်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ စိတ်ဓါတ်ကျဝေဒနာခံစားနေရတာကြောင့်လည်း ပုံမှန်ထက်ပိုမိုအိပ်စက်နေတာလည်းဖြစ်နိုင်ပါတယ်။

    အအိပ်များတာကြောင့်ဖြစ်နိုင်တဲ့ရောဂါများ

    ဆီးချို –လေ့လာမှုတွေအရ အိပ်ရေးပျက်တာက ဆီးချိုရောဂါကိုဖြစ်စေနိုင်သလို အအိပ်များလွန်းတာကလည်း ဆီးချိုရောဂါကိုဖြစ်စေနိုင်တယ်။ လို့တွေ့ရှိရပါတယ်။

    အဝလွန်ခြင်း –အိပ်ချိန်တအားနည်းတာကြောင့် ကိုယ်အလေးချိန်တိုးနိုင်သလို အိပ်ချိန်တအားများတာကြောင့်လည်း ကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ ညတိုင်းအိပ်ချိန် ၉ နာရီ ကနေ ၁၀ နာရီအတွင်းအိပ်စက်သူတွေမှာ ၆ နှစ်ကျော်လာတဲ့အခါ တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီကြားအိပ်တဲ့သူတွေထက် အဝလွန်နိုင်ခြေ ၂၁ ရာခိုင်နှုန်းပိုများနေတာကိုတွေ့ရှိခဲ့ပါတယ်။

    ခေါင်းကိုက်ခြင်း – အိပ်စက်ချိန်က ပုံမှန်အိပ်စက်နေကျအတိုင်းအတာထက် ပိုများသွားရင် အချို့သူတွေမှာခေါင်းကိုက်တာကိုခံစားရလေ့ရှိပါတယ်။ သုတေသီတွေကတော့ အအိပ်များတာကserotonin အပါအဝင် ဦးနှောက်ထဲကneurotransmitterတွေအပေါ်မှာ သက်ရောက်မှုရှိနေနိုင်တယ်။ လို့ ယူဆနေကြပါတယ်။နေ့ဘက်မှာ တအာအိပ်ထားတဲ့သူတွေမှာ ညအခါကောင်းကောင်းအိပ်မပျော်ဘဲဖြစ်တတ်တာကြောင့်နောက်တစ်နေ့မနက်မှာခေါင်းကိုက်နေတာမျိုးတွေခံစားရနိုင်ပါတယ်။

    ခါးနာခြင်း –ခါးနာတဲ့ဝေဒနာခံစားရတာကြောင့် ဆရာဝန်ကိုသွားပြတဲ့အခါ ဆရာဝန်ကအနားယူဖို့ပြောပါလိမ့်မယ်။ ဒါတွေက အရင်တုန်းကအဖြစ်အပျက်တွေပါ။ အခုလက်ရှိမှာ ဆရာဝန်က အနားယူဖို့ပြောပေမယ့်လို့ သင့်အနေနဲ့နေ့စဉ်လုပ်ဆောင်နေကျလေ့ကျင့်ခန်းတွေကို မလုပ်ဆောင်ဘဲနေတာမျိုးလုပ်ဖို့မလိုပါဘူး။ ခါးနာတယ်ဆိုရင် ဆရာဝန်နဲ့သွားပြကြည့်ပါ။ ဆရာဝန်က ခါးနာသက်သာစေဖို့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်ရမလဲ ဆိုတာကိုပြောပြပါလိမ့်မယ်။

    စိတ်ဓါတ်ကျခြင်း –များသောအားဖြင့်တော့ အိပ်မပျော်တာက အအိပ်များတာထက် စိတ်ဓါတ်ကျတာနဲ့ ပိုမိုဆက်စပ်နေတတ်တာဖြစ်ပါ တယ်။ အာကြမ်းဖျင်းအားဖြင့်တော့ လူတွေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကပဲ စိတ်ဓါတ်ကျတဲ့ ပုံမျန်ထက်ပိုမိုအိပ်စက်တတ်ကြတာဖြစ်ပါတယ်။ အအိပ်များတာက စိတ်ဓါတ်ကျတာကိုပိုမိုဆိုးရွားစေပါတယ်။ ပုံမှန်အိပ်စက်မှုအလေ့အထက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကိုပြန်လည်ကောင်းမွန်စေရာမှာ အရေးပါလှပါတယ်။

    နှလုံးရောဂါ –တစ်ညကို အိပ်ချိန် ၉ နာရီ ကနေ ၁၁ နာရီ ကြားအိပ်စက်တဲ့အမျိုးသမီးတွေမှာ တစ်ညကို ၈ နာရီသာအိပ်တဲ့အမျိုးသမီးတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေက ၃၈ ရာခိုင်နှုန်းကျော်ပိုများနေတာကိုတွေ့ရှိခဲ့ရပါတယ်။ အခုချိန်ထိတော့ အအိပ်များတာနဲ့ နှလုံးရောဂါကြားကဆက်စပ်မှုကို အခုထိတော့ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။

    သေဆုံးစေနိုင်ခြင်း -လေ့လာမှုတော်တော်များများမှာ တစ်ညကို ၉ နာရီ (သို့) ၈ နာရီကျော်အထိအိပ်စက်လေ့ရှိသူတွေဟာ တစ်ညကို ၇ နာရီကနေ ၈ နာရီလောက်သာအိပ်စက်သူတွေထက်သေဆုံးနိုင်ခြေပိုများနေတာကိုတွေ့ရှိရပါတယ်။ စိတ်ဓါတ်ကျတာနဲ့ လူမှုစီးပွားအဆင့်အတန်းနိမ့်ကျမှုကလည်း အိပ်စက်ချိန်များနေတာနဲ့ဆက်စပ်နေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

    တကယ်လို့ သင့်ရဲ့တစ်ညတာအိပ်စက်ချိန်က ၇ နာရီ (သို့) ၈ နာရီကျော်နေမယ်ဆိုရင်ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။ ဆရာဝန်ကသင့်ကို အိပ်ချိန်များနေတာကိုဖြေရှင်းရာမှာအကူအညီပေးနိုင်မှာဖြစ်ပါတယ်။

    သင့်အနေနဲ့ အရက် (သို့) ဆရာဝန်ညွှန်ကြားထားတဲ့ဆေးဝါးတွေသောက်သုံးနေရတာကြောင့် အအိပ်များနေတာဆိုရင် အရက်လျော့သောက်တာ၊ဆေးတွေသောက်သုံးနေတာကို ခဏလောက်နားလိုက်တာက အအိပ်များနေတာကို သက်သာစေအောင်အထောက်အကူ ပးနိုင်မှာဖြစ်ပါတယ်။ ဆရာဝန်ကမညွှန်ကြားဘဲနဲ့တော့သောက်နေတဲ့ဆေးတွေကို မဖြတ်လိုက်ပါနဲ့။ဆေးတွေကြောင့် အအိပ်များနေရတာဆိုရင်တော့ အဆိုပါ အိပ်စက်မှုပုံစံမူမမှန်တာကို ကုသလိုက်မယ်ဆိုရင် ပုံမှန်အိပ်စက်မှုအလေ့အထကိုပြန်လည်ရရှိမှာဖြစ်ပါတယ်။

    အအိပ်များရတဲ့အကြောင်းရင်းခံမရှိဘူးဆိုရင် တစ်ညကို ၇ နာရီ ကနေ ၈ နာရီအထိအိပ်စက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်မှုအလေ့အကျင့်ကိုမွေးမြူပါ။ အိပ်ချိန် ထချိန်မှန်အောင်အလေ့အကျင့်လုပ်ပါ၊ အိပ်ခါနီး အရက်နဲ့ ကဖင်းဓါတ်ပါတဲ့ အစားအစာတွေမစားပါနဲ့။လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး အိပ်ယာဝန်းကျင်ကို အိပ်ချင်စဖွယ်ဖြစ်အောင်လုပ်ဆောင်တာကကောင်းမွန်တဲ့ အိပ်စက်မှုရရှိအောင်အထောက်အကူပြုပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement