backup og meta

ဘာကြောင့် ဘယ်ဘက်ကို စောင်းအိပ်သင့်တာလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် ဘယ်ဘက်ကို စောင်းအိပ်သင့်တာလဲ

    လူတစ်ကိုယ် အကျင့်တစ်မျိုးဆိုတဲ့အတိုင်း ရုတ်တရက်လှုပ်ရှားလိုက်တာပဲဖြစ်ဖြစ်၊ အမူအကျင့်လေးတွေကလည်း မတူကြပါဘူး။ ညအိပ်တဲ့အခါလည်း အိပ်စက်နေကျ အိပ်စက်မှုပုံစံက ကိုယ့်အကျင့်နဲ့ကိုယ်ပါပဲ။ တချို့ကဘေးစောင်းအိပ်တတ်တယ်၊ တချို့က ပက်လက်ဆန့်ကားပြီးအိပ်တတ်တယ်၊ တချို့ကမှောက်အိပ်လေ့ရှိတယ်၊ လူးလိမ့်ရင်းခြေရင်းခေါင်းရင်းမှားနေတတ်သူတောင် ရှိသေးတယ်။

    အိပ်တာပဲ ဘယ်လိုအိပ်အိပ်ပေါ့လို့ပြောကြမှာပဲ။ ဒါပေမယ့် လူကအိပ်နေချိန် ခန္ဓါကိုယ်ထဲမှာက မနားနေပါဘူး။ အိပ်နေတဲ့အချိန်အတွင်းမှာ မှတ်ဉာဏ်တွေသိုလှောင်မယ်၊ အစာတွေချေဖျက်မယ်၊ ကုန်ခမ်းသွားတဲ့အားတွေပြန်ဖြည့်မယ်၊အောက်ဆီဂျင်ကိုယူပြီးသွေးလည်ပတ်စီးဆင်းမယ် စတဲ့ အလုပ်တွေအများကြီးပါ။ အဲဒီအခါ ကိုယ့်ရဲ့အိပ်စက်မှုပုံစံက ဒီလုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ သင်သိရဲ့လား။

    အသင့်တော်ဆုံး အိပ်စက်မှုပုံစံ

    အိပ်စက်ခြင်းအနုပညာမှာ အသင့်တော်ဆုံးအိပ်စက်မှုပုံစံဆိုတာရှိနေပါတယ်။ အဲဒါကတော့ ဘယ်ဘက်ကိုစောင်းအိပ်တာပါပဲ။ ဘာ့ကြောင့်လဲသိချင်လား။ အကြောင်းရင်းက (၇) ခုရှိပါတယ်။

    (၁) အစာပိုကြေစေတယ်

    အိပ်ခါနီး ဒါမှမဟုတ် တရေးနိုး ဗိုက်ဆာတတ်ကြတာ အကြောင်းရင်းရှိပါတယ်။ ကျွန်မတို့ရဲ့ခန္ဓါကိုယ်က အိပ်စက်ချိန်အတွင်းမှာလည်း အလုပ်များသလို အဲဒီအလုပ်တွေကြောင့်လောင်စာတချို့လိုအပ်တတ်ပါတယ်။

    အစာအိမ်က ဝမ်းဗိုက်ဘယ်ဘက်ခြမ်းမှာရှိတာမို့ ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါ အစာတွေကို အူမကြီးဆီရောက်ရှိမှု ပိုလွယ်ကူစေနိုင်ပါတယ်။ ဒါ့အပြင် အစာခြေအင်ဇိုင်းတွေထွက်ရှိမှုကိုအားပေးတဲ့ ပန်ကရိယ အပေါ် အစာအိမ်ကသွားမဖိမိတော့ဘူးပေါ့။

    (၂) နှလုံးကို အနားပေးဖြစ်တယ်

    စတင်ဖွဲ့စည်းဖြစ်ပေါ်ကတည်းက နှလုံးက အဆက်မပြတ်ခုန်နေခဲ့တာပါ။ သူ့ရဲ့လုပ်ဆောင်ချက်ကကြီးမားလွန်းသလို အစားအသောက်ကအစလေထုညစ်ညမ်းတာတွေအထိ သူ့ကိုထိခိုက်စေတဲ့အရာတွေလည်း အများကြီးရှိပါတယ်။ ဘယ်ဘက်စောင်းအိပ်တာက ဒဏ်ပေါင်းများစွာ၊သက်ရောက်မှုပေါင်းများစွာရဲ့အန္တရာယ်ကြားမှာ နှလုံးကို အလုပ်လုပ်ရလွယ်ကူစေဖို့ကူညီပေးလိုက်တာပါပဲ။ ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့် နှလုံးကိုသွေးလည်ပတ်မှုပိုအဆင်ပြေစေပါတယ်။

    (၃) ခါးနာသက်သာစေတယ်

    ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါကျောရိုးအပေါ်ဖိအားလျော့ပါတယ်။ အိပ်စက်တဲ့အချိန် ခါးမှာ ဖိအားများလေ ကြွက်သားတွေကိုလိုတာထက်ပိုပြီးလုပ်ဆောင်ချက်များစေနိုင်တယ်။ ဘယ်ဘက်ကိုစောင်းအိပ်ရင်သွေးလည်ပတ်မှုကောင်းလို့ ကြွက်သားတောင့်တင်း၊ရောင်ရမ်းမှုတွေလျော့စေနိုင်တယ်။

    (၄) ပြန်ရည်ကြောစနစ်ကို အထောက်အပံ့ပေးတယ်

    ပြန်ရည်ကြောစနစ်ဟာ ခန္ဓါကိုယ်အနှံ့ကို အရည်ဓါတ်ရွေ့လျားမှုမှာ အဓိကကျတဲ့လုပ်ဆောင်ချက်ရှိတဲ့အပြင် ကိုယ်ခံအားလုပ်ဆောင်ချက်မှာလည်း အရေးပါတယ်။ပြန်ရည်တွေက အဆိပ်အတောက်တွေနဲ့ တခြားစွန့်ပစ်ပစ္စည်းတွေကို ဖယ်ထုတ်ပေးတဲ့အတွက် စနစ်ရဲ့ဘယ်နေရာမှာမဆို ပိတ်ဆို့နေတာရှိရင် ကျန်းမာရေးမကောင်းဖြစ်စေပါတယ်။ ဘယ်ဘက်ကိုစောင်းအိပ်ရင် ဘယ်ဘက်အရည်သယ်ပို့ပြွန်တလျှောက်ပြန်ရည်စီးဆင်းမှုဖြစ်စေတဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့် ဒီလုပ်ဆောင်ချက်ကို အကူအညီပေးပြန်ပါတယ်။

    ရင်ပူခြင်းကို ခံစားရတဲ့သူတွေက အစာအိမ်အက်စစ်တွေလွယ်လွယ်နဲ့မဖြစ်လာစေဖို့ ဘယ်ဘက်ကိုစောင်းအိပ်သင့်ပါတယ်လို့ သုတေသနကတွေ့ရှိထားပါတယ်။ ဘယ်ဘက်မှာဆိုရင် အစာအိမ်နဲ့အစာပြွန်ဆုံတဲ့ေ့နရာက အစာအိမ်အက်စစ်ရှိတဲ့နေရာထက်မြင့်နေမယ်၊ ညာဘက်စောင်းအိပ်ရင် အစာပြွန်အောက်ပိုင်းကြွက်သားကိုပြေလျော့စေပြီး အက်စစ်တွေထွက်လာစေပါလိမ့်မယ်။

    (၆) ကိုယ်ဝန်ဆောင်တွေအတွက် အရေးကြီးတယ်

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက လူနှစ်ယောက်စာအတွက်သွေးလည်ပတ်ရတာဖြစ်လို့ ပိုအရေးကြီးပါတယ်။ ဖွံ့ဖြိုးလာတဲ့သန္ဓေသားက သားအိမ်အတွင်းမှာနေရာပိုယူလာပြီးကျောရိုးမကြီးနဲ့တခြားကိုယ်တွင်းအင်္ဂါတွေအပေါ် ဖိအားဖြစ်စေပါတယ်။ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းအားဖြင့် သွေးလည်ပတ်မှုကို လွတ်လွတ်လပ်လပ်ဖြစ်စေပြီး မိခင်ရဲ့ကျောရိုးမကြီးအပေါ် ကလေးရဲ့ဖိအားကိုလျော့စေတဲ့အပြင် အသည်းကို တအားဖိညှစ်မိမှာကိုလည်း ကာကွယ်ပေးပါတယ်။ခြုံပြောရရင် ကလေးနဲ့မိခင် နှစ်ယောက်လုံးအတွက်သွေးလည်ပတ်မှုအကောင်းဆုံးဖြစ်စေမယ့် အနေအထားပါပဲ။

    (၇) မဟောက်တော့ဘူး

    ပက်လက်အိပ်ခြင်းကဟောက်တတ်သူတွေအတွက် အဆိုးဆုံးအနေအထားပါ။ ပက်လက်အိပ်ရင် ပါးစပ်၊ လည်ချောင်း၊ လျှာတို့ရဲ့ တစ်ရှူးတွေကိုနောက်ဘက်ပြေလျော့ကျစေပြီး အသက်ရှူလမ်းကြောင်းကို တချို့တဝက်ပိတ်ဆို့မိစေနိုင်ပါတယ်။ ဘယ်ဘက်စောင်းအိပ်ရင်ဟောက်တာ သက်သာတာတွေ့ရပါလိမ့်မယ်။

    အမြဲတမ်းဘယ်ဘက်အိပ်နေရင်လည်း အကြောတွေတောင့်တင်းပြီးနေရအဆင်မပြေဖြစ်နေပါဦးမယ်နော်။ အဆင်ပြေသလိုအိပ်စက်ရင်း မကြာခဏဘယ်ဘက်ကို စောင်းအိပ်တတ်ဖို့ ကျင့်ယူထားပါလို့ အကြံပြုချင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement