home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အိပ်ခြင်းက စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာတစ်ခုလား

အိပ်ခြင်းက စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာတစ်ခုလား

သင်တစ်ခါတစ်လေမှာ သင်ပုံမှန်အိပ်စက်ချိန်ထက်များစွာပိုအိပ်နေမိတယ်လို့ ထင်ပါသလား။ တကယ်လို့ဟုတ်တယ်ဆိုရင် ဒါဟာစိတ်ကျရောဂါလက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အိပ်စက်မှုပြသနာနဲ့ စိတ်ကျခြင်းတို့ဟာ ဖြစ်နိုင်ချေနဲ့ စရိုက် လက္ခဏာတူကြသလို သူတို့ကိုကုသရင်လည်း တူညီစွာတုံ့ပြန်ပါတယ်။ အိပ်စက်မှုပြဿနာ ဟာ ပြင်းထန်တဲ့ စိတ်ကျရောဂါနဲ့လည်း ဆက်စပ်နေပါတယ်။

အိပ်စက်မှုပြသနာနဲ့ စိတ်ကျခြင်းတို့ ဆက်စပ်မှုကဘာလဲ

အိပ်စက်မှုပြသနာဟာ စိတ်ကျခြင်းရဲ့ လက္ခဏာ တစ်ခုပါ။ သင့်မှာစိတ်ကျရောဂါရှိနေပြီဆိုရင် သင်ကအရမ်းအိပ်မယ် ဒါမှမဟုတ် အိပ်ရေးမဝတာတွေဖြစ်တတ်ပါတယ်။ အရမ်းအိပ်တဲ့လူ တွေဟာ ကျန်းမာရေး မူမမှန်တာပါ။ အများစုသော စိတ်ကျရောဂါဝေဒနာသည်တွေမှာဆိုရင်တော့ အိပ်မပျော်ခြင်း ဖြစ်တာပိုများပါတယ်။

အပြန်အလှန်အားဖြင့် အိပ်မပျော်တဲ့သူတွေဟာ အခြားအိပ်ရေးဝသူတွေထက် စိတ်ကျဝေဒနာခံစားရနိုင်ချေ ၁၀ ဆ ပိုများပါတယ်။ စိတ်ကျရောဂါဟာ သင့်ကိုဝမ်းနည်းစေတယ်။ မျော်လင့်ချက်မဲ့စေတယ်။ အသုံးမကျသလို အသုံးမဝင်သလိုခံစားရစေတယ်။ ဒါပေမယ့် သင်ကဝမ်းနည်းမှုကို အချိန်ကြာကြာခံစားရပြီး ပိုလည်းပြင်းထန်လာတဲ့နောက်မှာ ဒီရောဂါကထွက်လာတဲ့ရုပ်ပိုင်းလက္ခဏာတွေက သင့်ကိုပုံမှန် လူနေမှုဘဝနဲ့ ကင်းကွာအောင်လုပ်ပါလိမ့်မယ်။ အခြား စိတ်ကျဝေဒနာ လက္ခဏာတွေကတော့

  • အရမ်းဝမ်းနည်းသလိုခံစားရခြင်း ဒါမှမဟုတ်ဘာခံစားချက်မှ မရှိတော့ခြင်း
  • မျော်လင့်ချက်မဲ့ ၊တန်ဖိုးမဲ့ ပြီး အပြစ်ရှိသလိုတွေခံစားရခြင်း
  • မောပန်းနှေးကွေးနေခြင်း ဒါမှမဟုတ် အရမ်းအလောတကြီးဖြစ်တတ်ပြီး ဆတ်ဆတ်ထိမခံခြင်း
  • တစ်ခါကကြိုက်နှစ်သက်ဖူးတဲ့အရာတွေအပေါ်လည်း ခံစားချက်မဲ့နေခြင်း
  • အားမရှိခြင်း
  • အာရုံစူးစိုက်မှု တွေးခေါ်မှုနဲ့ ဆုံးဖြတ်ချက်ချရတာတွေ ခက်ခဲလာခြင်း။
  • စားသောက်ရာမှာပြောင်းလဲလာသလို ကိုယ်အလေးချိန်လည်း ပြောင်းလဲလာခြင်း
  • အိပ်စက်မှုလျော့နည်းခြင်း ဒါမှမဟုတ် ပိုတိုးလာခြင်း

တစ်ကယ်လို့သင်က အပေါ်ကလက္ခဏာတွေထဲက ၅ချက်လောက်ကို ၂ပတ်ဆက်တိုက်ခံစားနေရပြီဆိုရင် သင်ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ရပါမယ်။

အိပ်စက်ခြင်း ဟာ ဘာကြောင့် အရမ်းအရေးကြီးတာလဲ။

အအိပ်လွန်တဲ့သူတွေအားလုံးမှာတော့ စိတ်ကျဝေဒနာရှိတာမဟုတ်ပါဘူး။ အခြားအအိပ်လွန်ခြင်းကို ဖြစ်စေတဲ့အချက်တွေကတော့ အရက်နဲ့ ဆေးတွေကြောင့်ဖြစ်ပါတယ်။ အခြား ရောဂါတွေ(စိတ်ကျဝေဒနာအပါအဝင် ) လည်း အိပ်စက်မှု လွန်ကဲတာကိုဖြစ်စေနိုင်ပါတယ်။ ပြီးတော့အချို့လူတွေကလည်း ဒီတိုင်းလေးပိုအိပ်စက်ချင်လို့ အိပ်နေတာတွေရှိပါတယ်။

ဆီးချိုသွေးချိုရောဂါ

အအိပ်လွန်တဲ့သူတွေ ဒါမှမဟုတ် အိပ်စက်ချိန်မလုံလောက်သူတွေဟာ ဆီးချိုသွေးချိုဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။

အဝလွန်ခြင်း

အအိပ်လွန်တာဟာ အဝလွန်ခြင်းကိုဖြစ်စေပါတယ်။ ဒီ၂ခုရဲ့ ဆက်စပ်မှုကို ပြတဲ့လေ့လာချက်အရ ၉နာရီကနေ ၁၀နာရီကြာအောင်အိပ်သူ တွေဟာ ၇ နာရီကနေ ၈နာရီလောက်ပဲအိပ်သူတွေထက် ၆နှစ်အတွင်း အဝလွန်နိုင်ချေ ၂၁ ရာခိုင်နှုန်း ပိုများနေပါတယ်။

ခေါင်းကိုက်ခြင်း

ကောင်းကောင်းအိပ်စက်လိုက်တာဟာ ခေါင်းကိုက်ဝေဒနာကို သက်သာစေတယ်လို့ သင်ထင်နေပါလိမ့်မယ်။ အမှန်တကယ် က ရုံးပိတ်ရက်တွေ အားလပ်ရက်ခရီးတွေမှာ ကြာကြာအိပ်စက်တာဟာ တစ်ချို့တွေကိုခေါင်းကိုက်ဝေဒနာဖြစ်စေပါတယ်။ အအိပ်လွန်တာဟာ ဦးနှောက်ဓါတ်ပစ္စည်း (neurotransmitter ) တွေကိုထိခိုက်စေပြီး မိုးလင်းချိန်မှာခေါင်းကိုက်စေနိုင်ပါတယ်

ခါးနာခြင်း

ရှေးအခါက ခါးနာတဲ့သူတွေကို အနားယူဖို့တိုက်တွန်းကြပါတယ်။ ဒါပေမယ့် ခေတ်သစ်ဆေးပညာက ဒီရှေးနည်းဟာမှားယွင်းပြီး ဝေဒနာကိုပိုဆိုးစေတယ်လို့ ဆိုပါတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်တာကသာ အရိုးအဆစ် အကွေးအဆန့်တွေကို ပုံမှန်ဖြစ်စေမှာပါ။ ခါးကိုက်ခါးနာဖြစ်ရင် ဆေးခန်းပြပါ။ ဆရာဝန်က သင့်ကို ပုံမှန်ထက် ကြာကြာအိပ်နေခြင်းကို ထောက်ခံမှာမဟုတ်ပါဘူး။

စိတ်ကျရောဂါ

အိပ်မပျော်တာဟာ အအိပ်လွန်တာထက်ပိုပြီး စိတ်ကျရောဂါနဲ့ ဆက်စပ်သော်လည်း တကယ်တော့ စိတ်ကျဝေဒနာသည် ၁၅ရာခိုင်နှုန်း ဟာအလွန်အိပ်ကြပါတယ်။ ဒါဟာလည်း ရောဂါကို ပိုဆိုးစေပါတယ်။ ပြန်ကောင်းဖို့အတွက်ဆိုတာ ပုံမှန်ပဲအိပ်တဲ့ အလေ့အကျင့် လိုအပ်လို့ဖြစ်ပါတယ်။

သေဆုံးခြင်း

လေ့လာချက်တွေများစွာရဲ့ အဆိုအရ တစ်ညကို ၉နာရီကနေ ၁၀နာရီကြာအောင်အိပ်သူ တွေဟာ ၇ နာရီကနေ ၈နာရီလောက်ပဲအိပ်သူတွေထက် သေဆုံးနိုင်ချေ ပိုမြင့်နေတယ်လို့ ပြောပါတယ်။ သေချာတဲ့ အထောက်အထားတော့ မရှိသေးပါဘူး။ ဒါပေမယ့် စိတ်ကျခြင်းနဲ့ လူနေမှုနိမ့်ကျခြင်းတို့ဟာ ကြာကြာအိပ်တာနဲ့ဆက်စပ်နေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဒါ့အပြင် ဒီအချက်တွေဟာ ကြာကြာအိပ်စက်သူတွေရဲ့ သေဆုံးမှုမြင့်တက်တာနဲ့ ဆက်စပ်မှုရှိမယ်လို့ ယူဆထားကြပါတယ်။

Hello Health Group သည် ကျန်းမာရေးအကြံပေးမှု၊ စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Phyo Wai Yan မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။