တစ်နေ့တာလုံးအတွက် လန်းဆန်းနေဖို့၊ စိတ်ကြည်လင်နေဖို့၊ ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ဖို့ အတွက် အိပ်စက်ခြင်း ဟာ အရမ်းကို အရေးကြီးပါတယ်။ အိပ်စက်တဲ့ အခါမှာလည်း healthy and good night sleep လို့ခေါ်တဲ့ ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုးဖြစ်မှသာ စိတ်ကျန်းမာရေး ရော၊ ခန္ဓာကိုယ်ကျန်းမာရေး အတွက်ပါ အကောင်းဆုံးရလဒ်တွေ ကိုရလာမှာပါ။ ဒါ့ကြောင့် သင့်အတွက် အကျိုးရှိပြီး ကျန်းမာတဲ့ အိပ်စက်ခြင်းမျိုး ရစေဖို့ အတွက် ဘယ်လိုတွေ အိပ်စက်သင့်တယ်၊ ဘာတွေ သတိထားရှောင်ကြဉ်ရမယ်ဆိုတာလေးတွေ သိထားဖို့ လိုအပ်လာပါပြီ။