backup og meta

ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandar Lin မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက်

    ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး တွေ ရှိပါတယ်။ လူအတော်များများသည် ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းမျိုးကို ကြားဖူးကြပါလိမ့်မည်။ ယင်းအပြုအမူသည် အာရှသားများအဖို့ ကြောင်တောင်တောင်နိုင်သော်လည်း အနောက်တိုင်းသားများအဖို့ မဆန်းတော့ပါ။ အောက်ပါတို့သည် ကိုယ်လုံးတီးအိပ်စက်ခြင်းမှ ရရှိနိုင်မည့် သင်မကြားဖူးသေးသော အကျိုးရလဒ်များ ဖြစ်ပါသည်။

    ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက်

    ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို ကြည့်လိုက်ရအောင်လား။

    • နှစ်ဦးသားချစ်ခြင်းကို တိုးလာစေခြင်း

    အဝတ်အစားမပါဘဲ အိပ်စက်သူများသည် နှစ်ဦးသားချစ်ခြင်းကို တိုးလာစေကြောင်း ဗြိတိန်ရှိ အိပ်ရာခင်း ကုမ္မဏီတစ်ခုက အရွယ်ရောက်ပြီးသူ ၁၀၀၀ ကို သုတေသနပြုလုပ်ထားပါသည်။ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ကိုယ်လုံးတီးအိပ်စက်သူများ၏ ၅၇ %သည် နှစ်ဦးသားချစ်ခြင်းတွင် စိတ်ပျော်ရွှင်မှုများ ရရှိကြပြီး ၄၈%သည် ကိုယ်လုံးတီးအိပ်စက်ခြင်းနှင့် သင့်တင့်ကြောင်း တွေ့ရပါသည်။

  • အိပ်ရေးဝခြင်း
  • အိပ်ချင်စိတ်ဖြစ်လာရန်အတွက် သင့်ခန္ဓာကိုယ် အတွင်းပိုင်းအပူချိန်သည် ဒီဂရီတစ်ဝက်ခန့် နိမ့်ကျသွားရမည်ဖြစ်ပါသည်။ အိပ်ပျော်နေစေဖို့အတွက် သင့်ဦးနှောက်မှ သင့်ခန္ဓာကိုယ်အပူချိန်ကို အသိအမှတ်မပြုခင် အပူချိန်ကို အနေအထားတစ်ခုတွင် သတ်မှတ်ထားပြီးသားဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်လုံးတီးအိပ်စက်ခြင်းက သင့်ခန္ဓာကိုယ် အပူချိန်ကို မြန်မြန်အေးသွားစေပြီး အိပ်ပျော်သွားရန် ဦးနှောက်ကအလိုရှိနေသော အတွင်းပိုင်းအပူချိန်ကို မြန်မြန်ရစေပါသည်။

    ပူလွန်းသောကြောင့် အိပ်ရေးပျက်ခြင်းများသည် သာမန်အားဖြင့် အိပ်ရေးမဝရုံသာဖြစ်မည်ဟု တွေးကြသော်လည်း အမှန်မှာ သင့်အတွက် အရေးကြီးသော မှတ်ဉာဏ်များတည်ဆောက်ခြင်းနှင့် ဦးနှောက်ဆဲလ်များကို ထိန်းသိမ်းထားနိုင်ခြင်းတို့ကို ထိခိုက်သွားခြင်းဖြစ်ပါသည်။

    • သွေးပေါင်ကို လျော့ကျစေခြင်း

    သင့်အိမ်ထောင်ဖက်နှင့်အတူ ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းက အောက်ဆီတိုစင် ဟော်မုန်းကို မြင့်တက်စေပါသည်။ ထိုဟော်မုန်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးများကို ဖြစ်စေပါသည်။ အသားချင်း ထိနေခြင်းက ဦးနှောက်ကို အောက်ဆီတိုစင် ဟော်မုန်း ထွက်စေရန် လှုံ့ဆော်ပေးပါသည်။ ထိုဟော်မုန်းသည် နှလုံးကို ကာကွယ်ပေးခြင်း၊ သွေးပေါင်ကျစေခြင်း၊ ကိုယ်ခံအားတက်စေခြင်းနှင့် စိုးရိမ်သောကများကို လျော့နည်းစေခြင်းတို့ ဖြစ်စေပါသည်။

    • အရေပြားအတွက်လည်း ကောင်းမွန်ခြင်း

    ကျားမ အင်္ဂါများ၊ ချိုင်းနှင့် ခြေဖဝါးများသည် တစ်နေကုန် အဝတ်အစားများဖြင့် ကာထားခြင်းခံရသော နေရာများ ဖြစ်ပါသည်။ ကိုယ်လုံးတီးချွတ်ပြီး အိပ်ခြင်းဖြင့် သင့်အရေပြားကို အသက်ရှူ ဝစေပါသည်။ ထို့ပြင် အရေပြား ရောဂါများ ဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ အားကစားသမားများတွင် ခြေထောက် စိုထိုင်းခြင်းကြောင့် မှိုစွဲခြင်းများကို လည်း လျော့နည်းစေနိုင်ပါသည်။

    • လိင်အင်္ဂါများကို ပိုကျန်းမာစေခြင်း

    အမျိုးသားများတွင် ကပ္ပာယ်အိတ်သည် အပူချိန် ကျဆင်းနေမှ သုက်ကောင်များကို ကျန်းမာစေပြီး မျိုးပွားအင်္ဂါများကို ပုံမှန်အတိုင်း အလုပ်လုပ် စေပါသည်။

    အမျိုးသမီးများတွင်လည်း မိန်းမကိုယ် မှိုရောဂါများ စွဲကပ်ခြင်းကို ကာကွယ်ပေးပါသည်။ ပိုပြီး အေးလေလေ၊ ခြောက်သွေ့လေလေ မှိုများ မကပ်တွယ်နိုင်လေလေ ဖြစ်ပါသည်။

    • သက်သာလွယ်ကူစေခြင်း

    အဝတ်အစားများနှင့် မအိပ်ခြင်းကြောင့် ညဝတ်အင်္ကျီများ ဝယ်စရာ မလိုသည့်အတွက် ငွေကို ချွေတာရာ ရောက်ပါသည်။ အဝတ်များများကိုလည်း လျှော်ရန် မလိုတော့ပါ။ သင့် အိပ်ရာခင်းများကို မကြာခဏ လျှော်ရန် လိုအပ်သော်လည်း ညဝတ်အင်္ကျီများ ထည်လဲဝယ်ရခြင်းကို သက်သာစေနိုင်ပါသည်။

    ကဲ …. ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိပြီဆိုတော့ စမ်းကြည့် မစမ်းကြည့်ကတော့ ကိုယ်တိုင်ရဲ့ သဘောပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Sandar Lin မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement