backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Stress (ကြောင့်ကြဖိစီးစိတ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 28/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Stress (ကြောင့်ကြဖိစီးစိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Stress (ကြောင့်ကြဖိစီးစိတ်) ကဘာလဲ။

ကြောင့်ကြဖိစီးစိတ်ဟာ အန္တရာယ်ရှိတဲ့အခြေအနေတွေကို သဘာဝအလျောက် စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ တုံ့ပြန်တဲ့တုံ့ပြန်မှုဖြစ်တယ်။ တနည်းဆိုရရင် မိမိကိုအန္တရာယ်ပြုနိုင်တဲ့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေကို ခန္ဓါကိုယ်ရဲ့ တုံ့ပြန်တဲ့ပုံစံလည်းဖြစ်တယ်။

စိုးထိတ်စရာအခြေအနေ ကြုံရတဲ့အခါ ခန္ဓါကိုယ်ကနေ stress hormones လို့နာမည်ပေးထားကြတဲ့ ဟော်မုန်းတွေထုတ်ပါတယ်၊ adrenaline၊ cortisol စသည်တို့ဖြစ်ပြီး ကြုံလာရမယ့် ထိခိုက်မှုကို နိုးကြားသိရှိစေပါတယ်။

နှလုံးခုန်တွေမြန်လာမယ်၊ ကြွက်သားတွေတောင့်တင်း တင်းရင်းလာမယ်၊ သွေးပေါင်ချိန်တွေတက်မယ်၊ အသက်ရှူနှုန်းတွေမြန်မယ်၊ အာရုံတွေပါးလျလာမယ်။ ထိုတုံ့ပြန်မှုအခြေအနေကို တိုက်မလား၊ ပြေးမလား လို့တင်စားခေါ်ဝေါ်ထားကြပါတယ်။

ကြောင့်ကြပူပန်စိတ်ဟာ သင့်ကိုကာကွယ်နိုင်ဖို့ စွမ်းအားတွေလည်း ပေးနိုင်ပါသေးတယ်၊ ထိခိုက်မှုမတိုင်ခင် ဘရိတ်အုတ်ဖို့သတိပေးလိုက်သလိုပေါ့။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လည်း ကူညီသေးတယ်။

အလုပ်ကတင်ပြမှုတွေမှာ အာရုံအပြည့်အဝင်စေတယ်၊ ကစားပွဲတစ်ခုမှာ နိုင်ဖို့အားသန်နေစဉ် စိတ်အာရုံတွေအကုန် စူးရှတက်ကြွနေစေတယ်၊ ဒါမှမဟုတ် စာမေးပွဲနီးစဉ် တီဗွီကြည့်နေတာထက် စာကျက်ဖို့အားပေးတာတွေဟာ ကြောင့်ကြစိုးရိမ်စိတ်တွေကြောင့်ဖြစ်တယ်။

ဒါပေမယ့် ထိုကဲ့သို့အကူအညီဖြစ်နိုင်တာတွေထက် ကျော်လွန်ပြီး စိတ်ရော၊ကိုယ်ကိုပါ ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ အချိန်ကြာမြင့်စွာ စိုးရိမ်ကြောင့်ကြ စိတ်ဖိစီးနေမယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာနိုင်ပါပြီ၊

ဥပမာ-

  • စိတ်ဓါတ်ကြခြင်း၊ ပူပန်ကြောင့်ကြများခြင်း ကဲ့သို့ စိတ်ကျန်းမာရေးပြဿနာတွေ
  • နှလုံးရောဂါ
  • သွေးတိုးရောဂါ
  • အစာအိမ်အူလမ်းကြောင်းရောဂါတွေ

Stress (ကြောင့်ကြဖိစီးစိတ်) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုဖြစ်တတ်တာပေါ့၊ အရွယ်မရွေးမှာဖြစ်နိုင်ပြီး လျှော့ချနိုင်မယ့်နည်းတွေနဲ့ ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အသေးစိတ်အတွက်ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။

လက္ခဏာများ

Stress (ကြောင့်ကြဖိစီးစိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသောလက္ခဏာများကတော့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူဆိုင်ရာ လက္ခဏာတွေ အမျိုးမျိုးဖြစ်နိုင်တယ်-

  • အလွန်တကူစိတ်ဆတ်ခြင်း၊ စိတ်တိုခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း
  • မိမိကိုယ်ကိုယ်ထိန်းချုပ်မှုလွတ်သွားသလို ခံစားရခြင်း
  • စိတ်တည်ငြိမ်ရခက်ခြင်း
  • မိမိကိုယ်ကိုယုံကြည်မှုလျော့နည်းခြင်း၊ စိတ်ဓါတ်ကျခြင်း
  • တခြားလူများကိုရှောင်လာခြင်း
  • အားမရှိခြင်း
  • ခေါင်းကိုက်ခြင်း
  • ဗိုက်မကောင်းခြင်း
  • ကိုက်ခဲခြင်း၊ နာကျင်ခြင်းများ
  • အိပ်မပျော်ခြင်း
  • ဆက်တိုက်စိတ်ပူပန်နေခြင်း
  • အာရုံစိုက်လို့မရခြင်း
  • ဝေခွဲနိုင်စွမ်းလျော့ကျခြင်း
  • အဆိုးမြင်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကြောက်ရွံတုန်လှုပ်ခြင်း

တခြားလက္ခဏာတွေလည်းရှိနိုင်သေးသည့်အတွက် သိလိုသည်များရှိပါက ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့အောက်ပါအခြေအနေတွေဖြစ်လာရင် ဆရာဝန်ပြသင့်ပါတယ်-

  • အချိန်ကြာစိတ်ဖိစီးမှုရှိခြင်း
  • စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ထိတ်လန့်လွန်ခြင်း၊ အကျင့်စရိုက်ပြောင်းလဲခြင်း စသည့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ
  • ကာမဆက်ဆံမှုစွမ်းရည်ထိခိုက်ခြင်း
  • ဝက်ခြံ၊ အဖုအပိမ့်များထွက်ခြင်းကဲ့သို့ အရေပြားပြဿနာများ
  • ဆံပင်ကျွတ်ခြင်း
  • ဗိုက်အောင့်ခြင်း
  • ပျို့ခြင်း၊ မူးခြင်း
  • ဝမ်းလျှောခြင်း၊ ဝမ်းပိတ်ခြင်း

အကြောင်းရင်းများ

Stress (ကြောင့်ကြဖိစီးစိတ်) ကိုဘာတွေကဖြစ်စေသလဲ

အခြေအနေတွေ၊ ဖိအားတွေကနေ စိုးရိမ်ကြောင့်ကြစိတ်ဖိစီးစေပါတယ် ။ အပြင်လှုံ့ဆော်မှုတွေ၊ အတွင်းအကြောင်းအရာတွေ၊ ထိခိုက်မှုတွေ စသည်ဖြင့်ရှိတယ်။

  • ပြင်ပလှုံ့ဆော်မှု-
  • ဘဝတွင်အပြောင်းအလဲများဖြစ်ခြင်း
  • အလုပ်၊ ကျောင်း
  • ဆက်ဆံရေးခက်ခဲမှု၊ ပြဿနာများ
  • ငွေရေးကြေးရေးအခက်အခဲ
  • အလုပ်များလွန်းခြင်း
  • ကလေးများ၊ မိသားစု
  • အတွင်းအကြောင်းအရာတွေကတော့-
  • ကျန်းမာရေး၊ အထူးသဖြင့် နှလုံးရောဂါ၊ ဆီးချိုသွေးချို၊ အဆစ်အမြစ်ရောင်လေးဘက်နာကဲ့သို့ နာတာရှည်ရောဂါများ
  • စိတ်ဓါတ်ကျခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ အပြစ်တင်စိတ်ဖြစ်ခြင်း၊ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာပြဿနာများ
  • မိမိကိုယ်ကိုယ်အဆိုးမြင်ခြင်း၊ အပြစ်တင်ခြင်း
  • မဖြစ်နိုင်သည်များကိုမျှော်မှန်းခြင်း
  • လိုက်လျောညီထွေမရှိခြင်း

ဖြစ်နိုင်ခြေများ

Stress (ကြောင့်ကြဖိစီးစိတ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • အတိတ်တွင်စိတ်ထိခိုက်စရာကိစ္စများကြုံရခြင်း
  • စိတ်ဖိစီးမှုရောဂါအခံရှိခြင်း
  • စိတ်ပိုင်းဆိုင်ရာပြနာတစ်ခုခုအခံရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Stress (ကြောင့်ကြဖိစီးစိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က လက္ခဏာတွေ၊ စိတ်ထိခိုက်စရာဖြစ်ရပ်တွေနဲ့ ပတ်သတ်တဲ့မေးခွန်းတချို့မေးပြီး စိတ်ဖိစီးမှုရောဂါပြဿနာရှိမရှိစစ်ဆေးပါလိမ့်မယ်။ တခြားကျန်းမာရေးအခြေအနေတွေ၊ ဆေးသုံးစွဲမှုရှိမရှိ၊ မှီဝဲသောဆေးဘေးထွက်ဆိုးကျိုးများနှင့် တခြားသော စိတ်ပိုင်းဆိုင်ရာပြဿနာများကိုပါ ရှာဖွေမေးမြန်းပါလိမ့်မယ်။

သင့်လက္ခဏာတွေကို ဖြစ်စေနိုင်ချေရှိတဲ့ ရောဂါအခြေအနေတွေ ရှာဖို့အတွက် ဓါတ်ခွဲစစ်ဆေးမှုတချို့လည်း လုပ်ရနိုင်ပါတယ်။ ထိုစစ်ဆေးမှုတွေပုံမှန်ဖြစ်နေပါက နောက်ထပ်စမ်းသပ်မှုနဲ့ ကုသမှုအတွက် တခြားအထူးပြုဆရာဝန်တစ်ဦးဦးနှင့် တိုင်ပင်ရန် လွှဲပြောင်းပေးနိုင်ပါတယ်။

Stress (ကြောင့်ကြဖိစီးစိတ်) ကို ဘယ်လိုကုသပါသလဲ

အောက်ပါနည်းလမ်းများထဲမှာ တစ်နည်းသို့မဟုတ် တစ်နည်းနှင့်အထက်သုံးနိုင်ပါတယ်။

  • သင့်လိုအပ်မှုအတွက် စိတ်ပိုင်းဆိုင်ရာဖြေရှင်းကုသနည်း
  • အကယ်လို့ မိမိကိုယ်ကိုယ် သို့ အခြားလူများကို ရန်ပြုနိုင်ချေရှိပါက ဆေးရုံတက်ရခြင်း
  • SSRIs ၊ စိုးရိမ်လွန်ခြင်းနှင့် စိတ်ဓါတ်ကျခြင်းအတွက်ဆေးများကဲ့သို့ လက္ခဏာများကိုသက်သာရန်ဆေးများမှီဝဲရခြင်း
  • အပြုအမူဆိုင်ရာကုသမှုများ
  • အိပ်မွေ့ချကုသမှုများ
  • ကြောက်ရွံ့နေသောအရာကို အန္တရယ်မရှိကြောင်း သက်သေပြ ထိတွေ့ကုသမှုများ

နေထိုင်မှုပုံစံ၊ အိမ်တွင်းနေထိုင်နည်းကုထုံးများ

အောက်ပါနေထိုင်မှုပုံစံတွေက စိတ်ဖိစီးကြောင့်ကြမှုကို ရင်ဆိုင်ကိုင်တွယ်ဖို့ကူညီပေးပါလိမ့်မယ်။

  • လေ့ကျင့်ခန်းလုပ်ခြင်း – လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဖိစီးမှုတွေလျော့ကျစေပြီး နေထိုင်ကောင်းစေပါတယ်။ တစ်ပတ်လျှင် အနည်းဆုံးသုံးကြိမ် လေ့ကျင့်ခန်းလုပ်ခြင်းဟာပင် တော်တော်အကျိုးထူးနေပါပြီ၊ လေ့ကျင့်ခန်းလုပ်လေ့မရှိပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်နိုင်ပါတယ်။
  • ကျန်းမာရေးညီညွတ်သောစားသောက်မှု – စားသောက်မှုပုံစံတွေဟာ စိတ်ဖိစီးကြောင့်ကြမှုကို သက်သာစေအောင်ကူညီပေးရာမှာ အဓိကအခန်းကဏ္ဍကနေ ပါပါတယ်။ လုံလောက်မျှတစွာစားပါ။ ဖိစီးမှုတိုးစေသောအစာများ ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်၊ သကြားများသောအစာများ ရှောင်ပါ။
  • ဖြေလျှော့ခြင်း – ဖြေလျှော့ခြင်းဟာ စိတ်ဖိစီးကြောင့်ကြမှုနဲ့ ဆက်နွယ်နေတတ်တဲ့ ကြွက်သားများတင်းရင်းမှုကို သက်သာစေပါတယ်။ နည်းအမျိုးမျိုးရှိနိုင်ပါတယ် – ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ အနှိပ်ခံခြင်း။
  • စိတ်ဖိစီးမှုထိန်းချုပ်ကိုင်တွယ်နည်း သင်တန်းများသွားခြင်း
  • လုံလောက်စွာအိပ်စက်ခြင်း – အိပ်စက်ချိန်ဟာ တစ်နေ့တာကြုံရတဲ့ စိတ်ဖိစီးမှုတွေဆီမှ ပြန်ကောင်းလာချိန်ဖြစ်တယ်။
  • မိသားစု၊ သူငယ်ချင်း၊ အသိုင်းအဝန်းမှ အကူအညီအထောက်အပံ့များယူပါ။ တခြားဆီမှ အထောက်အပံ့ယူခြင်းဟာလည်း သင့်ကိုကျန်းကျန်းမာမာနေနိုင်အောင် ကူညီပေးနိုင်ပါတယ်။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 28/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement