အခြားသူတွေရဲ့ အကြံပေးချက်ကို နားထောင်ပါ – ကိုယ်တိုင်မကြုံဖူးပေမယ့် အခြားသူတွေရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူလို့ရပါတယ်။ ဒါကြောင့် အခြားသူတွေက သူတို့ရဲ့ အတွေ့အကြု့ဗတွကိုပြောပြလာတဲ့အခါ နားထောင်ပေးလိုက်ပါ။
မိသားစုဝင်တွေနဲ့သူငယ်ချင်းမိတ်ဆွေတွေကို အချိန်ပေးပါ – နေ့စဉ်အလုပ်များနေတာကြောင့် အလုပ်တွေပြီးအောင်ကြိုးစားလုပ်မှတိုးတက်မယ်ဆိုတဲ့စိတ်နဲ့ မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေတွေကို အချိန်မေပးမိတာမျိုးရှိနိုင်ပါတယ်။လေ့လာမှုတွေအရတော့ ခင်မင်ချစ်ခင်ရသူတွေနဲ့ အချိန်တွေကိုအတူကုန်ဆုံးတာ ရင်ဖွင့်တိုင်ပင်တာတွေကလည်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီးအောင်မြင်မှုတွေရရှိစေတဲ့အချက်တစ်ခုလို့သိရပါတယ်။
တရားထိုင်ပါ -နေ့စဉ်ပုံမှန် အနည်းဆုံး ၁၅ မိနစ်လောက်တရားထိုင်ပေးတာက စိတ်ကိုတည်ငြိမ်စေပြီး စိတ်စွမ်းအင်ကိုကောင်းမွန်စေနိုင်ပါတယ်။ စိတ်မသက်မသာဖြစ်တာ၊ကြောက်စိတ်နဲ့ စိတ်ဆတ်တာတွေကိုလျော့ပါးသက်သာလာစေပြီးတွေ့ကြုံလာရတဲ့ အခြေအနေတွေကို အကောင်းဆုံးဖြေရှင်းနိုင်မှာပါ။
စိတ်မသက်သာစရာတွေကို အကြာကြီးသိမ်းမထားပါနဲ့ – စိတ်ဓါတ်ကြံ့ခိုင်ဖို့ဆိုရင် စိတ်မသက်သာစရာတွေကို အကြာကြီးသိမ်းမထားဘဲဖြေရှင်းလိုက်ပါ မေ့ဖျောက်ရမယ့်အရဆိုမေ့ဖေျာက်ပါ။ တကယ်လို့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရမယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလိုက်ပါ။
ပြဿနာတွေကိုဖြေရှင်းပါ –ပြဿနာဆိုတာမျိုးက ကြာလေလေကြီးထွားလာလေလေပါ။ ဒါကြောင့်ပြဿနာတစ်ခုဖြစ်လာတဲ့အခါမြန်မြန်လေးဖြေရှင်းပါ။ ဒီလိုလုပ်တာက ကိုယ့်ရဲ့ ပြဿနာေ့ဖြရှင်းနိုင်စွမ်းကိုတိုးလာစေပြီးနေ့စဉ်ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းတိုးလာမှာပါ။
ဒေါသကိုထိန်းချုပ်တတ်ဖို့ကြိုးစားပါ – ယနေ့ခေတ်မှာ လူတော်တော်များများက တိုးတက်မှုရရှိစေဖို့အတွက် အလုပ်တွေကိုကြိုးစားလုပ်ကိုင်ရင်းစိတ်ပျက်စရာ၊ စိတ်အခန့်မသင့်စရာတွေနဲ့ကြုံလာရတဲ့အခါ အလွယ်တကူပဲဒေါသတွေထွက်ကြတာမျိုးရှိပါတယ်။ တကယ်တော့ဒေါသကိုထိန်းချုပ်ပြီး စိတ်အေးအေးနပြတွေးတောဆုံးဖြတ်မှာ အဖြေမှန်ကထွက်တာပါ။ဒေါသကိုထိန်းချုပ်နိုင်မှုကလည်းနောင်တတရားကင်းစေပြီး စိတ်ဓါတ်ခိုင်မာစေဖို့ လိုအပ်တဲ့အဆင့်တစ်ခုပါ။
စိတ်ကို အအားမပေးပါနဲ့ – စိတ်ဆိုတာမျိုးက အအားရရင် အပျက်သဘောအတွေးတွေကိုတွေးပြီး စိတ်ဓါတ်ပျော့ညံ့မှုကိုဖြစ်စေဖို့လမ်းစရှာတတ်ပါတယ်။ ဒါကြောင့် စိတ်ကို အအားမထားပါနဲ့။ အားလပ်ချိန်တွေကို စာအုပ်ဖတ်တာ၊ ဗဟုသုတရစေမယ့် အရာတွေကိုရှာမှီးတာနဲ့ ဝါသနာပါရာတစ်ခုခုကိုလုပ်နေပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။