backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

စိတ်ဖိစီးမှုကို ချက်ချင်းလျှော့ချပေးနိုင်မယ့် နည်းလမ်းဆယ်ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ဖိစီးမှုကို ချက်ချင်းလျှော့ချပေးနိုင်မယ့် နည်းလမ်းဆယ်ခု

ခုခေတ်မှာ စိတ်ဖိစီးမှု ဆိုတာ လူတော်တော်များများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာပါ။ စိတ်ဖိစီးမှု ဆိုတာ နည်းနည်းရှိရင် တော့ အောင်မြင်မှုဆီကိုအရောက်ပို့ပေးနိုင်တဲ့ တွန်းအားကောင်း တစ်ခု ဖြစ်ပေမယ့် … များရင်တော့ သင့်စိတ်ရော ခန္ဓာကိုယ်ကိုပါ ဆိုးကျိုးတွေပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ချက်ချင်းလျှော့ချပေးနိုင်မယ့် နည်းလမ်းဆယ်ခု နဲ့ သင့်စိတ်ဖိစီးမှုတွေကို ချက်ချင်း တိုက်ထုတ်လိုက်ပါ။

စိတ်ဖိစီးမှုကို ချက်ချင်းလျှော့ချပေးနိုင်မယ့် နည်းလမ်းဆယ်ခု

စိတ်ဖိစီးမှုကို ချက်ချင်းလျှော့ချပေးနိုင်မယ့် နည်းလမ်းဆယ်ခု ကတော့

(၁) ရေးချပါ

သင်လုပ်စရာရှိတဲ့ အလုပ်တွေကို မေ့သွားမှာစိုးတဲ့ စိတ်ဖိစီးမှု မဖြစ်ရအောင် သင်လုပ်ဖို့ရှိနေတဲ့အလုပ်တွေကို စာရွက်ပေါ် မှာ.. ဒါမှမဟုတ် တယ်လီဖုန်းမှတ်စုထဲမှာ ချက်ချင်းရေးချပါ။

(၂) ဦးစားပေးစာရင်း ငါးခုလုပ်ပါ

သင့်ရဲ့ဦးစားပေးစာရင်းထဲမှာ သင်လုပ်ဖို့ ကိစ္စအကုန်ပါဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထိပ်ဆုံးထားလုပ်သင့်တဲ့ ဦးစား ပေးစာရင်း ငါးခုသတ်မှတ်ထားလိုက်ပါ။

(၃) အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တာထက်စာရင် တစ်ဆင့်ပြီးမှတစ်ဆင့်လုပ်ပါ

သုတေသနပြုချက်တွေအရ အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တဲ့လူတွေမှာ… အလုပ်တစ်ခုပြီးမှ တစ်ခုလုပ်တဲ့ လူတွေနဲ့ယှဉ်ရင် မှတ်ဉာဏ်စွမ်းအားကျဆင်းလာတတ်ပြီး ဦးနှောက်ရဲ့ သိပ်သည်းမှုကိုလည်း နည်းပါသတဲ့။ ဒါကြောင့် ခုချိန် ကစလို့ သင့်ကိုယ်သင် စက်ရုပ်လိုထင်နေတာတွေကို လျှော့ချပြီး တစ်ခုပြီးမှတစ်ခုလုပ်တဲ့ အကျင့်ကိုမွေးယူပါ။

(၄) တကယ်လို့ အလုပ်တွေမပြီးရင်ရော ဘာဖြစ်သေးလဲဆိုတဲ့အတွေးကိုစမ်းတွေးကြည့်ပါ

သင်လုပ်စရာရှိတဲ့ ဒီနေ့အတွက် to do list ထဲကအလုပ်တွေကို သင်မပြီးရင်ရော ဘာဖြစ်သွားမလဲတွေးကြည့်ပါ။ ကမ္ဘာကြီး ရပ်တန့်သွားမှာတော့ မဟုတ်ဘူးမလား။ ဒါကြောင့် သင်အရမ်းစိတ်ဖိစီးတဲ့အခါ အသက်ကိုရှူသွင်းရှူထုတ်လုပ်ရင်း ဒါဟာ သင် ထင်ထားသလောက်ဆိုးမှာ မဟုတ်တဲ့အကြောင်းတွေးကြည့်ပါ။

(၅) TV ကြည့်ပြီး ခဏအနားယူပါ

သင်သိပ်စိတ်ဖိစီးနေရင် သင်ကြိုက်တဲ့ reality show ဒါမှမဟုတ် ပျော်ရွှင်စရာကောင်းတဲ့ဇာတ်လမ်း ဒါမှမဟုတ် သင်သဘော ကျတဲ့ မင်းသားမင်းသမီးပါတဲ့ TV အစီအစဉ်တစ်ခုကို မိနစ်နှစ်ဆယ်လောက်ဖြစ်ဖြစ် ကြည့်လိုက်ပါ။ ပျော်ရွှင်စေတဲ့ hormone တွေက သင့်စိတ်ဖိစီးမှုကို အနည်းနဲ့အများ လျှော့ချပေးနိုင်မှာပါ။

(၆) တရားထိုင်ပါ

တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် တရားထိုင်တာဟာ သင့်ဦးနှောက်ကို ကျဆင်းနေတဲ့ charging တွေ ပြန်ဖြည့်ပေးနိုင်ပြီး စိတ်ဖိစီးမှုကို ပြောင်းပြန်ဖြစ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် သင်မနက် အိပ်ရာမထမီနဲ့ အိပ်ရာဝင်ခါနီး ဆယ်မိနစ်ကိုတရား ထိုင်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ တကယ်တရားထိုင်တဲ့ ပုံစံမဟုတ်လည်း မျက်လုံးမှိတ်လို့ ဝင်လေထွက်လေကိုမှတ် ရုံနဲ့ သင့်စိတ်ဖိစီးမှုတွေကို မောင်းထုတ်ပေးနိုင်မှာပါ။

(၇) လတ်ဆတ်တဲ့လေကိုရှူပါ

လတ်ဆတ်တဲ့လေအလုံအလောက်ရဖို့ဟာ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးအတွက်တင် အရေးပါတာမဟုတ်ဘဲ စိတ်ဖိစီးမှုကိုပါ လျှော့ချပေးမှာပါ။ ပြင်ပကရတဲ့ အနံ့တွေ.. ဥပမာ ထင်းရှူးနံ့ လိုမျိုးဟာ သင့်ခန္ဓာကိုယ်နဲ့ စိတ်ကို ပြေလျော့ စေမှာပါ။

(၈) လိမ္မော်ရည်သောက်ပါ၊ လိမ္မော်သီးစားပါ

ဝါဖန့်ဖန့်လိမ္မော်သီးတွေမှာ ဗီတာမင် စီ ပမာဏ အများအပြားပါဝင်တာကြောင့် coffee သောက်တာလိုမျိုး စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အခါ ထွက်တတ်တဲ့ cortisol လို ဟော်မုန်းမထွက်စေပါဘူးတဲ့။ ဒါကြောင့် သင့်စိတ်ဖိစီးမှုကို ခုနစ်ဆယ် ရာခိုင်နှုန်းလောက်ကို လျှော့ချ ပေးနိုင်ပါတယ်။

(၉) သီချင်းနားထောင်ပါ

ဆယ်မိနစ်လောက် သီချင်း နားထောင်တာဟာ သင့်စိတ်ဖိစီးမှုကို တကယ် လျော့ကျစေမှာပါ။ ဒါကြောင့် ကြည့်နေတဲ့ သတင်း အစီအစဉ်တွေကို ပိတ်လိုက်ပါ။ ပြီးရင်တော့ ငြိမ့်ညောင်းတဲ့ သံစဉ်တွေကို နားထောင်လိုက်ပါ။

(၁၀) ရေများများသောက်ပါ

စိတ်ဖိစီးမှုက ရေဓာတ်ခမ်းခြောက်စေပြီး ရေဓာတ်ခမ်းခြောက်တာကြောင့်လည်း စိဖိစီးမှုဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု လျော့ကျချင်ရင် သင့်တစ်နေ့တာမှာ ရေကို မကြာခဏ သောက်ပေးဖို့ လိုပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement