backup og meta

ကောင်းကောင်းမွန်မွန်အနားယူပြီး စမတ်ကျကျအလုပ်လုပ်နိုင်သောနည်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကောင်းကောင်းမွန်မွန်အနားယူပြီး စမတ်ကျကျအလုပ်လုပ်နိုင်သောနည်း

    ငွေပိုရှာလိုပါသလား။ တစ်ချိန်တည်းမှာပဲ အလုပ်နဲ့အားလပ်ချိန်ကြား ရွေးရခက်တဲ့အနေအထားကြုံနေရပါသလား။ သည်မေးခွန်းတွေကစဉ်းစားရကြပ်စေပါတယ်။ ဘယ်သူမှ သည်ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မချမှတ်နိုင်ပါဘူး။ အလုပ်ကိုကြိုးကြိုးစားစားလုပ်တဲ့အခါ ဝင်ငွေများလာပေမယ့် အပန်းဖြေချိန်နည်း သွားပါတယ်။ တစ်ဖက်ကကြည့်ရင် အပန်းဖြေချိန်များသွားရင်လည်း သင့်ကို အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို မပြီးမြောက်စေနိုင်ပါဘူး။ ဘဝပြည့်စုံရေးအတွက် သင်သိထားသင့်တဲ့ အရေး ကြီးဆုံးအချက်က အလုပ်နဲ့အပန်းဖြေ ချိန် သင့်တင့်မျှတဖို့ပဲဖြစ်ပါတယ်။

    အလုပ်နဲ့ အပန်းဖြေချိန်မျှတအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ကြိုးကြိုးစားစားရှာဖွေပါ။ အပန်းဖြေအနားယူတဲ့အခါ အလုပ်တွေကို ခဏဘေးမဖယ်ထားဘဲ အနားယူဖို့ဆိုတာ ခက်ပါတယ်။ ပထမဆုံးအနေနဲ့ အလုပ်နဲ့အနားယူတာ နှစ်ရပ်စလုံးအတွက် အဆင်ပြေစေဖို့ လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာ အရည်အချင်း တွေတိုးတက်စေမယ့် နည်းလမ်းတွေကို ရှာဖွေရပါမယ်။ လူတော်တော်များများက တစ်နေ့လုံးရုပ်ရှင်ကြည့်နေတတ်ပေမယ့် စိတ်ဝင်စားလို့ကြည့်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီအနေအထားက သူတို့မှာ သင့်တော်ပြီး စိတ်ပါဝင်စားစွာနဲ့လုပ်ဆောင်ရမယ့် အပန်းဖြေ စရာမရှိဘူးဆိုတာကိုဖော်ပြနေပါတယ်။ သူတို့အနေ နဲ့သူတို့ကိုသူတို့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်ကိုကြည့်နေသယောင် လိမ်လည်နေတာက သူတို့အလုပ်ခွင်မှာ တအား ပင်ပန်းလာတာကြောင့် အလုပ်လုပ်လိုစိတ်မရှိတော့တာကြောင့် ဖြစ်ပါတယ်။ အချိန်တွေကို အမှန်တကယ်စိတ်ဝင် စားတဲ့အရာတွေကိုလုပ်ပြီးကုန်ဆုံးစေတာက အရေးပါသလို အလုပ်ဝန်ပိတာတွေအကြား မှာပဲ စိတ်သက်သာရာရရှိစေမှာဖြစ်ပါတယ်။

    ပြဿနာကိုဖြေရှင်းနိုင်တဲ့ နောက်တစ်နည်းကတော့ အားအင်ဖြည့်တင်းတာပဲဖြစ်ပါတယ်။ အလုပ်တွေ တအားများတဲ့အခါ မှန်ကန်တဲ့ဦးတည်ချက်ထား ရှိဖို့လိုအပ်သလို စွမ်းဆောင်ရည်ပြည့်ပြည့်ဝဝနဲ့ ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ အထူးလုပ်ဆောင်မယ့်တာဝန်တွေအပေါ်မှာအာရုံစိုက် တာက အကျိုးဖြစ်ထွန်းမှုလည်းကြီး စေမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ပင်ပန်းတာ၊ စိတ်စွမ်းအင်ကျဆင်းတာနဲ့တွေ့ကြုံရမှာ ဖြစ်ပါတယ်။ သင့်တော်တဲ့လေ့ကျင့်ခန်းလုပ်ဆောင်တာနဲ့ အစားအသောက်စားသုံးပေးမှုက လိုအပ်နေတဲ့ စွမ်းအင်တွေကို ပြန်လည်ပြည့်တင်းစေပြီး အချိန်မကုန်စေဘဲ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်စေမှာဖြစ်ပါတယ်။ အားပြန်ဖြည့် တင်းဖို့လိုအပ်နေချိန်မှာ ၅ မိနစ် ၁၀ မိနစ်လောက်ထိုင်ချလိုက်ပါ။ အအေးနဲ့ အဆာပြေ မုန့် တစ်ခုခုစားတာပဲဖြစ်ဖြစ် သစ်သီးပဲဖြစ်ဖြစ် စားသုံးပေးပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ အသက်ဝဝရှုလိုက်ပါ။

    အဆုံးသတ်အနေနဲ့ သင့်မှာ အလုပ်ချိန်နဲ့အနားယူချိန်ကို ခွဲခြားထားတဲ့ အစီအစဉ်တစ်ရပ်ရှိနေပါစေ။ အချို့လူတွေက အလုပ်ပရောဂျက်တွေအပေါ်မှာ တအားစိတ်အားထက်သန်နေတတ်ကြပြီး အချိန်တိုင်းအလုပ်ပေါ်မှာအာရုံစိုက်ရင်း အနားယူဖို့ မေ့နေတတ်တာကြောင့် ပင်ပန်းမှုတွေဖြစ်ပေါ်ခံစား လာရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာအလုပ်ခွင် ဝန်ထမ်းတွေဟာ ဆေးရုံတက်ဆေးကုသမှု မခံယူရခင်အထိကို အလုပ်တွေဖိလုပ်တတ် ကြပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ အလုပ်လုပ်တဲ့အချိန်အတိုင်းအတာနဲ့ အနားယူပေးဖို့ အစီအစဉ်ဆွဲထားဖို့လိုပါတယ်။ လုပ်ငန်းလုပ်ဆောင်မှုကို မထိခိုက်စေနိုင်တဲ့ အတိုင်းအတာအထိအလုပ်ချိန်ကို လျှော့ချနိုင်ဖို့ လိုပါတယ်။ အလုပ်နဲ့အနားယူမှုကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးမှုက သင့်ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

    အမှန်တကယ်တော့ အလုပ်ကပိုက်ဆံပိုဝင်လေလေ အားလပ်ချိန်နည်းပါးလာလေလေပဲဖြစ်ပါတယ်။ ဒါပေမယ့်လက်ရှိသင်ပိုင်ဆိုင်ထားတဲ့ အချိန်ကာလတွေကို ပျော်ပျော်ရွှင်ရွှင်သုံးစွဲဖို့ လည်း လိုအပ်ပါတယ်။ ဒီနည်းအတိုင်း အလုပ်ကိုပိုထိထိရောက်ရောက်လုပ်ကိုင်ရင်း အပန်းဖြေချိန်တွေမှာ ကိုယ်ဝါသနာပါတဲ့အရာတွေကို လုပ်ဆောင်သွားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement