ထိုဟော်မုန်းသည် ပရော်စတာဂလန်ဒင် ( Prostagladin ) ထွက်ရှိမှုကို အားပေးကာ မီးဖွားသော ဖြစ်စဉ်တစ်လျှောက် ပါဝင်သည့် အပြင်သင်၏ ဉာဏ်အားကိုလည်း တိုးတက်စေပါသည်။ ထိုအာနိသင်ကို အသုံးပြု၍ အောက်ဆီတိုစင်ဟော်မုန်းကို အမျိုးသမီးများ မီးဖွားခြင်းကိစ္စများတွင် သဘာဝအတိုင်း မီးဖွားခြင်းမပြုလုပ်နိင်သောအခါ (သို့မဟုတ်) မိခင်၏ သားအိမ်ညှစ်အားကနည်းနေသောအခါ သားအိမ်ညှစ်အားကောင်းစေရန် ပေးလေ့ရှိပါသည်။
အမျိုးသားများတွင်လည်းအမျိုးသမီးများကဲ့သို့ပင် အောက်ဆီတိုစင်ဟော်မုန်းသည် တစ်ဦးနှင့်တစ်ဦးပတ်သက်ဆက်ဆံမှုကိုအထောက်အကူပြုပေးပါသည်။ ၂၀၁၂ ခုနစ်တွင်ပြုလုပ်ခဲ့သောလေ့လာမှုတွင် အောက်ဆီတိုစင်ပါဝင်သောနှာခေါင်းဆေးဖျန်းရေကို အသုံးပြုသောဖခင်များသည် သူတို့၏ ၅ လအရွယ်ကလေးများနှင့် နီးကပ်စွာဆော့ကစားသောအခါ နှာခေါင်းဆေးဖျန်းရည်အသုံးမပြုသောဖခင်များထက်ပိုမိုနီးကပ် ရင်းနှီးမှုရှိသည်ဟုဖော်ပြထားပါသည်။ ထို့ပြင် အခြားလေ့လာမှုတစ်ခု၌ အောက်ဆီတိုဟော်မုန်းပါဝင်သောဆေးရည်ကိုအသုံးပြုထားသော အိမ်ထောင်ရှိအမျိုးသားများသည် ဟော်မုန်းဆေးအသုံးမပြုသည့် အမျိုးသားများထက်ဆွဲဆောင်မှုရှိသောအမျိုးသမီးများကို တွေ့ရှိသောအခါစိတ်ပါဝင်စားမှုပိုမိုမရှိဘဲ ထိုအမျိုးသမီးထံမှပို၍ဝေးစွာနေနိုင်သည်ကို တွေ့ရပါသည်။
အောက်ဆီတိုစင်နှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလေ့လာချက်
ချစ်ခြင်းမေတ္တာ၏ ဆန်းကျယ်မှုကို လေ့လာသော ရှုထောင့်မှကြည့်လျှင် အောက်ဆီတိုစင်ဟော်မုန်းသည် တစ်ဦးနှင့်တစ်ဦး လုံခြုံနွေးထွေးစွာ ပေါင်းသင်းဆက်ဆံမှု ၊ ကျွန်ုပ်တို့၏ ကလေးငယ်များကို နွေးထွေးစွာဆက်ဆံမှုများတွင် ခန္ဓါကိုယ်က သဘာဝအရ ထုတ်လွှတ်ပေးသည်ကို အံ့သြဖွယ်တွေ့မြင်ရပါသည်။ မကြာခင်က ပြုလုပ်သော လေ့လာမှုတစ်ခုတွင် အောက်ဆီတိုစင်ဟော်မုန်း၏ ဖြစ်နိုင်ခြေရှိသောအာနိသင်ဖြစ်သည့် ကိုယ်ချင်းစာတရားကို ပေးစွမ်းနိုင်ခြင်း ၊ ယုံကြည်မှု ၊ လူမှုဆက်ဆံရေးနှင့် တစ်ကိုယ်ကောင်းမဆန်ခြင်းတို့တွင် ပါဝင်နေမှုတို့ကိုလည်း မီးမောင်းထိုးပြထားပါသည်။ Duke တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုတွင် အောက်ဆီတိုစင်ဟော်မုန်း၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးနိုင်မှုကို သိရှိရန် အမျိုးသားများကို နှစ်အုပ်စုခွဲ၍ တစ်အုပ်စုကိုဟော်မုန်းပေး၍လေ့လာပြီးကျန်တစ်အုပ်စုကို အခြားသော အာနိသင်မရှိသော ဆေးဝါးများပေး၍ လေ့လာခဲ့ပါသည်။ ပါဝင်သောအမျိုးသားများမှာ အသက် ၃၅ နှစ်မှ ၆၄ နှစ်အထိအမျိုးသား ၈၃ ဦးပါဝင်ပြီး နှာခေါင်းမှာဆေးဖျန်းခြင်းဖြင့် အောက်ဆီတိုစင် (သို့မဟုတ် ) အာနိသင်မရှိသော ဆေးတစ်မျိုးကိုဖျန်း၍ လေ့လာခဲ့ကြပါသည်။ ထို့နောက် ထိုဆေးကိုဖျန်းပြီးသောအခါ ထိုသူတို့၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို မေးခွန်းအနေနှင့် ပြုလုပ်၍ လေ့လာခဲ့ပါသည်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များတွင် အဆင့်မြင့်သော အာရုံခံစားမှုများ ၊ ကမ္ဘာကြီးက နေထိုင်သောလူသားတို့၏ ဘဝအတွက် ပေးစွမ်းသော အဓိပ္ပါယ်များကို ဆိုလိုရည်ညွှန်းပါသည်။ ထိုလေ့လာမှုတွင် ပါဝင်သော အုပ်စုနှစ်စုမှ အမျိုးသားများရော သုတေသီများပါ မည်သည့်အမျိုးသားက ဟော်မုန်းဆေးရည်ကို ရရှိပြီး မည်သည့်အမျိုးသားက အာနိသင်မရှိသော ဆေးရည်ကို ရရှိသည်ကို မသိကြပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။