backup og meta

စိတ်ဖိစီးမှုနှင့်ပတ်သက်၍စောင့်ရှောက်သူအတွက်အကြံပြုချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုနှင့်ပတ်သက်၍စောင့်ရှောက်သူအတွက်အကြံပြုချက်များ

    စောင့်ရှောက်သူဆိုသည်မှာ နေမကောင်းသူ၊ ထိခိုက်ဒဏ်ရာရသူ၊ မသန်စွမ်းသူများကို ဂရုစိုက်သူကိုခေါ်သည်။ အသည်းရောင်ရောဂါရှိသည့် မိမိချစ်ခင်သူများကို စောင်ရှောက်ခြင်းသည် စိန်ခေါ်မှုအကြီးကြီးပင်ဖြစ်သည်။ စောင့်ရှောက်နေရင်းဖြင့် လူနာများတွင် စိတ်ဖိစီးမှုများရှိသည်ကို ကြုံတွေ့နိုင်သည်။ အထူးသဖြင့် အမျိုးသမီးလူနာများတွင် ကျန်းမာရေးပြဿနာ ပို၍ကြုံနိုင်သည်။ ၎င်းတို့တွင်စိတ်ပူပန်ခြင်းနှင့် စိတ်ကျခြင်းတို့ပါသည်။ စောင့်ရှောက်သူများမှ ၎င်းတို့၏စိတ်ပင်ပန်းမှုများကို အောက်ပါနည်းများဖြင့် စီမံပေးနိုင်သည်။

    စိတ်ကိုလျှော့ထားပါ။

    မျက်စိကိုမှိတ်ထားပါ။ နှာခေါင်းဖြင့်သာ ပုံမှန်အသက်ရှူပါ။ ရှူထုတ်သည်အခါ သင့်ကိုယ်သင် “ငြိမ်းချမ်းခြင်း” ဟူသော စကားတစ်လုံး(သို့) “ငါ့စိတ်ထဲမှာအေးချမ်းတယ်” ဆိုသော စကားစုကို တိုးတိုးညင်သာစွာပြောပါ။ ၁၀မိနစ်ခန့်ဆက်လုပ်ပါ။ သင့်စိတ်က ဆုံမှတ်ကိုစလွဲပါက ကိုယ့်ကိုယ်ကို အသက်ရှူခြင်းနှင့်ပတ်သက်၍ ညင်သာစွာသတိပေးပါ။ အသက်ရှူခြင်းကို နှေးလိုက်၍ ငြိမ်သွားအောင်လုပ်ပါ။

    အသက်ပြင်းပြင်းရှူပါ။

    ဝမ်းဗိုက်အားလေများအားလုံးနှင့် ပြည့်အောင်ဖြည့်ပါ။ ပြီးလျှင်ပြန်ထုတ်လိုက်ပါ။ ပူဖောင်းလေလျှော့သလိုဖြစ်သည်။ နှေးနှေးနှင့်ကြာကြာ အသက်ရှူထုတ်တိုင်း ပို၍ နေလို့ကောင်းသည်ကို ခံစားရမည်။ အကောင်းဆုံးနည်းမှာ သင့်ချက်အောက်တွင် အစက်လေးတစ်ခုကို စိတ်ကူးပြီး ထိုအစက်သို့ရှူသွင်းကာ ဝမ်းဗိုက်တစ်ခုလုံး လေနှင့်ဖြည့်ပါ။

    တရားထိုင်ပါ။

    သင့်စိတ်ထဲတွင် ငြိမ်းချမ်းသော ပုံရိပ်များတည်ဆောက်၍ ထိုအရာများမှလွဲ၍ သင့်စိတ်ထဲတွင် ဘာမှမကျန်တော့သည်အထိ ဆက်လက်တွေးပါ။ ကမ်းခြေ (သို့) ဥယျာဉ်ကဲ့သို့ သက်တောင့်သက်သာရှိသောနေရာတစ်ခုကို တွေးပါ။ ဤနည်းသည် သင့်အတွေးများကို တည်ငြိမ်သော စိတ်အခြေအနေအဖြစ်ရှိအောင် လုပ်ခြင်းဖြစ်သည်။

    အကူအညီကိုလက်ခံပါ။

    အခြားသူများ သင့်ကိုကူညီနိုင်မည့်ကိစ္စများကို စာရင်းလုပ်ထားပါ။ ထို့နောက် ကူညီသူများ လုပ်ချင်သည်ကို ပေးရွေးချယ်ပါ။ ဥပမာ တစ်ဦးမှ သင်ဂရုစိုက်သည့် လူတစ်ယောက်ကို လမ်းလျှောက်ပေး၍ အခြားတစ်ဦးမှ ကုန်စုံဆိုင်သို့သွား၍ အစားအစာဝယ်၍ သင့်အတွက်ချက်ပေးပါမည်။

    ရည်မှန်းချက်ပန်းတိုင်များထားပါ။

    ကြီးမားသောတာဝန်များကို တစ်ချိန်တည်းပြုလုပ်နိုင်သည့် သေးငယ်သောအဆင့်များအဖြစ် ဖြိုခွဲလိုက်ပါ။ အရေးပေးလုပ်ရမည့် နေ့စဉ်ကိစ္စများကို စာရင်းပြုလုပ်ပါ။ အရေးမကြီးသောကိစ္စများကို ငြင်းဆိုရန် ဝန်မလေးပါနှင့်။

    အဆက်အသွယ်လုပ်ပါ။

    သင့်အနီးနားတွင်ရှိသည့် စောင့်ရှောက်မှုပေးသည့်နေရာများကို ရှာတွေ့နိုင်သည်။ အဖွဲ့အစည်းများတွင် သင်ချစ်ခင်ရသူရင်ဆိုင်နေရသည့် ရောဂါနှင့်ပတ်သက်၍ အထူးသင်တန်းများရှိပါသည်။ ခရီးသည်ပို့ဆောင်ရေးနှင့် အစားအစာပို့ဆောင်မှုစသည့် စောင်ရှောက်မှုလုပ်ငန်းများလည်းရနိုင်သည်။

    အပြုအမူတစ်ချို့ကိုပြောင်းလဲပါ။

    သင့်အတွေးအချို့၏ပုံစံနှင့် အကျင့်များပြောင်းပေးခြင်းဖြင့် ခက်ခဲကြမ်းတမ်းသောစိတ်ဖိစီးမှုများကို ကိုင်တွယ်နိုင်သည်။ ၎င်းတို့မှာ

    • သင့်မျှော်လင့်ချက်များနှင့် ခံစားချက်များကို အခြားသူမျာကိုဝေမျှပါ။

    • ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ.

    • လေ့ကျင့်ခန်းများများပြုလုပ်ပါ။

    • ကျန်းမာသောအစာများစားပါ။

    • ကောင်းမွန်သောဆက်သွယ်မှုများတွင်အာရုံစိုက်ပါ။

    • အခြားသူများပြောသည်ကိုနားထောင်ပါ။

    စောင့်ရှောက်ရင်းတွေ့ရမည့် စိတ်ဖိစီးမှုများကျော်လွှာနိုင်ရန် နည်းလမ်းများစွာရှိပါသည်။ သင့်အတွက်အသင့်တော်ဆုံးနည်းလမ်းကို ရွေးချယ်ပါ။ အကယ်၍အကူအညီလိုလျှင် ဆရာဝန်နှင့်တွေ့ဆုံရန်မမေ့ပါနှင့်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement