backup og meta

စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းများ

    စိတ်ဖိစီးမှု ဆိုတာက လူတစ်ယောက်စီမှာ မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်ရနိုင်တဲ့ အရာပါ။ စိတ်ဖိစီးမှုက မွေးမထားသင့်သလို ရေရှည်မှာ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်တာကြောင့် လျှော့ချတာကတော့ အကောင်းဆုံး နည်းလမ်းပါ။ ခုပြောမယ့် စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းများ က သင့်ကို လက်တွေ့ကျကျ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

    စိတ်ဖိစီးမှုဆိုတာ ဘာလဲ

    စိတ်ဖိစီးမှုဆိုတာ ဘဝရဲ့ကြီးမားတဲ့ စိတ်မပျော်ရွှင်စရာ ပြောင်းလဲမှု၊ ကြောက်စရာကောင်းလွန်းလှတဲ့ အခြေအနေသစ်တစ်ရပ်နဲ့ ကြုံတွေ့ရချိန်မှာ ခံစားရသော တုံ့ပြန်မှုတစ်မျိုးဖြစ်ပါတယ်။

    စိတ်ဖိစီးမှုဖြစ်စေသောအကြောင်းရင်းများကတော့

    အလုပ်ခွင်မှာဆိုရင်

    • အချိန်မီ ပြီးစီးအောင် ဖိအားပေး ခိုင်းစေခံရခြင်း။
    • အလုပ်များ/နည်းလွန်းခြင်း။
    • အငြင်းပွားမှု ဖြစ်ပေါ်ခြင်း။
    • ပျင်းရိခြင်း။

    ပုဂ္ဂိုလ်ရေးခံစားမှုတွေနဲ့ ပတ်သက်လို့

    • ချစ်ခင်ရသူများသေဆုံးခြင်း
    • နေမကောင်းဖြစ်ခြင်း
    • အိမ်ထောင်ရေး/လူမှုရေးပြဿနာများ
    • ကွာရှင်းခြင်း
    • ငွေရေး၊ ကြေးရေးပြဿနာများ
    • ပျော်ရွှင်စရာ အဖြစ်အပျက်များ

    လူမှုပတ်ဝန်းကျင်မှာတော့

    • ရာသီဉတု အခြေအနေ
    • ယာဉ်ကြောများ

    စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ ဘာတွေ ပြောင်းလဲလာသလဲ။

    အမူအကျင့်တွေပြောင်းလဲမှုတတ်ပါတယ်။

    • အရက်ဆေးလိပ်များ ပိုမိုသုံးစွဲလာခြင်း၊
    • အိပ်ချိန်၊ စားချိန် မမှန်ခြင်း၊
    • တစ်ယောက်ထဲနေချင်ခြင်း၊
    • အခြားသူများရဲ့ ပြဿနာကို စိတ်မဝင်စားခြင်း၊
    • အပေါင်းအသင်းများနှင့် ကင်းကွာခြင်း
    • ပတ်ဝန်းကျင်ကို စိတ်မဝင်စားခြင်း၊
    • ပုံမှန်မဟုတ်သော နေထိုင်ပြောဆိုခြင်း၊
    • အဓိပ္ပာယ်မဲ့ ငေးကြည့်နေခြင်း၊
    • ခန္ဓာကိုယ် မငြိမ်မသက်ဖြစ်ခြင်းတွေဖြစ်လာတတ်ပါတယ်။

    ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလက္ခဏာများ

    • ခြေ၊ လက် အေးစက်ခြင်း
    • အားအင်ကုန်ခမ်းခြင်း၊ ပျို့ခြင်း
    • ဂနာမငြိမ်ခြင်း
    • နှလုံးခုန်နှုန်း၊ သွေးခုန်နှုန်းမြန်ခြင်း
    • မူးဝေ၊ မေ့မြော၊ ခေါင်းကိုက်ခြင်း
    • မောပန်း၊ အလွန်အမင်း ချွေးထွက်ခြင်း
    • မျက်နှာနီမြန်း၊ အသက်ရှူခက်ခဲခြင်း
    • အသက်ရှူမဝခြင်း
    • အရေပြားအင်ပျဉ်ဖုထွက်ခြင်း
    • ရင်ဘတ်အောင့်၊ ရင်၊ ဝမ်းဗိုက်တင်းကျပ်ခြင်း၊ ဝမ်းလျှော၊ ဝမ်းချုပ်ခြင်း
    • မောပန်းနွမ်းနယ်ခြင်း

    စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

    • သတိလစ်ခြင်း၊ ကြောက်ရွံ့ခြင်း
    • စိတ်ဓာတ်ကျခြင်း
    • နောင်တသံဝေဂရခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်း
    • ဝမ်းနည်းကြေကွဲခြင်း
    • ဒေါသထွက်ခြင်း
    • စိတ်ပျက်ခြင်း၊ ငြီးငွေ့ခြင်း၊ ဘဝအဓိပ္ပာယ်မဲ့ခြင်း
    • ယုံကြည်မှုပျောက်ဆုံးခြင်း
    • မျှော်လင့်ချက်ကင်းမဲ့ခြင်း
    • စိုးရိမ်ထိတ်လန့်ခြင်း။

    စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းများ

    စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့် နည်းလမ်းများ ကတော့

    • စိတ်ချရသူတစ်ဦးကို မိမိရဲ့ စိတ်ခံစားမှု၊ အတွေ့အကြုံများ ပြောပါ။
    • ပန်းချီဆွဲ၊ စာရေး၊ တေးဆို/နားထောင်ပေးပါ။
    • ဆေးလိပ်၊ အရက်ကိုရှောင်ကြဉ်ပါ၊ လေ့ကျင့်ခန်းများပြုလုပ်ပါ။
    • တင်းကျပ်နေသောစိတ်ကို အသက်ပြင်းပြင်းရှူပြီး ဖြေလျှော့ပါ။
    • တစ်နေ့တာလုပ်ငန်းများကို အစီအစဉ်ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်ပါ။
    • ခက်ခဲတဲ့တာဝန်များ မထမ်းဆောင်နိုင်ပါက ပုံမှန်လုပ်ငန်းသာ ဆောင်ရွက်ပါ။
    • အချိန်မှန်မှန်နဲ့ အိပ်ရေးဝဝ အိပ်စက်ပါ။
    • အာဟာရမျှတတဲ့ အစားအစာများကို သင့်တင့်မျှတစွာ စားသုံးပါ။
    • အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အခက်အခဲများရှိက မိမိမိသားစု၊ မိတ်ဆွေတွေကိုပြောပြပါ။
    • စိတ်ကျန်းမာရေးဆရာဝန်ထံမှ အကြံဉာဏ်ယူပါ။
    • ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မှန်ကန်စွာ မြင်နိုင်ရန် အချိန်ပေးပါ။
    • စိတ်ဖိစီးမှုက သင့်ကို မလွှမ်းမိုးနိုင်စေဖို့ သင်က စိတ်ဖိစီးမှုကို ထိန်းချုပ်ရပါမယ်။

    သင်ကိုယ်တိုင်ကလည်းစိတ်ဖိစီးနေသူတွေကိုပြန်လည်ကူညီနိုင်ပါတယ်။

    ဘေးအန္တရာယ်တစ်ခု(ဥပမာ၊ မုန်တိုင်း၊စစ်ပွဲ စသည်) ရင်ဆိုင်ခဲ့ရသူတွေကို အောက်ပါနည်းလမ်းတွေနဲ့ကူညီနိုင်ပါတယ်။

    • တွေ့ကြုံလာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများအပေါ် စာနာသော၊ ထပ်တူခံစားနားလည်သော သဘောထားဖြင့် ဆောင်ရွက်ပါ။
    • ထိခိုက်ဒဏ်ရာရနေသော၊ ကြောက်ရွံ့နေသောသူများကို တစ်ယောက်တည်း မထားပါနှင့်၊ ကလေးငယ် များကိုလည်း မိဘများနှင့် ခွဲမထားပါနှင့်။
    • ၄င်းတို့ကို ဂရုစိုက်သော၊ ရိုးရှင်းသော၊ လက်တွေ့ကျသော၊ သဘာဝကျသော အပြုအမူများ လုပ်ဆောင်ပါ။ (ဥပမာ-မုန့်ကျွေးခြင်း၊ ရေတိုက်ခြင်း)
    • သူရဲ့ ဘေးဒုက္ခဆိုင်ရာ အတွေ့အကြုံများ၊ ခံစားချက်များ ဖွင့်ပြောရန်အားပေးပါ။
    • အားပေးစကားပြောပါ။
    • သေကံမရောက် သက်မပျောက် ကျန်ရစ်သူများ၊ မိသားစုများနှင့် ပြန်ကြားဆက်သွယ်ရေးများကို တိကျသော၊ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များပေးပါ။
    • ပုံမှန်မဟုတ်သော ကြမ်းတမ်းရိုင်းစိုင်းမှု၊ ရက်စက်မှု၊ ဖျက်လိုဖျက်စီး အမူအကျင့်တို့ကို တွေ့ရှိပါက လွှဲပြောင်းညွှန်းပို့ပါ။
    • သေကံမရောက် သက်မပျောက်ကျန်ရစ်သူများကို လွယ်ကူ ရိုးရှင်းသော၊ အသုံးဝင်သော လုပ်ငန်းများတွင် အမြန်ဆုံး ပါဝင်လာစေရန် အားပေးပါ။

    ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ၊ ရောဂါ (သို့မဟုတ်)စိတ်ဖိစီးမှုများစွာ ခံစားနေရသူ၊ စိတ်ဓာတ်ကျဆင်းနေသူများကို ထပ်တူခံစား နားလည်ပေးပြီး အားပေးစကား ပြောကြားပေးခြင်းဖြင့်ကူညီပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement