backup og meta

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦး ဖြစ်လာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦး ဖြစ်လာစေဖို့

    သူများတွေ စိတ်ဓါတ်ကြံ့ခိုင်သူ အဖြစ် ရပ်တည်နေတာကိုကြည့်ပြီး အားကျနေတာလား။ ကိုယ်တိုင်ကော စိတ်ဓါတ်ကြံ့ခိုင်သူ မဖြစ်ချင်ဘူးလား။ စိတ်ဓါတ်ကြံ့ခိုင်မှုကမွေးရာပါအရည်အချင်းမဟုတ်ပါဘူး။မွေးမြူရတာပါ။ စိတ်ဓါတ်ကြံ့ခိုင်သူအဖြစ်ရပ်တည်ဖို့ စိတ်အားထက်သန်နေပေမယ့် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် အထောက်အကူဖြစ်မှာပါ။

    စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦး ဖြစ်လာစေဖို့ ပျိုးထောင်သင့်တဲ့ အကျင့်တွေက

    တစ်နေ့ကို ၁၅ မိနစ်လောက် တိတ်ဆိတ်တဲ့နေရာမှာနေပေးပါ –ကိုယ်တကယ်ဖြစ်ချင်နေတဲ့ဆန္ဒတွေကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ဆိုရင် အရင်ဆုံးအကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုစဉ်းစားရမှာပါ။ တိတ်ဆိတ်မှုက အကြံဉာဏ်ကောင်းတွေကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် တိတ်ဆိတ်တဲ့နေရာမှာ အချိန်ကုန်ဆုံးပေးပါ။

    တစ်ပတ်မှာ ကိုယ့်အတွေးတစ်ခုလောက်တော့ အကောင်အထည်ဖော်ပေးပါ – တစ်ပတ်မှာ ကိုယ်ဆန္ဒရှိတဲ့ကိစ္စရပ်တစ်ခုလောက်ကို အကောင်အထည်ဖော်ပေးပါ။ ဒါမှလည်း ကိုယ်ရဲ့ စိတ်ရှိတာကို လက်တွေ့အကောင်အထည်ဖော်နိုင်တယ်ဆိုပြီး စိတ်ခွန်အားရလာမှာပါ။

    ကိုယ်လက်လှုပ်ရှားမှုရှိပါစေ -နေ့စဉ် ၁၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုက စိတ်ဓါတ်ကြံ့ခိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ရော စိတ်ပါကျန်းမာကြံ့ခိုင်စေဖို့နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

    စာအုပ်တွေဖတ်ပါ – ဗဟုသုတတွေ အများဆုံးရနိုင်မယ့် အရင်းအမြစ်ပေါ့။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုတိုးတက်စေမယ့်အရာပါ။ ဒါကြောင့်နေ့တိုင်းစာဖတ်ဖြစ်အောင်ကြိုးစားပါ။

    အခြားသူတွေရဲ့ အကြံပေးချက်ကို နားထောင်ပါ – ကိုယ်တိုင်မကြုံဖူးပေမယ့် အခြားသူတွေရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူလို့ရပါတယ်။ ဒါကြောင့် အခြားသူတွေက သူတို့ရဲ့ အတွေ့အကြု့ဗတွကိုပြောပြလာတဲ့အခါ နားထောင်ပေးလိုက်ပါ။

    မိသားစုဝင်တွေနဲ့သူငယ်ချင်းမိတ်ဆွေတွေကို အချိန်ပေးပါ – နေ့စဉ်အလုပ်များနေတာကြောင့် အလုပ်တွေပြီးအောင်ကြိုးစားလုပ်မှတိုးတက်မယ်ဆိုတဲ့စိတ်နဲ့ မိသားစုဝင်တွေ သူငယ်ချင်းမိတ်ဆွေတွေကို အချိန်မေပးမိတာမျိုးရှိနိုင်ပါတယ်။လေ့လာမှုတွေအရတော့ ခင်မင်ချစ်ခင်ရသူတွေနဲ့ အချိန်တွေကိုအတူကုန်ဆုံးတာ ရင်ဖွင့်တိုင်ပင်တာတွေကလည်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီးအောင်မြင်မှုတွေရရှိစေတဲ့အချက်တစ်ခုလို့သိရပါတယ်။

    တရားထိုင်ပါ -နေ့စဉ်ပုံမှန် အနည်းဆုံး ၁၅ မိနစ်လောက်တရားထိုင်ပေးတာက စိတ်ကိုတည်ငြိမ်စေပြီး စိတ်စွမ်းအင်ကိုကောင်းမွန်စေနိုင်ပါတယ်။ စိတ်မသက်မသာဖြစ်တာ၊ကြောက်စိတ်နဲ့ စိတ်ဆတ်တာတွေကိုလျော့ပါးသက်သာလာစေပြီးတွေ့ကြုံလာရတဲ့ အခြေအနေတွေကို အကောင်းဆုံးဖြေရှင်းနိုင်မှာပါ။

    စိတ်မသက်သာစရာတွေကို အကြာကြီးသိမ်းမထားပါနဲ့ – စိတ်ဓါတ်ကြံ့ခိုင်ဖို့ဆိုရင် စိတ်မသက်သာစရာတွေကို အကြာကြီးသိမ်းမထားဘဲဖြေရှင်းလိုက်ပါ မေ့ဖျောက်ရမယ့်အရဆိုမေ့ဖေျာက်ပါ။ တကယ်လို့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရမယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလိုက်ပါ။

    ပြဿနာတွေကိုဖြေရှင်းပါပြဿနာဆိုတာမျိုးက ကြာလေလေကြီးထွားလာလေလေပါ။ ဒါကြောင့်ပြဿနာတစ်ခုဖြစ်လာတဲ့အခါမြန်မြန်လေးဖြေရှင်းပါ။ ဒီလိုလုပ်တာက ကိုယ့်ရဲ့ ပြဿနာေ့ဖြရှင်းနိုင်စွမ်းကိုတိုးလာစေပြီးနေ့စဉ်ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းတိုးလာမှာပါ။

    ဒေါသကိုထိန်းချုပ်တတ်ဖို့ကြိုးစားပါ – ယနေ့ခေတ်မှာ လူတော်တော်များများက တိုးတက်မှုရရှိစေဖို့အတွက် အလုပ်တွေကိုကြိုးစားလုပ်ကိုင်ရင်းစိတ်ပျက်စရာ၊ စိတ်အခန့်မသင့်စရာတွေနဲ့ကြုံလာရတဲ့အခါ အလွယ်တကူပဲဒေါသတွေထွက်ကြတာမျိုးရှိပါတယ်။ တကယ်တော့ဒေါသကိုထိန်းချုပ်ပြီး စိတ်အေးအေးနပြတွေးတောဆုံးဖြတ်မှာ အဖြေမှန်ကထွက်တာပါ။ဒေါသကိုထိန်းချုပ်နိုင်မှုကလည်းနောင်တတရားကင်းစေပြီး စိတ်ဓါတ်ခိုင်မာစေဖို့ လိုအပ်တဲ့အဆင့်တစ်ခုပါ။

    စိတ်ကို အအားမပေးပါနဲ့ – စိတ်ဆိုတာမျိုးက အအားရရင် အပျက်သဘောအတွေးတွေကိုတွေးပြီး စိတ်ဓါတ်ပျော့ညံ့မှုကိုဖြစ်စေဖို့လမ်းစရှာတတ်ပါတယ်။ ဒါကြောင့် စိတ်ကို အအားမထားပါနဲ့။ အားလပ်ချိန်တွေကို စာအုပ်ဖတ်တာ၊ ဗဟုသုတရစေမယ့် အရာတွေကိုရှာမှီးတာနဲ့ ဝါသနာပါရာတစ်ခုခုကိုလုပ်နေပါ။

    အပျက်သဘောဆောင်တဲ့လူတွေကိုရှောင်ပါ – ပတ်ဝန်းကျင်ကလူတွေကလည်း စိတ်အခြေအနေပေါ်မှာတော်တော်လေးလွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်ပြီး အကောင်းမြင်တတ်သူတွေကိုပဲထားပါ။

    သူငယ်ချင်းနည်းရင်နည်းပါစေ။ အပျက်သဘောဆောင်တဲ့သူတွေကို အနီးမှာမထားပါနဲ့။ စိတ်သဘောထားကောင်းမွန်ခိုင်မာတဲ့သူတွေအနားမှာရှိနေတာက သူတို့ဆီက သင်ယူစရာတွေကို သင်ယူပြီး ကိုယ့်ကိုကိုယ်အကောင်းဆုံးဖန်တီးနိုင်မှာပါ။

    ကဲ ဒီနေ့ကစလို့ အပေါ်မှာပြောခဲ့တဲ့အချက်လေးတွေကို ပျိုးထောင်မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦး အဖြစ် ပုံဖော်ဖန်တီးနိုင်ကြပါစေကြောင်း…..
    တကယ်လို့သင့်မှာ ဒီအချက်လေးတွေ တော်တော်များများက အလေ့အထလေးတွေလို ဖြစ်နေတာ ဆိုရင်တော့ သင်ဟာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦး ဖြစ်နေပါပြီနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement