backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Kleptomania (မခိုးရမနေနိုင်သောရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandy Kyaw မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Kleptomania (မခိုးရမနေနိုင်သောရောဂါ) ကဘာလဲ။

မခိုးရမနေနိုင်သောရောဂါဆိုတာယေဘုယျအားဖြင့် ကိုယ့်မှာလိုအပ်တဲ့အရာမဟုတ်တဲ့ပစ္စည်းနဲ့ တန်ဖိုးနည်းပစ္စည်းလေးတွေကိုခိုးချင်တဲ့စိတ်ကိုထိန်းလို့မရတာထိန်းပေမယ့်ခဏခဏပြန်လုပ်ချင်တဲ့စိတ်မျိုးရှိတာကိုခေါ်တာပါ။ ဒီရောဂါကတော်တော့်ကိုအခြေအနေဆိုးတဲ့ စိတ်ရောဂါတစ်မျိုးပါပဲမကုသပဲထားခဲ့ပါကသင်ကိုယ်တိုင်လည်းစိတ်ဒဏ်ရာရနိုင်ပြီးကိုယ်တစ်ကယ်ချစ်ရတဲ့သူတွေကိုပါထိခိုက်စေပါတယ်။

လက္ခဏာများ

Kleptomania (မခိုးရမနေနိုင်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

မခိုးရမနေနိုင်သောရောဂါရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ

ပါရှိတဲ့လက္ခဏာတွေကတော့

-သင်မလိုအပ်တဲ့ပစစည်းများကိုခိုးယူချင်တဲ့စိတ်ကိုမတွန်းလှန်နိုင်တာမျိုး။

-စိတ်ဖိစီးမှုများလာတာစိတ်အနှောင့်အယှက်ဖြစ်ရတာတွေ စိတ်ပါလာတဲ့ခံစားချက်တွေကြောင့် ခိုးယူခြင်းကိုဖြစ်သွားစေတာမျိုး။

-ခိုးယူစဉ်အချိန်မှာစိတ်ကျေနပ်သွားတာစိတ်သက်သာသွားတာစိတ်ပျော်သွားတာမျိုးခံစားရရင်။

-ခိုးပြီးတဲ့အချိန်မှာ ဆိုးဆိုးရွားရွားအပြစ်ရှိသလိုခံစားရတာ၊နောင်တရတာ၊ကိုယ့်ကိုယ်ကိုမုန်းတီးတာ၊ရှက်တာ၊အဖမ်းခံရတာမျိုးကြောက်တာမျိုး။

-ခိုးချင်တဲ့စိတ်တွေတစ်ဖန်ပြန်ဖြစ်လာပြီး ပြန်ခိုးချင်လာပြီးမခိုးရမနေနိုင်တဲ့စိတ်တစ်ပတ်ပြန်ပေါ်လာတာမျိုး။

မခိုးရမနေနိုင်ရောဂါရှိတဲ့လူတွေမှာပဲတွေ့ရတတ်တဲ့လကခဏာတွေဆိုပြီးရှိလား

ဟုတ်ကဲ့။ ရှိပါတယ်။ အောက်မှာပြောပြမယ့်အချက်တွေ လက္ခဏာတွေကမခိုးရမနေနိုင်ရောဂါရှိသူတွေမှာရှိတတ်ပါတယ်။

-တစ်ခြားခါးပိုက်နှိုက်သူခိုးတွေနဲ့မတူပဲမခိုးရမနေနိုင်ရောဂါရှိသူများဟာကိုယ်ကျိုးရဖို့အတွက်ခိုးတာစမ်းချင်လို့ခိုးတာ ပုန်ကန်လိုစိတ်နဲ့ခိုးတာမဟုတ်ပါ။ သူတို့ကသူတို့ရဲ့ခိုးချင်တဲ့စိတ်ကိုမတွန်းလှန်နိုင်တဲ့အတွက် ရိုးရိုးခိုးရခြင်းဖြစ်ပါတယ်။

-မခိုးရမနေနိုင်သောရောဂါဟာအစီအစဉ်ချထားခြင်းမရှိပဲအကူအညီမပါပဲတစ်ခြားလူရဲ့အကူညီမပါပဲမိမိဘာသာအလိုအလျောက်ခိုးယူလိုစိတ်ပေါ်ခြင်းကြောင့်ဖြစ်နေရပါတယ်။

-အဲ့လိုရောဂါသည်တော်တော်များများဟာစတိုးဆိုင်တွေ စူပါမားကတ်တွေ အများသူငှာတွေရှိတဲ့နေရာတွေကနေခိုးတတ်ကြပါတယ်။ တစ်ချို့တွေကတော့ သူတို့ရဲ့သူငယ်ချင်းတွေဆီကနေလုပ်ဖော်ကိုင်ဖက်တွေဆီကနေပါတီလိုနေရာမျိုးတွေကနေခိုးကြပါတယ်။

-ခိုးလိုက်တဲ့ပစစည်းတွေဟာမခိုးရမနေနိုင်သောရောဂါရှိတဲ့လူတွေအတွက် ဘာတန်ဖိုးမှမရှိတဲ့ပစစည်းတွေဖြစ်ပြီး သူတို့ဝယ်နိုင်နေတဲ့ပစစည်းတွေပဲဖြစ်တတ်ကြပါတယ်။

-အခိုးခံရတဲ့ပစစည်းတွေကိုများသောအားဖြင့်ပစ်ထားတတ်ကြတယ် ဘယ်တော့မှလည်းမသုံးဖြစ်ကြပါဘူး။ တစ်ချို့ကလှုလိုက်တာမျိုး၊သူငယ်ချင်းတို့ မိသားစုဝင်တို့ကိုပေးလိုက်တာမျိုး တစ်ချို့ဆိုရင်သူတို့ခိုးတဲ့နေရာဆီကိုတိတ်တိတ်လေးပြန်သွားထားတတ်ကြပါတယ်။

-ခိုးချင်တဲ့စိတ်ဟာပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်တတ်ပြီးအချိန်ကြာလာတာနဲ့အမျှ တစ်ချို့ကခိုးချင်စိတ်လျော့ပါးလာတတ်ပြီးတစ်ချို့ကပိုခိုးချင်လာတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အပေါ်မှာပြောခဲ့တဲ့အချက်တွေ လက္ခဏာတွေရှိခဲ့မယ်ဆိုရင် ဆေးပညာဆိုင်ရာအကြံပေးဆွေးနွေးမှုကိုသင်ရယူသင့်ပါပြီ။ ကုသမှုခံယူမှသာ သင့်ရဲ့မခိုးရမနေနိုင်သောစိတ်ကိုထိန်းချုပ်လို့ရလာမှာပါ။ မခိုးရမနေနိုင်သောရောဂါရှိတဲ့လူအများစုက ကုသမှုကိုမခံယူချင်ကြပါဘူးဘာလို့လဲဆိုတော့ သူတို့ကိုဖမ်းလိုက်မလားထောင်ချလိုက်မလားဆိုပြီးကြောက်ကြလို့ပါ။ သို့သော်လည်း သင့်စိတ်ကျန်းမာရေးကိုကူညီစောင့်ရှောက်ပေးတဲ့လူတွေကသင့်ရဲ့ခိုးမှုကို အာဏာရှိသူတွေဆီကိုတိုင်ကြားလေ့မရှိပါဘူး။

(သင်နဲ့ဘယ်အခြေအနေကအဆင်ပြေဆုံးဖြစ်မလဲဆိုတာကိုသင့်ဆရာဝန်နဲ့ဆွေးနွေးတာအကောင်းဆုံးပါပဲ။)

အကြောင်းရင်းများ

Kleptomania (မခိုးရမနေနိုင်သောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

မခိုးရမနေနိုင်သောရောဂါကိုဘာကဖြစ်စေလဲသေချာမသိကြပါဘူး။ သီအိုရီတွေကတော့ ဦးနှောက်မှာပြောင်းလဲမှုဆိုင်ရာတွေဖြစ်တာကြောင့် မခိုးရမနေနိုင်သောရောဂါရဲ့အရင်းအမြစ်ဖြစ်ရတယ်လို့ဆိုကြပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Kleptomania (မခိုးရမနေနိုင်သောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

မခိုးရမနေနိုင်သောရောဂါကိုသိပ်ပြီးမတွေ့ရတတ်ပါဘူး။ ဘာလို့လဲဆိုတော့သူတို့က ရောဂါကုသမှုကိုမခံယူတတ်ကြပါဘူးတစ်ချို့ကလည်းခဏခဏ ခိုးတဲ့အတွက်ကြောင့်တစ်ခါတည်းအချုပ်ထဲရောက်သွားကြလို့ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ မခိုးရမနေနိုင်သောရောဂါကိုအဖြေရှာနာမည်မတပ်နိုင်ပဲဖြစ်နေကြရပါတယ်။ မခိုးရမနေနိုင်သောရောဂါက ဆယ်ကျော်သက်အရွယ်တွေမှာဖြစ်တတ်ပြီး ကြီးကောင်ပေါက်ဖြစ်ချိန်တွေမှာပိုတွေ့ရပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာတော့ အသက်ကြီးမှတွေ့ရတတ်တာလည်းရှိပါတယ်။

မခိုးရမနေနိုင်သောရောဂါကို ဖြစ်စေတဲ့ အန္တရာယ်ရှိတဲ့အချက်တွေကတော့–

  • မိသားစုနောက်ကြောင်းရာဇဝင်-မခိုးရမနေနိုင်သောရောဂါ ကိုမိသားစုဝင်တွေထဲမှာရှိခဲ့ရင် ဥပမာမိဘတွေ မောင်နှမတွေမှာရှိခဲ့ရင်၊စိတ်စွဲလန်းမှုရောဂါအခြေအနေတွေရှိခဲ့ရင်၊အရက်သေစာသောက်စားခြင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းများရှိခဲ့ရင် မခိုးရမနေနိုင်သောရောဂါကိုပိုဆိုးစေပါတယ်။
  • အမျိုးသမီးဖြစ်ခြင်း-မခိုးရမနေနိုင်သောရောဂါရဲ့သုံးပုံနှစ်ပုံဟာအမျိုးသမီးတွေပဖြစ်တတ်ကြပါတယ်။
  • တစ်ခြားစိတ်ရောဂါအခြေအနေများရှိခြင်း-စိတ်တက်ကျလွယ်သောစိတ်ရောဂါ၊စိတ်ပူပန်မှုများသောစိတ်ရောဂါ၊အစားအသောက်မူမမှန်စွာစားသောက်သောစိတ်ရောဂါ၊မူးယစ်ဆေးဝါးများသုံးစွဲခြင်း။

ခေါင်းကိုထိခိုက်ဒဏ်ရာရခြင်း၊ဦးနှောက်ကိုထိခိုက်မိခြင်းများ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Kleptomania (မခိုးရမနေနိုင်သောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆီမှာမခိုးရမနေနိုင်သောရောဂါရှိနေပြီလို့ယူဆပြီးကုသမှုခံယူမယ်လို့စဉ်းစားတာနဲ့ သင့်ဆီမှာကိုယ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေရှိနေပြီးဖြစ်လောက်ပါတယ်။ ကိုယ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေပြ ုလုပ်တာနဲ့သင့်ဆီမှာ ရောဂါလက္ခဏာတွေကို လှုံဆော်စေတဲ့ ရောဂါ အခံတွေရှိမရှိသိရှိနိုင်ပါတယ်။

American Psychiatric Association ကနေထုတ်ဝေတဲ့ Diagnostics and statistical manual of mental disorder (DSM 5)

ပါအချက်အလက်တွေကိုကြည့်ပြီး ကျွမ်းကျင်သူတွေကစိတ်ရောဂါတွေရဲ့အခြေအနေတွေကိုအခြေရှာနာမည် ွတပ်ကြပါတယ်။ ဒီအချက်အလက်တွေကိုကြည့်ပြီးအသက်အာမခံကုမ္ပဏီတွေကသူတို့ဆီမှာအသက်အာမခံထားတဲ့သူတွေရဲ့ ဆေးကုသမှုကုန်ကျစရိတ်ကိုပေးကြပါတယ်။

အောက်မှာပြောပြမယ့်အချက်တွေက (DSM-5) ထဲမှာပါတဲ့မခိုးရမနေနိုင်သောရောဂါရှင်တွေမှာတွေ့ရတဲ့အချက်များဖြစ်ပါတယ်။

  • ကိုယ့်မှာလိုအပ်တဲ့အရာမဟုတ်တဲ့ပစ္စည်းနဲ့ တန်ဖိုးနည်းပစ္စည်းလေးတွေကိုခိုးချင်တဲ့စိတ်ကိုထိန်းလို့မရတာထိန်းပေမယ့်ခဏခဏပြန်လုပ်ချင်တဲ့စိတ်မျိုးရှိနေခြင်း။
  • သင်ကသူများပစ္စည်းကိုမခိုးယူခင်မှာစိတ်ဖိစီးမှုတွေတအားများလာတတ်ခြင်း။
  • သင်ကခိုးယူနေချိန်မှာ စိတ်ကျေနပ်သွားခြင်း၊စိတ်ပျော်သွားခြင်း၊စိတ်သက်သာရာရခြင်းတွေကိုခံစားရရင်။
  • ခိုးတယ်ဆိုတဲ့အချိန်မှာလက်တုန့်ပြန်ချင်လို့ခိုးယူတာမျိုးစိတ်တိုဒေါသထွက်လို့ခိုးယူတာမျိုးစိတ်ထွေပြားရှုပ်ထွေးပြီးခိုးယူတာမျိုးတွေမဟုတ်ပါဘူး။
  • ဒီခိုးယူမှုမျိုးဟာတစ်ခြားစိတ်ရောဂါအခြေအနေတွေနဲ့ပတ်သက်ဆက်နွယ်တာမျိုး စိတ်အခြေအနေအတက်အကျမြန်တဲ့ရောဂါမျိုးတို့နဲ့ဆက်သွယ်နေတာမျိုးသိပ်မရှိတတ်ပါဘူး
  • Kleptomania (မခိုးရမနေနိုင်သောရောဂါ) ကို ဘယ်လိုကုသပါသလဲ

    မခိုးရမနေနိုင်တဲ့ရောဂါကိုမိမိဘာသာကျော်လွှားဖြတ်သန်းဖို့ရာကတော့ တော်တော်ကိုခက်ခဲပါတယ်။ ကုသမှုခံယူခြင်းမရှိခဲ့ပါကမခိုးရမနေနိုင်တဲ့ရောဂါဟာတအားကိုရှည်ကြာသွားနိုင်ပါတယ်။

    မခိုးရမနေနိုင်တဲ့ရောဂါကိုကုသခြင်းမှာဆေးပေးပြီးကုသခြင်း၊စိတ်ကိုကုသပေးခြင်း၊တစ်ခါတစ်လေတော့ အဲ့လိုရောဂါရှင်တွေစုထားတဲ့ အုပ်စုလေးတွေမှာစကားပြောပေးခြင်းနဲ့ကုလို့ရပါတယ်။ သို့သော်လည်း မခိုးရမနေနိုင်တဲ့ရောဂါကိုဘယ်ဟာနဲ့တော့အကောင်းဆုံးထားပြီးကုလို့ရပါတယ်လို့မရှိသေးပါဘူးစစ်တမ်းကောက်ယူသူတွေကတော့ ဘယ်အရာနဲ့ကုရင်အဆင်ပြေဆုံးဖြစ်မလဲဆိုတာသိဖို့ကြိုးစားနေကြတုန်းပါပဲ။

    သင့်အနေနဲ့လည်း သင့်အတွက်အဆင်ပြေဆုံးဖြစ်မယ့် ကုသမှုမျိုးစုံကို ကြိုးစားပြီးလုပ်ကြည့်သင့်ပါတယ်။

    မခိုးရမနေနိုင်တဲ့စိတ်ကိုမိမိအနေနဲ့ဘယ်လိုထိန်းချုပ်တားစီးနိုင်မလဲ

    သင်ကအထူးကျွမ်းကျင်သူတွေဆီကနေကုသမှုခံယူပြီးမှန်ကန်တဲ့ထိန်းချုပ်နိုင်တဲ့စိတ်ရအောင် သင့်ကိုယ်သင်ဂရုစိုက်ပြီးအောက်ကအချက်တွေကိုလိုက်နာနိုင်ပါတယ်။

    1. ကုသမှုကိုသေချာစွာခံယူပါ။ ဆေးသောက်ပါဆိုရင်သေချာသောက်ပြီးသူတို့ရဲ့အချိန်ဇယားအတိုင်းချိန်းတဲ့ အချိန်တိုင်းတက်ရောက်ပေးပါ။
    2. ကိုယ့်ဘာသာသိနားလည်အောင်လုပ်ပါ။

    မခိုးရမနေနိုင်တဲ့ရောဂါအကြောင်းကိုသေချာသိအောင်လုပ်ပါဒါမှသင်က အန္တရာယ်ဖြစ်စေတဲ့အချက်တွေ၊ဖြစ်လာနိုင်စေတဲ့ အဖြစ်အပျက်တွေ။ ကုသမှုအကြောင်းအရှာုတွေကိုသင်သေချာနားလည်နိုင်မှာဖြစ်ပါတယ်။

    1. ဘာတွေကသင့်ကို ခိုးချင်တဲ့စိတ်ကိုဖြစ်စေတာလဲ

    သင့်ရဲ့ခိုးချင်တဲ့စိတ်ကိုဖြစ်စေတဲ့ ခံစားချက်တွေ၊အတွေးတွေ၊အခြေအနေတွေကို ဖော်ထုတ်ပါ အဲ့ဒါမှပဲ သင်ကထိုအချက်တွေကိုလိုက်ပြီး စီမံဆောင်ရွက်နိုင်မှာမို့ပါ။

    ဆေးသုံးစွဲခြင်းနဲ့ တစ်ခြားစိတ်ရောဂါပြသနာများရှိခဲ့ပါက ကုသမှုခံယူပါ။

  • ကျန်းမာရေးကောင်းစေတဲ့ ထွက်ပေါက်ကိုရှာပါ။
  • သင့်ရဲ့ခိုးချင်တဲ့စိတ် ခါးပိုက်နှိုက်ချင်တဲ့ဆန္ဒကို လျှော့ချနိုင်ဖို့အတွက် လေ့ကျင့်ခန်းများလုပ်ခြင်း တစ်ခြားအပန်းဖြေနိုင်တဲ့နည်းလမ်းတွေနဲ့ ရှာဖွေဖော်ထုတ်ကြည့်ပါ။

    1. သက်တောင့်သက်သာနေထိုင်တတ်ဖို့နဲ့ စိတ်ဖိစီးမှုလျှော့ချဖို့လေ့လာပါ။

    တရားမှတ်ခြင်း၊ယောဂဆော့ခြင်း၊ထိုက်ချိ ဆော့ကစားခြင်းတို့နဲ့ စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ကြိုးစားပါ။

    သင့်ရဲ့ရည်မှန်းချက်မှာသေချာအာရုံစိုက်ပါ။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    မိမိချစ်ရတဲ့လူတွေကိုဘယ်လိုကူညီထောက်ပံ့မလဲ။

    တစ်ကယ်လို့သင်ချစ်ခင်ရတဲ့လူတစ်ယောက်ယောက်ကမခိုးရမနေနိုင်တဲ့ရောဂါအနေနဲ့ ကုသမှုခံယူနေရတယ်ဆိုရင် သင်ကသူတို့ရဲ့ကုသတဲ့ အစီအစဉ်တွေကိုအသေးစိတ်နားလည်သိရှိအောင်လုပ်ပါ ပြီးတော့သူတို့အောင်မြင်စွာလုပ်နိုင်တာကိုအားပေး ပါ။ သင်ချစ်ခင်ရတဲ့လူရဲ့ ကုသမှုအတန်းတွေကိုကူညီပြီးလိုက်တက်ပေးခြင်းအားဖြင့် သူတို့ကိုဘာတွေကခိုးချင်စိတ်ဖြစ်အောင်လုပ်ပေးနေသလဲဘာတွေနဲ့ မခိုးချင်အောင်လုပ်နိုင်မလဲတားနိုင်မလဲဆိုတာတွေသိရတော့ ပိုပြီးအကုူအညီရနိုင်ပါတယ်။

    မခိုးရမနေနိုင်တဲ့ရောဂါကိုဘယ်လိုတားဆီးကြမလဲ

    မခိုးရမနေနိုင်တဲ့ရောဂါကိုဘယ်အရာကဖြစ်စေလဲဆိုတာသေချာမသိတာကြောင့် ဘာတွေနဲ့တားရမလဲဆိုတာလဲရေရေရာရာ ပြောလို့မရသေးဘူးဖြစ်နေပါတယ်။ မခိုးရမနေနိုင်ဖြစ်လာတာနဲ့တစ်ပြိုင်နက် ကုသမှုခံယူလိုက်မယ်ဆိုရင် မခိုးရမနေနိုင်တဲ့ရောဂါဖြစ်တဲ့အထိမရောက်နိုင်ပဲ ၎င်းရဲ့အကျိုးဆက်တွေ ဆိုးဝါးတဲ့နောက်ဆက်တွဲဖြစ်စဉ်တွေကိုလည်းတားပေးနိုင်မှာပါ။

    (တကယ်လို့သင့်မှာမေးစရာတွေရှိခဲ့တယ်ဆိုရင် သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ဘယ်ဟာကသင့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာသိနိုင်အောင်လုပ်ပါ။)

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Sandy Kyaw မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement