backup og meta

ကျုပ်သားက ဂေးနေတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျုပ်သားက ဂေးနေတယ်

    ကျုပ်သားက ဂေးနေတယ်

    ပွင့်လင်းလာတဲ့ ဒီဘက် ခေတ်ကြီးမှာ အတွေ့ရ အများဆုံး ပြဿနာပါ။ သားကို ချစ်တဲ့စိတ်က တစ်ဖက်၊ သားက LGBT ဖြစ်နေတာကို လက်မခံနိုင်တာက တစ်ဖက် နဲ့ ကိုယ့်စိတ်နဲ့ကိုယ် လွန်ဆွဲနေရတဲ့ မိဘတွေအတွက် ကိုယ့်သား/သမီးကသာ လိင်တူချစ်သူ ဖြစ်နေခဲ့ရင် ဘယ်လို ဖြေရှင်းရမယ် ဆိုတဲ့ အကြောင်း လိုရင်းတိုရှင်း အချက်လေးတွေနဲ့‌ ဖော်ပြပေးလိုက် ပါတယ်။

    ကျုပ်သားက ဂေးနေတယ် …… ဘယ်လို လုပ်ရမလဲ။

    ပထမဆုံး အနေနဲ့တော့ လိင်တူချစ်တယ် ဆိုတာ သဘာဝပဲလို့ လက်ခံပေးလိုက်ပါ။ ရုပ်ရှင်တွေထဲကလို မိန်းကလေးတွေနဲ့ (လိင်ကွဲတွေနဲ့) တွေ့ပေးတာများရင် ပြန်ဖြောင့်သွားမလားလို့ မတွေးပါနဲ့။ ကွေးပြီးသားလူတွေက ပြန်ဖြောင့်ရိုးထုံးစံ မရှိပါဘူး။

    ဒါကြောင့် သူကသာ တကယ် လိင်တူချစ်သူ ဖြစ်ပါတယ်ဆိုတာ သေချာခဲ့ရင် အတတ်နိုင်ဆုံး အမြင် ကျယ်ကျယ် ဖွင့်ကြည့်ပြီးသာ လက်ခံနိုင်ဖို့ ကြိုးစားလိုက်ပါ။ ကိုယ့်မမြင်ကွယ်ရာမှာ တစ်ခုခု ဖြစ်သွားမှာထက် ကိုယ့်မျက်စိအောက်မှာ ဂရုစိုက်ပြီး သူဖြစ်ချင်တာလေးတွေ ပံ့ပိုးပေးရတာက ပိုပြီး ရင်အေးရတယ် မဟုတ်လား။ တင်းလွန်းရင် ပြတ်တတ်တယ် ဆိုတာကို အမြဲ စိတ်သွင်းထားလိုက်ပါ။

    ကိုယ့်သား/သမီးကို ပတ်ဝန်းကျင်က ဝိုင်းပြောကြမှာ၊ ဖယ်ကြဉ်ထားကြမှာကို စိတ်ပူတယ်၊ မလိုလားဘူး ဆိုတာက မိဘတိုင်းရဲ့ စေတနာပါပဲ။ ပြီးတော့ ဒီလို လိင်တူချစ်သူ ဖြစ်ခြင်းအားဖြင့် သူတို့မှာ အပေါင်းအသင်း၊ သူငယ်ချင်းတွေ မရှိတော့မှာ၊ သူတို့ မပျော်ရွှင်တော့မှာကို စိုးရိမ်တာကလည်း ဖြစ်သင့်တာပါပဲ။ ဒါပေမဲ့ ပွင့်လင်းလာတဲ့ ဒီဘက်ခေတ်ကြီးရဲ့ လူငယ်ထု ထဲမှာတော့ ဒီလို ခွဲခြားဆက်ဆံတာတွေက နည်းပါး သွားပါပြီ။

    ပြီးတော့ လိင်တူချစ်သူ ဖြစ်တာနဲ့ မြေး မချီရမှာကိုလည်း မစိုးရိမ်ပါနဲ့။ နည်းပညာတွေက အလွန်တရာ တိုးတက်နေပြီမို့လို့ သူတို့သာ လိုချင်ခဲ့မယ်ဆိုရင် ကလေးဘယ်နှယောက်ဖြစ်ဖြစ် လိုချင်တဲ့အချိန်မှာ ရနိုင်ပါပြီ။ ဒါကြောင့် အရမ်း စိတ်မပူပါနဲ့။ အထိုက်အလျောက်သာ ဘေးက ထိန်းပေးပါ။

    သူတို့ စိတ်ထဲမှာ လုံခြုံမှု မခံစားရဖို့အတွက် သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံတဲ့အကြောင်း၊ သူတို့ကို ချစ်တယ်ဆိုတဲ့ အကြောင်း နှုတ်နဲ့ရော အပြုအမူနဲ့ပါ ပြပေးပါ။

    အတင်း ဖိအားပေးတာမျိုး၊ လိင်စိတ်တိမ်းညွှတ်မှုကို အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ အချိန်ပေးဖို့ ကလေးတွေဆီက တောင်းဆိုရတာက ရှက်စရာ မဟုတ်ပါဘူး။ အချိန် သေချာ ယူပြီး သူတို့ကိုရော ကိုယ့်ကိုယ်ကိုပါ ကူညီပါ။

    သူတို့ ရင်ဆိုင်ရမယ့် ပတ်ဝန်းကျင်က ဖိအားတွေ၊ ခွဲခြားဆက်ဆံမှုတွေအကြောင်း သူတို့ကိုယ်တိုင် နားလည်လာအောင် ပြောပြပါ။

    ဘယ်လိုပဲ သင်နဲ့ ကလေးကြားမှာ သဘောထားချင်း မတိုက်ဆိုင် နေပါစေ၊ သင့်ဆီက စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့၊ ကူညီမှုကို သူတို့ လိုပါတယ်။ ခွဲခြားဆက်ဆံခံရတဲ့အခါ သူတို့ဘက်က ရပ်တည်ပါ။ လိင်တူချစ်ခြင်းဟာ အပြစ် မဟုတ်ကြောင်း သိပါစေ။

    ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ စိတ်မလုံခြုံမှု၊ စိတ်ကျရောဂါကိုယ့်ကိုယ်ကိုယ် ချစ်မှု အားနည်းခြင်း နဲ့ အခြားပြဿနာတွေ ဝင်လာတဲ့အခါ ချက်ချင်း ဆွေးနွေးကုသမှု ခံယူပါ။

    LGBT အဖွဲ့အစည်းတွေ အများကြီး ရှိနေပြီဖြစ်သလို အောင်မြင်နေတဲ့ LGBT တွေလည်း အများကြီးပါပဲ။ အကူအညီ လိုအပ်မယ်ဆိုရင် LGBT အဖွဲ့အစည်းတွေဆီမှာ အချိန်မရွေး တောင်းခံလို့ ရနေတဲ့အကြောင်း ကိုယ်တိုင်ရော ကလေးတွေကိုပါ သိနေပါစေ။

    လူလူချင်း လေးစားသမှုနဲ့ ဆက်ဆံကြတဲ့ ကမ္ဘာသစ်ကြီးကို အားလုံး လက်တွဲညီညီနဲ့ ဖန်တီးနိုင်မှာပါ။

    Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement