backup og meta

Homophobia - လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Homophobia - လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း

    Homophobia – လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဂေးဖြစ်ခြင်း၊ တစ်နည်းအားဖြင့် လိင်တူ ချစ်သူ ဖြစ်ခြင်း၊ လိင်တူ၊လိင်ကွဲ နှစ်မျိုးလုံးကို ချစ်ခြင်း စတာတွေကို မုန်းတီးရွံရှာပြီး ခွဲခြားဆက်ဆံတာ၊ နှိမ့်ချပြောဆိုတာ၊ ဖယ်ကြဉ်ထားတာတွေဟာ Homophobia တွေရဲ့ လက္ခဏာတစ်ခုပါ။ ထပ်ပြီး ရှင်းအောင်ပြောရရင် လိင်တူချစ်သူ အမျိုးသမီးတွေ၊ အမျိုးသားတွေကို မုန်းတီးကြောက်ရွံ့ ရွံရှာခြင်း စိတ်ဝေဒနာ တစ်ရပ်ပါပဲ။ Homophobia ကို အမျိုးသမီးတွေထက် အမျိုးသားတွေမှာ တွေ့ရတာ ပိုများပါတယ်။

    Homophobia – လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း

    Homophobia – လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း  ပြဿနာဟာ ဘာကြောင့် ဖြစ်လာသလဲဆိုတာကိုတော့ မရှင်းလင်းသေးပေမဲ့ စစ်တမ်းတွေ၊ စိတ်ပညာဆိုင်ရာ ဖြေရှင်းချက်တွေအရတော့ Homophobia ဟာ စိုးရိမ်ပူပန်မှုကို အခြေခံတဲ့ ဖြစ်စဉ်တစ်ရပ်လို့ သုံးသပ်ကြပါတယ်။ ကိုယ့်ကိုယ်ကို လိင်တူချစ်သူတစ်ဘောက်လို့ လက်ခံရမှာ ဒါမှမဟုတ် လိင်တူချစ်သူ ဖြစ်သွားမှာကို အစိုးရိမ်လွန်ကြခြင်းက Homophobia ကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့လည်း စစ်တမ်းတစ်ခုက ဆိုပါတယ်။ ကိုယ်တိုင်ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုကို သိလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာထားခြင်း၊ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုတွေကို အတင်း ချိုးနှိမ်ဖိနှိပ်ခြင်းတွေနဲ့ ဒီစိတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားနေရခြင်းတွေက နောက်ဆက်တွဲ Homophobia ကို ဦးတည်နေတဲ့ ဖြစ်စဉ်တွေပါပဲ။

    လိင်တူ ချစ်ခြင်းကို ဟိုးအရင်က စိတ်ဝေဒနာ တစ်ရပ်အဖြစ် သတ်မှတ်ခဲ့ပေမဲ့ ခုချိန်မှာတော့ သဘာဝဖြစ်စဉ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ပြင်းထန်တဲ့ Homophobia ရှိသူတွေကိုတော့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာရှိသူတွေ အဖြစ် သတ်မှတ်ထားကြပါတယ်။

    ပြင်းထန်တဲ့ Homophobia ရှိသူတစ်ယောက်ဟာ လိင်တူချစ်သူတွေကို ရည်ရွယ်တဲ့ အကြမ်းဖက်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းဆဲမှုတွေ၊ နှုတ်အားဖြင့် စော်ကားညှဉ်းပန်းမှုတွေ၊ ခွဲခြား ဆက်ဆံမှုတွေ ပြုလုပ်နိုင်ခြေ အလွန်များပါတယ်။ ၂၀၁၅ မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရလည်း Homophobic (Homophobia ရှိသူ) တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းတဲ့သူတွေ၊ မရင့်ကျက်တဲ့သူတွေ ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ Homophobia တွေဟာ များသောအားဖြင့် အသက်ကြီးသူ၊ ရှေးရိုးစွဲသူ၊ ပညာရေး နိမ့်ပါးသူတွေနဲ့ LGBT+ တွေနဲ့ မပေါင်းသင်း မဆက်ဆံဖူးတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။

    နောက်ပြီး AIDS ရောဂါဟာ လိင်တူချစ်သူတွေကနေ ပျံ့နှံ့ခဲ့တာပါဆိုတဲ့ ကောလဟာလတွေကလည်း Homophobia တွေအတွက် ထောက်ပြစရာတစ်ရပ်လို ဖြစ်နေခဲ့ပါသေးတယ်။ ဒီကိစ္စဟာ မမှန်ဘူးဆိုတာ သိတဲ့နောက်မှာတောင် လူထုကြား ပျံ့နှံ့စိမ့်ဝင်နေခဲ့ပြီး ဖြစ်တာမို့ လိင်တူချစ်သူတွေကို မုန်းတီးတဲ့ စိတ်တွေက အမြစ်တွယ်နေဆဲ ဖြစ်နေတာပါ။

    LGBT တွေဆိုတာ မွေးကတည်းက ဒီလို ဖြစ်တည်လာတာပါလို့  Homophobia တွေကို သွားပြောပြလို့ မရနိုင်ပါဘူး။ သူတို့ရဲ့ အသိရေချိန်ထဲမှာတော့ ယောက်ျားဟာ မိန်းမကိုသာ သဘောကျရမယ်၊ မိန်းမက ယောက်ျားကိုသာ နှစ်သက်ရမယ်လို့ မွေးကတည်းက ပါလာတာဖြစ်ပြီး လိင်တူချစ်ခြင်းဟာ ပတ်ဝန်းကျင်ကြောင့်၊ အပေါင်းအသင်းတွေကြောင့် ဖြစ်လာတာပါလို့ စွဲထင်နေကြတာပါ။ ဒီရောဂါကို ကုသဖို့နည်းလမ်းဆိုတာကတော့ သူတို့ကိုယ်တိုင် တစ်ဦးချင်း လက်ခံနိုင်မှသာ အစွဲပြုတ်နိုင်မယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာမို့ စိတ်ရှည်သည်းခံ ရှင်းပြပြီး ပညာပေးနိုင်မယ့် နည်းလမ်းတစ်ခုသာ ရှိပါတယ်။

    အမြင်ကျယ်ကျယ်နဲ့ မျက်လုံးတွေ ဖွင့်ကြည့်ပြီး သဘာဝကို လက်ခံနိုင်ကြပါစေ။

    Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement