backup og meta

EQ မြင့်အောင် ဘယ်လိုလုပ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    EQ မြင့်အောင် ဘယ်လိုလုပ်မလဲ

    Emotional intelligence (EQ) ဆိုတာဟာ သင်ဘယ်လောက် ခံစားမှုတွေကို ဖေါ်ပြနိုင်လဲ ဆိုတာနဲ့ စိတ်ဖိစီးမှုများနေတဲ့ အခြေအနေတွေမှာတောင် ဒီစိတ်ခံစားမှုတွေကို အပြုသဘောနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်လဲ ဆိုတာပဲဖြစ်ပါတယ်။ EQ မြင့်တဲ့သူတွေဟာ လူတွေနဲ့ ထိရောက်စွာ ဆက်သွယ်နိုင်ခြင်း၊ သူတစ်ပါးကို ကိုယ်ချင်းစာခြင်း၊ စိန်ခေါ်မှုတွေကို အောင်မြင်နိုင်ခြင်းနဲ့ အငြင်းပွားမှုတွေကို လျော့စေတဲ့ အရည်အချင်းရှိပါတယ်။ သိမြင်ခြင်းနဲ့ နားလည်ခြင်းဟာ သင်အခြားသူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဘယ်လိုတွေးလဲ၊လွှမ်းမိုးလဲဆိုတဲ့ စကားပြောခြင်းမပါတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။

    IQ နဲ့ မတူတာကတော့ EQ ဟာ မွေးကတည်းက ပါလာတာမျိုးမဟုတ်ပဲ သင်ယူလို့ ရနိုင်ပါတယ်။ EQ ကို သင်ယူခြင်းနဲ့ ပြန်လည်အသုံးချခြင်းဟာ မတူညီဘူးဆိုတာ သိထားသင့်ပါတယ်။ စိတ်ဖိစီးစဉ်မှာ ပြုလုပ်တဲ့ အပြုအမူတွေကို အပြီးတိုင် ပြောင်းလဲနိုင်ဖို့အတွက် အဲဒီအချိန်မှာ နဲ့ စိတ်ပိုင်းဆိုင်ရာအရ သတိထားနေတဲ့အချိန်မှာ ဆက်ဆံမှုတွေကို ထိန်းသိမ်းဖို့ စိတ်ဖိစီးမှုကို ဘယ်လို ကျော်လွှားမလဲဆိုတာကို သင်ယူဖို့ လိုအပ်ပါတယ်။

    အအောင်မြင်ဆုံး (သို့) ဘဝမှာ အပြည့်စုံဆုံးသူတွေဟာ အတော်ဆုံးသူတွေ မဟုတ်ကြပါဘူး။ ပညာရေးပိုင်းမှာ ထူးချွန်လွန်းသူတွေဟာ လူမှုရေး၊ အလုပ်တွေ၊ ဆက်ဆံမှု ပိုင်းဆိုင်ရာတွေမှာ ညံ့ဖျင်းကြတာ တွေ့ဖူးမှာပါ။ IQ ဟာ သူတစ်ခုတည်းက ဘဝမှာ အောင်မြင်ဖို့ မလွယ်ကူပါဘူး။ ဟုတ်ပါတယ်။ IQ ဟာ သင့်ကို ကောလိပ်တက်ရအောင်တော့ ကူညီပေးပါလိမ့်မယ်။ ဒါပေမယ့် EQ ကသာ နောက်ဆုံးစာမေးပွဲနဲ့ ရင်ဆိုင်ရချိန်မှာ စိတ်ဖိစီးမှုနဲ့ စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ IQ နဲ့ EQ ဟာ အတူတကွ ရှိနေပြီး သူတို့နှစ်ခု အမြင့်ဆုံး ဖြစ်ပြီး တစ်ခုနဲ့ တစ်ခု အထောက်အပံ့ဖြစ်ရင် အကောင်းဆုံးဖြစ်ပါတယ်။

    EQ ဟာ ဘာကို သက်ရောက်မှု ရှိပါသလဲ။

    ကျောင်း (သို့) အလုပ်မှာ သင့်ရဲ့ စွမ်းဆောင်ရည်

    EQ ဟာ သင့်ကို အလုပ်ခွင်မှာ လူမှုရေးအရှုပ်ထွေးတွေကို ဖြေရှင်းပေးရုံသာမက သူများတွေကို ဦးဆောင်ပြီး စိတ်တက်ကြွစေကာ သင့်အလုပ်မှာ အောင်မြင်စေပါတယ်။ တကယ်တမ်းတော့ အလုပ်ခန့်တဲ့အခါမှာ EQ ကို အလုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသာမက အရေးကြီးတဲ့အချက်တစ်ခုအဖြစ် မှတ်ယူကြပြီး အလုပ်မခန့်ခင် EQ စစ်ဆေးခြင်း ကို ပြုလုပ်ကြပါတယ်။

    သင့်ကျန်းမာရေး

    တကယ်လို့ သင့်စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် စိတ်ဖိစီးမှုကိုလည်း ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါဟာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေပါတယ်။ မထိန်းနိုင်တဲ့ စိတ်ဖိစီးမှုဟာ သွေးပေါင်တက်စေခြင်း၊ ကိုယ်ခံအားနည်းစေခြင်း၊ နှလုံးရောဂါ၊လေဖြတ်ခြင်းတွေ ပိုဖြစ်စေခြင်း၊ ကလေးမရနိုင်ခြင်း၊ အသက်ကြီးမြန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ EQ ကို တိုးတက်စေဖို့ ပထမ အချက်ကတော့ စိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ သင်ယူရမှာ ဖြစ်ပါတယ်။

    သင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး။ ထိန်းချုပ်မရနိုင်တဲ့ ခံစားချက်တွေနဲ့ စိတ်ဖိစီးမှုတွေဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်ပါပြီး စိတ်ပူခြင်းတွေ၊ စိတ်ကျခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ခံစားချက်တွေကို နားမလည်နိုင်ရင်၊ သက်တောင့်သက်သာ မဖြစ်ရင်၊ မထိန်းချုပ်နိုင်ရင် ကောင်းမွန်တဲ့ ဆက်ဆံမှုကို ရရှိမှာ မဟုတ်ပဲ တစ်ယောက်တည်း အထီးကျန်မှုကို ခံစားရမှာဖြစ်ပါတယ်။

    သင့်ဆက်ဆံမှုရေး

    သင့်ခံစားချက်တွေကို နားလည်ပြီး ထိန်းချုပ်နိုင်ခြင်းအားဖြင့် သင်ဟာ သင်ဘယ်လိုခံစားရတယ်ဆိုတာကို ပိုမိုဖေါ်ပြနိုင်ပြီး အခြားသူတွေ ဘယ်လိုခံစားရတယ်ဆိုတာကိုလည်း ပိုမို နားလည်လာနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေပြီး သင့်အလုပ်ခွင်မှာရော ကိုယ်ပိုင်ဘဝမှာပါ အဆင်ပြေလာမှာဖြစ်ပါတယ်။

    EQ မှာ ဘာတွေ ပါဝင်ပါသလဲ။

    မကောင်းတဲ့ခံစားချက်တွေကို လျှော့ချနိုင်ခြင်း

    EQ မှာ မကောင်းတဲ့ခံစားချက်တွေကို ကောင်းစွာထိန်းချုပ်နိုင်ခြင်းထက် ပိုအရေးကြီးတဲ့ အရာမရှိပါဘူး။ ဒါဆို လူတွေကိုရော သူတို့ရဲ့ ဆုံးဖြတ်ချက်တွေမှာပါ ဆိုးကျိုးဖြစ်စေမှာ မဟုတ်တော့ပါဘူး။ ကိစ္စတစ်ခုကို ဘယ်လိုခံစားမလဲဆိုတာ ပြောင်းလဲဖို့အတွက်တော့ ပထမဆုံး ပြောင်းလဲဖို့ကတော့ ကိုယ်တွေးပုံတွေးနည်းပဲ ဖြစ်ပါတယ်။

    တည်ငြိမ်စွာ နေနိုင်ခြင်းနဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ခြင်း

    လူအများစုဟာ ဘဝမှာ စိတ်ဖိစီးမှုကို ခံစားဖူးကြပါတယ်။ စိတ်ဖိစီးစရာကောင်းတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းခြင်းဟာ မိမိကိုယ်ကိုယ် ယုံကြည်ခြင်းနဲ့ တုန့်ပြန်ခြင်း၊ နေသားတကျရှိခြင်းနဲ့ ခြေကုန်လက်ပန်းကျခြင်း တို့ ကွာခြားသလိုပဲ ကွာခြားမှုကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု ရှိပြီဆိုရင် စိတ်ထဲမှာ မှတ်ထားမယ့် အရေးအကြီးဆုံးအချက်ကတော့ တည်ငြိမ်အောင် နေဖို့ပဲဖြစ်ပါတယ်။

    မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းနဲ့ လိုအပ်တဲ့အခါ ခက်ခဲတဲ့ ခံစားမှုတွေကို ထုတ်ပြတတ်ခြင်း။

    တခါတရံမှာတော့ လူတွေဟာ ကိုယ်ဘယ်နေရာမှာ ရပ်နေတယ်၊ ဘာကိုယုံကြည်တယ်ဆိုတာ ပြသဖို့အတွက် စည်းတွေသတ်မှတ်ထားဖို့လည်း အရေးကြီးပါတယ်။ ငြင်းဖို့လိုတဲ့ အခြေအနေတစ်ခုအတွက် အပြစ်ရှိသူလို ခံစားနေဖို့မလိုပဲ အပြတ်ငြင်းနိုင်ခြင်း၊ အရေးကြီးတဲ့အချက်တွေကို အရေးကြီးတယ်လို့ သိခြင်း၊ ကိုယ်ပေးခဲ့တဲ့အရာတွေအတွက် ပြန်လည်ရယူလိုခြင်း၊ ဖြစ်လာမယ့် အန္တရာယ်တွေက မိမိကိုယ်ကို ကာကွယ်ခြင်းတွေ ပါဝင်ပါတယ်။

    တက်တက်ကြွကြွ နေထိုင်ခြင်း

    လူအများစုဟာ အကျိုးအကြောင်းမသင့်တဲ့လူတွေကို ဘဝတာမှာ တွေ့ကြရမှာပါ။ ပေါင်းသင်းဖို့ ခက်ခဲရတဲ့သူတွေနဲ့ အလုပ်မှာ (သို့) အိမ်မှာ ဆက်ပေါင်းနေရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါဟာ ဒီလူကြောင့် ပျော်ရွှင်မှုတွေကို ပျက်စီးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါဆို ဒီလိုအခြေအနေတွေကို ဖြေရှင်းဖို့ ဘယ်လိုတက်ကြွစွာနေဖို့ လိုမလဲဆိုတဲ့ နည်းလမ်းတွေပါဝင်ပါတယ်။

    ကံဆိုးခြင်းကနေ ပြန်လည်နိုးထနိုင်စွမ်း

    ဘဝဟာ အမြဲတမ်းတော့ မလွယ်ကူပါဘူး။ ဒါကို အကုန်လုံးသိပြီး ဖြစ်ပါတယ်။ အတွေးတွေ၊ စိတ်ခံစားမှုတွေ၊ အပြုအမူတွေဟာ မျှော်လင့်ခြင်းနဲ့ စိတ်ပျက်ခြင်း၊ အကောင်းမြင်ခြင်းနဲ့ စိတ်ရှုပ်ခြင်း၊ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်း တွေကို ဖြစ်စေပါတယ်။ ကိုင်တွယ်ရ ခက်ခဲတဲ့ အခြေအနေတစ်ခုကို ကြုံတိုင်း ဒီကနေ ဘာ အတွေ့အကြုံရလဲ။ ဘာကိုသင်ယူနိုင်မလဲ။ သမရိုးကျ မဟုတ်ပဲ တွေးရင် ဘယ်အဖြေတွေက ပိုကောင်းလဲ အစရှိတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်ပါတယ်။ ကိုယ်မေးတဲ့မေးခွန်းတွေက အရည်အသွေးကောင်းမွန်လေလေ အဖြေတွေရဲ့ အရည်အသွေးကကောင်းမွန်လေလေပဲဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ မေးခွန်းတွေဟာ သင်ယူမှုနဲ့ အလေးပေးမှုပေါ်မှာ အခြေခံတာဖြစ်ပြီး ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အမြင်တွေကို ရရှိစေနိုင်ပါတယ်။

    ရင်းနှီးတဲ့ ဆက်ဆံမှုတွေမှာ ရင်းနှီးတဲ့ ခံစားချက်တွေကို ဖေါ်ပြနိုင်ခြင်း

    ချစ်ခင်တဲ့ နူးညံ့တဲ့ ခံစားမှုတွေကိုထိရောက်စွာ ဖေါ်ပြနိုင်ခြင်းဟာ ဆက်ဆံမှုတွေကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ဒီအခြေအနေမှာတော့ ထိရောက်ခြင်းဆိုတာဟာ သင့်လျော်တဲ့ ဆက်ဆံမှုတစ်ခုမှာ လူတစ်ယောက်နဲ့ ရင်းနှီးတဲ့ ခံစားမှုတွေကို ဝေမျှနိုင်ခြင်းဖြစ်ပြီး ဒါဟာ စိတ်အားဖြစ်စေကာ အပြုသဘောဆောင်ပြီး အခြားသူတစ်ယောက်က ဒီလိုလုပ်ခဲ့ရင် ကောင်းမွန်စွာ တုန့်ပြန်နိုင်ခြင်းတွေ ပါဝင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement