backup og meta

လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ

    လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ …… လိင်တူစိတ်ဝင်စားသူတွေ အတွက်တော့ ကိုယ့်အနေအထားကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ဖို့က အကြီးမားဆုံး စိန်ခေါ်မှု အခက်အခဲပါပဲ။ ဒီသတင်းကို ကြားရရင် ကိုယ့်မိသားစုနဲ့ အသိမိတ်ဆွေတွေက ဘယ်လို တုံ့ပြန်လာလေမလဲ ဆိုတာ စိုးရိမ်မိတာ သဘာဝ ကျပါတယ်။

    လူမှုရေး လောကရဲ့ဝေဖန်ပြောဆိုမှုတွေကို ကြောက်တာနဲ့ပဲ သင့်အနေအထားကို ပြန်ဖုံးကွယ်မိစေပါတယ်။ ဒါပေမယ့် ကိုယ့်အနာဂတ် အတွက် ပြန်စဉ်းစားသင့်ပါတယ်။ ဖွင့်ဟ ဝန်ခံလိုက်တာကပဲ သင့်ရဲ့ချစ်ခင်ရသူတွေ အပေါ် မလိမ်ညာ၊ မကွယ်ဝှက်ဘဲ ရိုးရိုးသားသား ဆက်ဆံနိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။

    လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ

    လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်းဘယ်လိုဝန်ခံမလဲ ဆိုတော့  ဒီလို ဝန်မခံခင်မှာ အရင်ဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် နားလည်အောင် လုပ်ဖို့ပါပဲ။ တချို့က အရမ်း ငယ်ရွယ်သေးတဲ့ အချိန် ကတည်းက ကိုယ့်ရဲ့ လိင်အမျိုးအစားကို သိထားတာတောင် ကိုယ်ဟာ ကျားလား ၊ မလား အချိန် ကြာလာတဲ့အမျှ ခံစားချက် ဇဝေဇဝါ ရှုပ်ထွေးနေဆဲ ဖြစ်နေနိုင်ပါတယ်။

    ကိုယ့်ကိုယ်ကိုယ် သိခြင်းဟာ အပြစ်မကင်းစိတ်၊ ငြင်းပယ်ခံရမှာ ကြောက်ရွံ့စိတ်တို့လို ကိုယ့်ခံစားချက်တွေကို ကျော်ဖြတ် အောင်မြင်ရမယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါ တယ်။ ဒီအခြေအနေကို မဖြေရှင်းနိုင်ရင် ဆွေးနွေးတိုင်ပင် လို့ရမယ့် လူကို ရှာပါ။ ကိုယ့်မှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိသူ ပညာရှင်တွေနဲ့ ဆွေးနွေးအကြံပြုချက် တောင်းသင့်ပါတယ်။

    ဖွင့်ထုတ်ဝန်ခံလိုက်တဲ့ စစချင်း အချိန်မှာတော့ အခက်ခဲဆုံး အချိန် ဖြစ်နေနိုင်ပါတယ်။ တစ်လောကလုံးကို အသိမပေးခင်မှာ ကိုယ်နဲ့ အရင်းနှီးဆုံး သူတွေနဲ့ အရင် ပြောဆိုကြည့်ဖို့ ကြိုးစားသင့်ပါတယ်။ မိဘ ဒါမှမဟုတ် ဝမ်းကွဲဆွေမျိုး တစ်ဦးဦးဖြစ်ဖြစ်၊ သူငယ်ချင်း ဒါမှမဟုတ် ဆရာ၊ ဆရာမဖြစ်ဖြစ် ကိုယ်ယုံကြည်ရသူလည်း ဖြစ်၊ ကိုယ့်ကို အကူအညီပေးမယ့် သူလည်း ဖြစ်တဲ့ လူတစ်ယောက်ယောက်ကို ရွေးပါ။

    မေးလာနိုင်မယ့် မေးခွန်းတွေလည်း ကြိုစီထားဖို့ လိုပါတယ်။ သင်ပြောပြလိုက်တဲ့ လူတွေက သင့်ရဲ့ ဘဝသစ်အကြောင်းကို ပိုသိချင်ကြပါလိမ့်မယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် အချက်အလက်တွေ စုပြီး အရာအားလုံးကို အစွမ်းကုန် ရှင်းပြလိုက်ပါ။ ဒါပေမယ့် သူတို့ရဲ့ တုံ့ပြန်မှုက မကောင်းခဲ့ရင် ဒီကိစ္စကို လက်ခံပေးနိုင်ဖို့ သူတို့ကို အချိန်ပေးလိုက်ပါ။ သူတို့အနေနဲ့ လက်ခံပေးဖို့ကို အတင်း မတိုက်တွန်းပါနဲ့။ ဒီလိုမှ မဟုတ်ရင် ပိုလို့တောင် ခါးခါးသီးသီး ငြင်းပယ်ခံရနိုင်ပါတယ်။

    ကိုယ့်ရဲ့နာမည် ဒါမှမဟုတ် ဝတ်ပုံစားပုံကို ပြောင်းလဲဖို့ ရည်ရွယ်ထားတယ် ဆိုရင် ပိုပြီး စိတ်ရှည်ဖို့ လိုပါတယ်။ လူတွေက သင့်ကို သိလာခဲ့တာ ကြာပြီမို့ သင့်ရဲ့ဘဝသစ် ကို လိုက်နားလည် လက်ခံပေးဖို့ မလွယ်လှပါဘူး။ သင်တောင်မှ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ အချိန် အတော် ယူခဲ့ရတာ မဟုတ်လား။ စိတ်ရှည်ပါ ၊ဇွဲရှိပါ။ လူတွေက သင့်ကို နာမ်စားမှားခေါ်နေတဲ့အခါ သူတို့ကို သတိပေးပြီး ပြင်ခေါ်ခိုင်းဖို့ မဝံ့မရဲ ဖြစ်မနေပါနဲ့။ ရိုးသားတဲ့ အမှားလည်း ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်က နာမည်ပြောင်းထားတဲ့အတွက် နောက်ပိုင်း ဥပဒေနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်မလာစေဖို့ ဥပဒေရေးရာ စာရွက်စာတမ်းတွေကို အသစ် ပြင်ဆင်ဖို့ မမေ့ပါနဲ့။

    စနစ်တကျ အစီအစဉ် ရေးဆွဲတာက သင့်အတွက် ဝန်ခံနိုင်ဖို့ ပိုလွယ်စေနိုင်ပါတယ်။ အလောတကြီး လုပ်ဖို့ မလိုပါဘူး။ အချိန်ယူပြီး သေချာပြင်ဆင်ပါ။ အားလုံးပြီးသွားရင်တော့ ဖြစ်လာတာက သင့်ရဲ့ ဘဝပါပဲ။ ကိုယ်မှန်တယ် ထင်တဲ့ အရာကို ကိုယ်လုပ်ခွင့်ရှိပါတယ် (ဥပဒေနဲ့တော့ ညီတဲ့အလုပ် ဖြစ်ရပါမယ်)။ သင်က ထုတ်ဖော် ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ ကိုယ့်ကို အမှန်တကယ် မေတ္တာ မှန်ကန်သူတွေဟာ သင်က ဘာပဲဖြစ်နေပါစေ ဆက်ပြီး ချစ်ခင်နေဦးမှာပဲ ဆိုတာ မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement