အားနာတတ်တာလား? Social Phobia ဖြစ်နေတာလား?

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သင်ဟာ တစ်ဖက်သားကို တစ်စုံတစ်ခု ပြောဆိုရမှာ၊ ပတ်သက်ဆက်နွယ်ရမှာ ထိတွေ့ဆက်ဆံရမှာကို မကြာခန ရှက်ရွံ့စိုးရိမ်မိနေပြီလား။ လူအများအကြားမှာ ပြောရဆိုရ၊ လုပ်ရကိုင်ရမယ့်ကိစ္စတွေကို ဆောင်ရွက်ဖို့ စိုးရွံ့လို့နေပြီလား။

သင်ဘာဖြစ်နေတာလဲ။ အားနာနေတာလား။ ဒါမှမဟုတ် စိတ်ဖိစီးမှုများပြီး Social Phobia များ ဖြစ်နေပြီလား။ ဆန်းစစ်ကြည့်ရအောင်နော်။

Social Phobia ဆိုတာ ဘာလဲ

Social Phobia ကို Social Anxiety Disorder လို့လည်း ခေါ်ဝေါ်သုံးစွဲကြပါတယ်။ စိတ်ပညာဘာသာရပ်မှာတော့ လူမှုအသိုင်းအဝိုင်းအပေါ် စိတ်လွန်ကဲမှု ဝေဒနာရှင်လို့ ခေါ်ဆိုထားပါတယ်။ ဒီရောဂါဟာ စိတ်ဖိစီးမှုနဲ့ ညှဉ်းပမ်းနှိပ်စက်မှုပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက်အဖြစ်အများဆုံး စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ Social Phobia ဟာ တစ်စုံတစ်ယောက် ဒါမှမဟုတ် လူအများအပြားနဲ့ ဆက်ဆံပြောဆိုရမှာကို အကြီးအကျယ် ကြောက်ရွံ့တာ ဒါမှမဟုတ် စိတ်သောကရောက်တာမျိုး ခံစားရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။

ဒီလို စိတ်ဝေဒနာရှိတဲ့သူတွေဟာ လူအများနဲ့ ပြောဆိုဆက်ဆံရတာ၊ လူအများအသုံးပြုနေတဲ့ အိမ်သာစတာတွေကို အသုံးပြုရတာ၊ လူအများရှေ့မှာ Presentations လုပ်ရတာမျိုးတွေတာ၊ လူအများအပြားရှိတဲ့ အစားအသောက်တန်းတွေမှာ စားသောက်ရတာ၊ လူအများအပြားနဲ့ အတူတကွ စားသောက်ရတာ၊ Public Area တွေမှာ ထိုင်ရတာ၊ အများသူငှာနဲ့ ပတ်သက်ရတာတွေကို ရှက်ရွံ့စိတ်သောကရောက်နေတတ်ပါတယ်။ ဒီဝေဒနာ ခံစားနေရသူတွေဟာ လူအများနဲ့ ဆက်ဆံရာမှာ ကိုယ့်ကို အားနည်းတယ်၊ နိမ့်ကျတယ်၊ ဉာဏ်ရည်နိမ့်ပါးတယ်၊ အရည်အချင်းပြည့်မှီမှုမရှိဘူး၊ မထိုက်တန်ဘူးလို့ တွေးမြင်ဆုံးဖြတ်ကြမှာကို စိုးရိမ်လွန်ကဲတတ်ကြသလို တစ်ဖက်သားက မိမိအပေါ် လေးစားမှုမပြသကြမှာကိုလည်း စိုးရိမ်တတ်ကြပါတယ်။

ဒီလူတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တစ်စုံတစ်ရာကို တစ်ခြားတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူအများက လှောင်ပြောင်မှာ၊ ဟာသလုပ်မှာ၊ နှောင့်ယှက်ကြမှာကိုလည်း အထူးစိုးရိမ်တတ်ပြီး တစ်သီးတစ်သန့်နေရဖို့ အမြဲကြိုးပမ်းလေ့ရှိပါတယ်။ ဒီလိုပြုမူ နှောင့်ယှက်ခံရရင်လည်း စိုးရိမ်သောက ကြီးစွာရတတ်ပြီး စိတ်ဒါဏ်ရာအဆင့်အထိ ရောက်သွားတတ်ပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်း ပြင်းထန်လျှင်မြန်လာတတ်ပြီး နှလုံးရောဂါဝေဒနာမျိုးလည်း ကြုံရတတ်ပါတယ်။

အားနာတတ်တာနဲ့ Social Phobia က တူသလား

ယျေဘုယျ သဘောအရ ပြောရမယ်ဆိုရင် မတူညီပါဘူး။ အားနာတတ်တာဟာ သူတပါး မိမိကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်တဲ့စိတ် ဖြစ်ပါတယ်။ လူအများနဲ့ ဆက်ဆံပြောဆိုရမှာကို တွန့်ဆုတ်တယ်ဆိုပေမယ့် ကိုယ့်ကြောင့် တဖက်သား စိတ်ကသိကအောင့်ဖြစ်မှာကို ကြိုတင်စိုးရိမ်နေတာမျိုး၊ ကိုယ့်ကိုယ်ကို သတိအလွန်အကျွံထားမိနေတာမျိုး ဖြစ်ပါတယ်။ Social Phobia ကတော့ သူတပါးကြောင့် မိမိ ကိုယ်၊ စိတ်နှစ်ပါး ထိခိုက်ခံစားရမှာကို စိုးရိမ်ထိတ်လန့်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်ခုစလုံးဟာ မပွင့်လင်းတဲ့ စိတ်အခံကို အခြေခံထားပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် စိတ်ဖိစီးမှုကြုံရတာခြင်းတော့ တူညီပါတယ်။ နှစ်မျိုးနှစ်စားလုံးဟာ လူ့အဖွဲ့အစည်းအတွင်း ဝင်ဆန့်ဖို့ ရုံးကန်နေရတဲ့အခြေအနေမျိုးမှာ အကျပ်အတည်းတွေ့နေသူတွေချည်းဖြစ်ပါတယ်။

Social Phobia ဝေဒနာခံစားနေရတဲ့ လက္ခဏာတွေက ဘာတွေလဲ

Social Phobia ဝေဒနာခံစားနေရပြီဆိုရင် “Fight or Flight” တုန့်ပြန်မှုမျိုးတွေ ရှိလာပါလိမ့်မယ်။ ရှက်ရွံ့လွန်ပြီး ရှောင်ပြေးသွားတာနဲ့ ကမူးရှူးထိုး ပြန်လည်တုန့်ပြန်တာမျိုးတွေပါ။ ဒီဝေဒနာစွဲကပ်နေသူတွေဟာ အလွန်းအမင်းစိတ်လှုပ်ရှားလာချိန်တွေမှာ မူးဝေတာ၊ ချွေးပြန်တာ၊ ခန္ဓာကိုယ်အေးစက်လာတာ၊ နှလုံးခုန်နှုန်းမြန်ဆန်တာ၊ မျက်နှာနီမြန်းလာတာ၊ အသက်ရှူကျပ်လာတာ၊ လည်ပင်းနဲ့ မျက်နှာက ကြွက်သားတွေ တင်းမာလာတာ၊ ဗိုက်အောင့်လာတာ၊ ကြွက်တက်တာ၊ စကားတွေထစ်တာ၊ ပြောမထွက်တာ၊ ရုတ်တရက် သိထားတာတွေ မေ့သွားတတ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒီလိုလက္ခဏာတွေပြသပြီးတဲ့နောက်မှာ ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ခံစားရနိုင်ပြီး ကြောက်ရွံ့မှုလည်းဖြစ်နိုင်ပါတယ်။

ဒီဝေဒနာတွေကို ဘယ်လိုကုစားမလဲ

တစ်စုံတစ်ယောက်ဟာ ဒီလို ဝေဒနာမျိုးရှိနေတယ်၊ ခံစားနေရတယ်ဆိုတာ သိရရင် အကောင်းဆုံး လုပ်ပေးသင့်တာကတော့ နွေးထွေးပြူငှာစွာ ဆက်ဆံတာပါပဲ။ ဒီနည်းလမ်းဟာ Social Phobia ဝေဒနာရှင်တွေကို ကိုင်တွယ်ရာမှာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး သူတို့ဟာ အားနည်းသူတွေမဟုတ်ဘူးလို့ ခံစားရစေနိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ အသက်ရှှုလေ့ကျင့်ခန်းလုပ်ခိုင်းတာဖြစ်ပြီး သူစိုးရိမ်ကြောက်ရွံ့တဲ့ ကိစ္စအကြောင်းကိုလည်း နားထောင်ပေးသင့်ပါတယ်။ သူ့ စိတ်ထဲက အကြောက်တရားတွေကို ဖွင့်ဟစေပြီး နားထောင်ပေးတာကလည်း နည်းလမ်းကောင်းတစ်ခုလို့ WHO က ဆိုထားပါတယ်။

ဒီလိုမဟုတ်ပဲ မှားယွင်းတဲ့ ဆက်ဆံပုံမျိုးတွေနဲ့ ဆက်ဆံမိမယ်ဆိုရင် ဝေဒနာရှင်ဟာ Specific Phobia (သီးသန့် တစ်စုံတစ်ရာကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာ)၊ Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) ၊ Delusional Disorder (ထင်ယောင်ထင်မှား စိတ်ဝေဒနာ) တွေပါ ဆက်လက်ဖြစ်ပွားနိုင်တာမို့ အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လမ်းကြာကြာလျှောက် လို့ ဖြစ်လာတဲ့ ဒဏ်တွေကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

လမ်းကြာကြာလျှောက် တဲ့အခါ ဒီလို ပြဿနာလေးတွေ ကြုံရတတ်တယ်ဆိုပေမယ့် ဒါတွေက ဖြေရှင်းရမခက်ပါဘူး။ ခုပြောထားတာလေးတွေကို လိုက်နာရုံနဲ့တင် သက်သာပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

စိတ်ဖိစီးမှု တွေကြောင့် အိပ်ဖို့ခက်တာက လူတိုင်း ကြုံရတဲ့ ကိစ္စပါ။ ဒါပေမယ့် အားတင်းပြီး အိပ်ပျော်အောင် အိပ်ဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတက်နိုင်ပါသလား။ တကယ်လို့ သွေးတက်ခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုရမလဲ။ သွေးပေါင်မြန်မြန်ချတာက အန္တရာယ်ကင်းရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read
နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read