backup og meta

အော်ငေါက်တဲ့အမူအကျင့်ကို ပြုပြင်ပါ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အော်ငေါက်တဲ့အမူအကျင့်ကို ပြုပြင်ပါ

    သင့်အနေနဲ့ စိတ်ဖိစီးမှုများပြီး စိတ်ရှုပ်နေချိန်၊ အနားယူဖို့ လိုအပ်နေချိန် သင့်ကလေးတွေဟာ အနားမှာ အော်ဟစ်ဆူညံနေမယ် ဆိုရင် သိပ်ပြီး အဆင်မပြေလှပါဘူး။ သင်ပကလေးတွေကို တိတ်တိတ်နေဖို့ ပြောနေပေမယ့် သူတို့က ဂရုမထားတဲ့အခါ နောက်ဆုံး သည်းခံနိုင်စွမ်းကုန်ပြီး ဒေါသနဲ့ အော်ငေါက်မိနိုင်ပါတယ်။

    အော်ငေါက်ခြင်းဟာ တကယ်တမ်းမှာ သိပ်ပြီးအလုပ်မဖြစ်လှပါဘူး။ ဒါ့အပြင် အော်ငေါက် ဆူပူတာများလာရင်လည်း ရိုးသွားနိုင်ပြီး သင့်ကို လစ်လျူရှုလာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးတွေကို လေ့ကျင့်သင်ကြားရာမှာ သိပ်ပြီး အလုပ်မဖြစ်လှတဲ့ အော်ငေါက်ခြင်းကို ပြောင်းလဲဖို့ ကြိုးစားကြပါစို့။

    အော်ငေါက်ခြင်းရဲ့ ဆိုးကျိုး

    အော်ငေါက်ခြင်းကြောင့် သင့်ကလေးတွေအတွက် ဆိုးကျိုးများစွာဟာ မသိမသာ ရရှိသွားနိုင်ပါတယ်။ အော်ငေါက်ခြင်းဆိုတာ ဒေါသထွက်ခြင်းရဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။ ဒေါသထွက်ပြီး စိတ်မထိန်းနိုင်တဲ့အခါ ကလေးများအတွက် နာကျင်စေတဲ့ စကားလုံးများ ထွက်လာနိုင်ပါတယ်။ သင့်ကလေးဟာ ထိရှခံစားလွယ်သူဆိုရင် ပိုပြီး ဒုက္ခပေးပါတယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ပူပန်မှုနဲ့ မိမိကိုယ်ကို သိမ်ငယ်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

    ဒါ့အပြင် အော်ငေါက်ခြင်းဟာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။ သင်ဟာ သူတို့ရဲ့ စံပြုပုဂ္ဂိုလ်ပဲဖြစ်တာကြောင့် ဒီအပြုအမူတွေကို အတုခိုးသွားနိုင်ပါတယ်။ ဒီလိုအော်ငေါက်တဲ့ အကျင့်ကို အမြဲပြုလုပ် နေမယ်ဆိုရင် ဒါဟာ လူမှုဆက်ဆံရေး ပုံစံတခုလို့ ယူဆသွားနိုင်ပါတယ်။ ဒါ့အပြင် ဒီအမူအကျင့်ကို အတုခိုးသွားပြီး နောင်ကြီးပြင်းလာတဲ့အခါ သင့်ကို တန်ပြန်အော်ငေါက်လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးဟာ အော်ငေါက်တတ်သူ ဖြစ်မလာအောင် သင်ကပါ ဆင်ခြင်ဖို့ လိုပါတယ်။

    အော်ငေါက်တဲ့ အကျင့်ကို ဘယ်လိုရပ်မလဲ

    အော်ငေါက်တဲ့အကျင့်ကို ပြင်နိုင်ဖို့ ပထမအနေနဲ့ ဘယ်အရာတွေက သင့်ကိုစိတ်တိုစေသလဲဆိုတာ သိထားသင့်ပါတယ်။ သင့်စကားကို နားမထောင်ခြင်း၊ ဂရုမစိုက်လုပ်တတ်ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တခါတရံမှာ သင်ဟာ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတဲ့အခါ ဖိအားတွေကို ထွက်ပေါက်ပေးတဲ့အနေနဲ့ အော်ငေါက်တတ်တာမျိုးတွေ ရှိပါတယ်။ သင့်ဒေါသရဲ့ ဇစ်မြစ်ကို သိလာရင် ဒီအမူအကျင့်ကို ပိုကောင်းလာအောင် ပြုပြင်နိုင်ပါလိမ့်မယ်။

    ဒုတိယအချက်ကတော့ သင့်အနေနဲ့ ကလေးကို အော်ငေါက်ဖို့စိတ်ပေါ်လာရင် တခြားကို ထွက်သွားလိုက်ဖို့ပါပဲ။ အချိန်နည်းနည်းယူလိုက်ရင် တည်ငြိမ်သွားပြီး သင့်ဒေါသကိုလည်း ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။ ဒီဖြစ်ရပ်ကနေ သင့်ကလေးကို ဘာသင်ယူစေချင်လဲဆိုတာ စဉ်းစားကြည့်ပါ။ အော်ငေါက်ခြင်းဟာ သင်ဘယ်လိုခံစားရလဲဆိုတာပေါ် မူတည်ပြီး ကလေး ဘာလုပ်ခဲ့လဲဆိုတာနဲ့ မတိုင်တဲ့ အပြစ်ပေးခြင်းတမျိုး ဖြစ်လာစေပါတယ်။ ဒီအရာကနေ သင့်ကလေးဟာ ဘာကိုမှ ဟုတ်တိပတ်တိ မသင်ယူနိုင်ပါဘူး။

    သင်တည်ငြိမ်အေးဆေးသွားတဲ့အခါ အပြုသဘောဆောင်တဲ့ပုံနဲ့ပဲ သင့်ကလေးဆီ ပြန်သွားပါ။ ဘယ်အရာက မှန်လဲ၊ ဘယ်အရာကို လက်မခံနိုင်သလဲ ဆိုတာကို အေးဆေးစွာ သေချာ ရှင်းပြပေးပါ။ သင် သူတို့ကို ဘာတွေဖြစ်စေချင်လဲ ဆိုတာ တိတိကျကျပြောပြပါ။ သူတို့ကြီးပြင်းလာပြီး သင်ပြောသမျှကို နားလည်နိုင်မယ့်အချိန်မှာ ပြသနာတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်အောင် အားပေးပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement