backup og meta

အာရုံစူးစိုက်မှုကို တိုးတက်စေမယ့် နည်းလမ်း ၁၂ခု


Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာရုံစူးစိုက်မှုကို တိုးတက်စေမယ့် နည်းလမ်း ၁၂ခု

    အာရုံစူးစိုက်နိုင်မှုဟာသင့်ဘဝအောင်မြင်မှု ရရှိဖို့ မရှိမဖြစ်ပါ။ တစ်ကယ်လို့ သင့်မှာအာရုံမစူးစိုက်နိုင်တဲ့ရောဂါ (ADHD) ရှိခဲ့မယ်ဆိုရင် (သို့) ပုံမှန်ကကိုလျှောက်တွေးနေမိမယ်ဆိုရင် သင်လုပ်ရမယ့်တာဝန်တွေကို ပြီးဆုံးအောင် လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။ သင့်ဦးနှောက်ကို အကောင်းဆုံးအာရုံစူးစိုက်မှု ရနိုင်အောင် ပြုပြင်မရနိုင်သော်လည်း သင့်မှာရှိသလောက်နဲ့ တိုးတက်အောင်လုပ်လို့ရပါတယ်။

    ဘယ်ဟာတွေကိုအရင်လုပ်ရမလဲဆုံးဖြတ်ပါ။

    အာရုံစူးစိုက်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာကိုရေးမှတ်ထားပါ။ ပြီးရင် အရေးကြီးတဲ့ အရာတွေလုပ်ဖို့ သင့်အာရုံကိုအသုံးပြုပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အာရုံစိုက်လို့မရတော့ဘူးဆိုရင်တောင် အရေးမကြီးတဲ့အရာတွေပဲကျန်တော့လို့ ကိစ္စမရှိတော့ပါဘူး။

    အီးမေးလ်တွေဖတ်ဖို့ အချိန်သတ်မှတ်ပါ။

    အီးမေးလ်တွေကိုရောက်ရောက်ချင်းဖတ်မယ့် အစားအီးမေးလ်ရောက်ကြောင်းအသိပေးချက်တွေကိုပိတ်ထားပြီးနောက်မှ အကုန်လုံးဖတ်ဖို့ အချိန်သတ်မှတ်လို့ရပါတယ်။ ဝင်လာတဲ့ အီးမေးလ်တွေဟာသင့်ကိုအာရုံပျက်ပြားစေတာကြောင့် အချိန်တစ်ခုသတ်မှတ်ပြီးဖတ်ခြင်းဟာသင့်ကိုဒုက္ခကင်းဝေးစေပါလိမ့်မယ်။

    ကွန်ပျူတာကိုလည်းအပေါ်ကအတိုင်းပြုလုပ်ပါ။

    တကယ်လို့ သင့်အလုပ်ကကွန်ပြူတာအသုံးပြုဖို့မလိုဘူးဆိုရင် သင့်အလုပ်ကို အွန်လိုင်းပေါ်ကအရာတွေနှောက်ယှက်မှုက ကင်းဝေးအောင် ကွန်ပျူတာသာ ပိတ်ထားလိုက်ပါ။

    ဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေ ထားပါ။

    တကယ်လို့ အလုပ်တစ်ခုကသင့်အတွက် အရမ်းကြီးမားနေပြီး သင့်ကိုစိုးရိမ်စေတယ်ဆိုရင် အလုပ်ကိုကိုယ်ပြီးမြောက်နိုင်တဲ့ သေးငယ်တဲ့အပိုင်းလေးတွေ အဖြစ်ခွဲထားလိုက်ပါ။ ဒါဆိုအလုပ်ကိုသင်လုပ်နိုင်တယ်လို့ ခံစားရပါလိမ့်မယ်။

    အလုပ်လုပ်ဖို့ နေရာရွေးချယ်ပါ။

    မတူညီတဲ့နေရာတွေမှာ အလုပ်လုပ်ခြင်းဟာလည်း သင့်ကိုအာရုံပျက်ပြားစေပါတယ်။ ပြင်ပပတ်ဝန်းကျင်မှာအေးဆေးနေနိုင်ဖို့ စိတ်သက်သာရာရမယ့် နေရာတစ်ခုကိုရွေးချယ်ပါ။

    တိတ်ဆိတ်တဲ့ နေရာတစ်ခုကိုရှာပါ။

    တိတ်ဆိတ်ပြီးသီးသန့်ဖြစ်တဲ့နေရာဟာ အလုပ်လုပ်ဖို့အရေးကြီးတယ်ဆိုတာ သ့င်ခေါင်းထဲထည့်ထားသင့်ပါတယ်။ တခြားတစ်ယောက်နဲ့ အလုပ်အတူတူလုပ်ရမယ်ဆိုရင် အေးဆေးစွာအလုပ်လုပ်တတ်တဲ့သူနဲ့ အတူလုပ်ဖို့ ကြိုးစားပါ။

    အချိန်သတ်မှတ်ပါ

    အချိန်သတ်မှတ်ပြီးအလုပ်လုပ်ခြင်းအားဖြင့် သင့်အားသင့်အလုပ်မှာအာရုံစိုက်နေစေမှာပါ။ တကယ်လို့ သင့်စိတ်ဟာလျှောက်လွင့်နေခဲ့မယ်ဆိုရင် အချိန်သတ်မှတ်စက်ကသင့်စိတ်ကို ပြန်လည်ဖမ်းယူပြီးသင်လုပ်နေတဲ့အလုပ်ကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။

    အရာရာကိုစနစ်တကျ ပြုလုပ်ပါ။

    သပ်ရပ် သန့်ရှင်းနေတဲ့ အလုပ်လုပ်တဲ့နေရာဟာသင့်ကိုပိုအာရုံစူးစိုက်စေမှာပါ။ တကယ်လို့ သင်ဟာအရေးကြီးတဲ့ အလုပ်လုပ်နေတုံးဆိုရင်တော့ သင့်စားပွဲကိုရှင်းဖို့ မကြိုးစားပါနဲ့။

    အစီအစဉ် ဆွဲပါ

    သင်တစ်နေကုန်ဘာတွေလုပ်ဖို့လိုလဲဆိုတာကို ကြိုတင်တွေးတောထားပါ။ ဒီဂျစ်တယ်ပစ္စည်းများသုံး၍ အစီအစဉ်ဆွဲခြင်းဟာသင်ဘယ်အချိန်မှာ ဘာလုပ်သင့်သလဲဆိုတာတွေကိုသတိပေးချက်တွေ ထည့်ထားနိုင်တဲ့အတွက် ပိုအသုံးဝင်ပါတယ်။

    စိတ်လျှော့ပါ။

    သင့်အာရုံစူးစိုက်မှုဟာသင်စိတ်ဖိစီးနေရင် ပိုပိုဆိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် လိုအပ်ရင် ဘယ်လိုစိတ်အနားပေးအောင် လုပ်မလဲဆိုတာတွေ သိထားဖို့ အရေးကြီးပါတယ်။

    လုပ်စရာတွေကိုရေးမှတ်ပါ။

    အစည်းအဝေးတစ်ခုမှာလိုက်ရေးမှတ်ခြင်းဟာလည်းသူတို့ဘာတွေပြောနေလဲဆိုတာကိုအာရုံစိုက်မိစေပါတယ်။ တကယ်လို့ မေ့သွားရင်တောင် သင်မှတ်ထားတဲ့ စာစုတွေမှာ ပြန်ရှာရနိုင်ပါတယ်။

    ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ပါ။

    တည်ငြိမ်တဲ့ လုပ်ရိုးလုပ်စဉ်တွေ ရှိခြင်းဟာသင့်ရဲ့တစ်နေ့တာကိုကောင်းမွန်စွာ စတင်စေနိုင်ပါတယ်။ သင့်ရဲ့ အစီအစဉ်ရေးမှတ်ထားမှုတွေ၊ စာအုပ်တွေ၊ အိပ်တွေကိုတစ်နေရာတည်းမှာ ထားပေးခြင်းအားဖြင့် သင်လိုအပ်တဲ့အချိန်ထားအလွယ်တကူယူနိုင်မှာပါ။

    အာရုံစူးစိုက်မှုနဲ့ ပတ်သက်ရင် ဖြတ်လမ်းဆိုတာမရှိပါဘူး။ အကောင်းဆုံးကြိုးစားပြီးစိတ်ရှည်ရမှာပါ။ အထက်ဖေါ်ပြပါနည်းလမ်းတွေဟာသင့်ရဲ့အာရုံစူးစိုက်မှုကိုတဖြည်းဖြည်းနဲ့ ကောင်းလာစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement