သင်လည်း ထိုနည်းတူတွေးကြည့်ပါ။ သင့်မှာ အဆုတ်ကင်ဆာဖြစ်ပြီး အခြေအနေမကောင်းဘူးဆိုလျှင်တောင် ဘာမှထပ်မံဆုံးရှုံးစရာမရှိတော့သော သင့်အတွက် အသစ်အဆန်းတစ်ခုကို ဘာကြောင့် မကြိုးစားကြည့်ဘဲနေမှာလဲ။ သင့်ဘဝမှာ ဖြစ်ချင်သော အရာတွေကို တွေးကြည့်ပြီး စာရင်းပြုစုကြည့်ပါ။ သင်မိတ်ကပ်နဲ့ ပတ်သက်ပြီး အမြဲ စိတ်ဝင်စားခဲ့ပါသလား။ သင့်မျက်နှာကို ဘယ်လိုလှပအောင်ခြယ်သမလဲ လေ့လာပြီး မိတ်ကပ်ဂုရုကြီး ဖြစ်အောင် သင်ယူကြည့်ပါလား။ သင့်သူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး သောက်စားပျော်ပါးချင်ပါသလား။ သင့်စိတ်ကို အလိုလိုက်ဖို့ အချိန်ပေးလိုက်ပါ။ ဟင်းချက်နည်းသစ်တွေ စမ်းသပ်လိုပါသလား။ သင်လုပ်ချင်တာကိုသာ လိုက်လုပ်ကြည့်လိုက်ပါ။
ဒီနေရာမှာ အဓိက သော့ချက်က သင်ဘာလုပ်ချင်လဲ၊ ထိုအရာကို ပြုလုပ်ဖို့ သင့်အချိန်အများစုကို ဘယ်လိုအသုံးချမလဲဆိုတာကို သင်စဉ်းစားနေဖို့ဖြစ်ပါတယ်။ သင့်စိတ်ကို ပျော်ရွှင်သော အတွေးများနဲ့ ပြည့်နှက်နေပါစေ။ သို့မှသာ သင့် ဦးနှောက်ရော ခန္ဓါကိုယ်ကပါ လန်းဆန်းတက်ကြွလာမှာ ဖြစ်ပါတယ်။ သင့်ကို ပျော်ရွှင်စေသော အရာများကို တွေးခြင်းသည် စိတ်ခံစားမှုကောင်းစေသည့် ဟော်မုန်းတစ်မျိုး ဖြစ်သည့် endorphin ဟော်မုန်းထွက်အောင် သင့်ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။ ရလာဒ်အနေနဲ့ သင်သည် အကောင်းမြင်အတွေး၊ စိတ်ထားတွေ ရရှိလာမှာဖြစ်ပါတယ်။
ရယ်မောပျော်ရွှင်ခြင်းသည် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်တယ်လို့ အများက ပြောကြပါတယ်။ ၎င်းသည် မှန်ပါတယ်။ အကောင်းမြင်ခြင်းသည် သင့်အဆုတ်ကင်ဆာကုသမှုကို ချဉ်းကပ်ပုံကို ပြောင်းလဲစေပြီး ကုသမှုအတွက် အကောင်းဆုံးတွေကို ယူဆောင်ပေးပါတယ်။ သို့သော် သင့်ကိုယ်သင် အလွန်အမင်း စိတ်လှုပ်ရှားအောင်၊ ပင်ပန်းအောင်လုပ်ခြင်းမျိုးကိုတော့ ရှောင်ပါ။ သင်သည် ရောဂါ လက္ခဏာများ နဲ့ နောက်ဆက်တွဲဆိုးကျိုးများကို သတိထားမိဖို့ သင်ယူလေ့လာသင့်ပြီး အကယ်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။