backup og meta

ဘဝ ကို အဓိပ္ပာယ် ရှိရှိ ရှင်သန်ကြမယ်


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘဝ ကို အဓိပ္ပာယ် ရှိရှိ ရှင်သန်ကြမယ်

    ဘဝ ရဲ့ အဓိပ္ပာယ်ဆိုတာ ဘာလဲ။ မေးခွန်းက တိုပေမယ့် အဖြေ အတိအကျ ထွက်ဖို့ မလွယ်ပါဘူး။

    ကိုယ့်အတွက် အရေးပါတဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့အတွက်တော့ ဒီထက်ပိုပြီး နက်နက်တူးဆွပြီး ပိုတိကျ၊ အသေးစိတ်တဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးဖို့လိုပါတယ်။

    ကိုယ့်အတွက် ဘာအရေးကြီးလဲ၊ ကိုယ် တကယ် ကျွမ်းကျင်တဲ့ အရာက ဘာလဲ၊ ကိုယ့်ရဲ့ ဖြစ်နိုင်ခြေ အလားအလာက ဘာလဲ အရင်ဆုံး တွေးပါ။

    ဘဝ ကို အဓိပ္ပာယ် ရှိရှိ ဘယ်လို နေထိုင်ကြမလဲ

    အာရုံစူးစိုက်မှု ရှိပါ

    ရည်မှန်းချက် ပန်းတိုင် သုံး၊ လေးခုကို လိုက်စားနေပြီး တိုးတက်မှုက အရမ်းနည်းနေတာ ထက် တစ်ခုတည်းမှာ အားစိုက်ကြိုးစားပါ။ အာရုံစူးစိုက်ပါ။ လုပ်စရာတာဝန် တွေ အများကြီးကို ခုန်ကူးဖို့ ကြိုးစားရင်း ရလာမယ့် စိတ်ဖိစီးမှုတွေကို ရှောင်လွှဲနိုင်ရုံတင် မကဘဲ အရင်ကထက် အများကြီး အောင်မြင်မှု ပိုရလာပါလိမ့်မယ်။

    ကိုယ် အရမ်း စိတ်ဝင်စားတဲ့ တစ်စုံတစ်ခု နဲ့ ပတ်သက်တဲ့ သင့်ရဲ့ ရည်မှန်းချက်ကို ချိန်ညှိဖို့ ကြိုးစားပါ။ ဒါမှသာ အလုပ်ကြိုးစားပြီး ကောင်းကောင်းလုပ်နိုင်ဖို့ ပင်ကိုဗီဇ တွန်းအားတစ်ခု ရှိလာပါလိမ့်မယ်။

    ကိုယ့်ဘက်က ပြန်လည်မျှဝေ ပေးနိုင်မယ့် နည်းလမ်းကိုရှာပါ

    ကမ္ဘာလောကကို တစ်ခုခု ပြန်ပေးဆပ်နေရင်းနဲ့လည်း ကိုယ့်ရဲ့ ယုံကြည်ချက်တွေနဲ့ ဝါသနာပါတာတွေ ကို လုပ်နေလို့ရပါတယ်။ တစ်စုံတစ်ခုကို ပြန်လည်မျှဝေပေးရင်း နဲ့ ဒီလုပ်ရပ်မှာ ရည်ရွယ်ချက် အဓိပ္ပာယ်ကို မဖြစ်မနေ တွေ့ရှိလာပါလိမ့်မယ်။ ဒီလိုလုပ်ရပ်တွေ ကို ပိုမိုမွေးမြူရင်း နဲ့ သင့်ရဲ့ဘဝမှာ အဓိပ္ပာယ် ပိုရှိလာတာ တွေ့ရပြီး အဲဒီနောက်ကွယ်က ရည်ရွယ်ချက်ကို မြင်လာရမှာ ဖြစ်ပါတယ်။

    ကိုယ့်ကိုယ်ကို သိအောင်လုပ်ပါ

    ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်လုပ်ရပ်တွေကို သိရှိအောင် လုပ်ပါ။ သင်မကြာခဏ ဘာတွေလုပ်တတ်လဲ ဆိုတာ အမြဲသတိထားပြီး သင့်ရဲ့စည်းမျဉ်း၊ သင့်ဘဝ ရဲ့ ရည်မှန်းချက်၊နဲ့ သင်စိတ်ဝင်စား ရူးသွပ်တဲ့အရာ တို့ နဲ့ တွက်ညှိပြီး ဒါတွေနဲ့ အညီ သင်နေထိုင်နေခြင်း ရှိမရှိ သေချာအောင် လုပ်ပါ။

    သင့်လုပ်ရပ်တိုင်းကို နေ့တိုင်း ပြန်လည်သုံးသပ်ပြီး ကိုယ့်သွားမယ့် လမ်းကြောင်းကနေ သွေဖီသွားတဲ့ လုပ်ရပ် တွေကို စာရင်းကောက်ပါ။ အနာဂတ်မှာ ဖြစ်လာမယ့် ဖြစ်ရပ်တိုင်းမှာ မှန်ကန်စေဖို့ ရည်ရွယ်လုပ်ပါ။

    အရာဝတ္ထုပစ္စည်း တွေထက် လူတွေကို ပိုအလေးထားပါ

    ကိုယ့်အတွက် ငွေသုံးမယ်၊ ပစ္စည်းတွေ ဝယ်မယ် ဆိုတဲ့အခါတိုင်း သေချာစဉ်းစားပြီးမှ ဝယ်ပါ။ ကိုယ်ဘာကို ဝယ်လိုက်တယ် ဆိုတာကို သေချာစဉ်းစား ဆုံးဖြတ်သင့်သလို သူငယ်ချင်းမိတ်ဆွေတွေ နဲ့ မိသားစုတွေ နဲ့အတူ ငွေသုံးလိုက်ရတဲ့ အတွေ့အကြုံမျိုးတွေ အကြောင်းကို ပိုစဉ်းစားပါ။

    ဒီအဆင့်က သင့်ကို ဘဝအဓိပ္ပာယ် အကြောင်း ပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်စေမှာ ဖြစ်ပါတယ်။ ဥစ္စာပစ္စည်းကြွယ်ဝမှုထက် သံယောဇဉ်ကို ပို အလေးအနက် ထားခြင်း ကြောင့် နောက်ဆုံးမှာ သင်ဟာ အပျော်ရွှင်ရဆုံးသူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement