မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
လူတွေတော်တော်များများက စွဲလမ်းခြင်းကို လူတစ်ယောက်ကို အမှန်တကယ်စိတ်ဝင်စားမိသွားတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်မျိုးဖြစ်တယ်လို့ အဓိပ္ပါယ်ဖွဲ့ထားတတ်ကြပါတယ်။ လုံးဝမှားတာမျိုးတော့မဟုတ်ဘူးပေါ့။ ချစ်ခြင်းမေတ္တာတရားရဲ့ အနောက်မှာ စွဲလမ်းမှုဆိုတဲ့ စိတ်က အလိုလိုကပ်ပါလာတတ်ပါတယ်။ ဒီလိုစွဲလမ်းမှုက သိပ်ကိုများလွန်းသွားပြီဆိုရင် လူတစ်ယောက်ကို ချစ်တယ်ဆိုတာထက် ကိုယ့်အသိစိတ်ထဲမှာ သူ့အကြောင်းတွေက အချိန်ပြည့်လွှမ်းမိုးသွားတော့တာပေါ့။ အဲ့တော့ ဘာဆက်ဖြစ်မလဲ။ ချစ်ခြင်းမေတ္တာကြောင့် ရတဲ့ ပျော်ရွှင်မှုမဟုတ်ဘဲ စွဲလမ်းစိတ်ကြောင့် ရင်ထဲမှာ သောကမီးတွေပဲ ကျန်ရစ်နေတော့တာပေါ့။
ဒီစွဲလမ်းစိတ်ကို စိတ်ကျန်းမာရေးအရ Obsessive Love Disorder – OLD ရောဂါလို့ ခေါ်ပါတယ်။ စွဲလမ်းစိတ်ကြောင့် အခြေခံလာတဲ့ ရောဂါ Obsessive Compulsive Disorder – OCD ရဲ့ ရောဂါပုံစံတစ်မျိုးပါ။ ငယ်ငယ်လေးတုန်းက ကျန်ရစ်ခဲ့တဲ့ အထီးကျန်စိတ်ေတွ၊ သိမ်ငယ်စိတ်တွေ၊ လူတွေနဲ့ သဟဇာတမဖြစ်တဲ့ နေပုံထိုင်ပုံတွေ၊ လူမှုရေးကြောက်ရွံ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းသူတွေ၊ စိတ်ဝေဒနာ၊ စိတ်ဒဏ်ရာရှိတဲ့သူတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။
ဘာပဲလုပ်လုပ်၊ ဘယ်ပဲသွားသွား ကိုယ်က အဲ့လူတစ်ယောက်ကိုပဲ စွဲလမ်းနေတယ်၊ သူဘာလုပ်နေမလဲ၊ ဒီအချိန်ဆို ဘယ်သူနဲ့ရှိနေမလဲ၊ အစရှိသဖြင့် သူ့အကြောင်းတွေကိုပဲ အချိန်ပြည့်တွေးနေတယ်၊ အဲ့တော့ ဘာဆက်ဖြစ်သလဲဆိုတော့ စိတ်က ပူလောင်တယ်၊ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာလည်း ထိခိုက်လာတယ်၊ ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း လျစ်လျူရှုမိသလို ဖြစ်သွားတယ်၊ ကိုယ်တိုင်ကလည်း ဝေဒနာအပူမီးကို ပျော်ရွှင်မှုလို့မှတ်ယူပြီး ဒီထဲမှာပဲ ဆက်နေ၊ ဆက်တွေးရင်းနဲ့ ပူလောင်တဲ့ ခံစားချက်က ပိုဆိုးလာတော့တာပါပဲ။
ဒီတော့ စွဲလမ်းမှုဆိုတာ လူတွေထင်ထားသလို သိပ်ပြီးကောင်းနေတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အကောင်းဆိုတာ ရှိရင် အဆိုးဆိုတာ ရှိတယ်၊ အလင်းရှိရင် အမှောင်ရှိတယ်၊ အဲ့လိုပါပဲ ချစ်ခြင်းမေတ္တာဆိုတဲ့ ခံစားချက်နောက်မှာ သူ့ရဲ့ဆန့်ကျင်ဘက် စွဲလမ်းစိတ်က ရှိနေတတ်ပါတယ်။ ဒီစိတ်ကိုသာ ကိုယ်က မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ အချစ်ရေးတင်မက အလုပ်ခွင်၊ လူမှုရေးမှာပါ ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီတော့ စွဲလမ်းစိတ်ကို ကိုယ်တိုင်ထိန်းချုပ်လို့ရမယ့်နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။
စွဲလမ်းစိတ်ဆိုတာ လူ့စိတ်က သတ်မှတ်လိုက်တဲ့အရာပါ။ လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားတဲ့အခါ စွဲလမ်းမှုဖြစ်လာတာ သဘာဝဆိုပေမယ့် လိုတာထက် ပိုသွားရင်တော့ နောက်ဆက်တွဲစိတ်ကျန်းမာရေးပြဿနာတွေ ဝင်လာနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါကြောင့် လူတစ်ယောက်ကို ချစ်ပါ။ စွဲစွဲလမ်းလမ်း ရူးသွပ်မိသွားလောက်တဲ့အထိတော့ ကိုယ့်စိတ်ကို မီးလောင်တိုက် မသွင်းပါနဲ့။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။